အန္တိမမျက်ရည်တို့ဖြင့် ဦးခိုက်ပူဇော်ခြင်း
၁၂.၆.၂ဝ၁၃ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓသာသနာတော်အတွက် အစားထိုး၍မရသော ဆုံးရှုံးမှုတစ်ရပ်အား ကြုံတွေ့ခံစားခဲ့ရသော နေ့ရက်တစ်နေ့ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုရသော် ရန်ကုန် မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၈) ရပ်ကွက်၊ စိန္တကျော်သူ ဦသြလမ်းရှိ ရန်ကုန်သုဝဏ္ဏဘူမိ ခေမာရာမနှင့် သထုံခေမာရာမ သီလရှင်စာသင်တိုက်တို့၏ ပဓာနနာယက ဆရာကြီး ဒေါ်ကုသလစာရီ (သာသန ဇောတိပါလ ဓမ္မာစရိယ၊ သာသနဟိကာရီ ဓမ္မာစရိယ(အာဒိကမ္မိက)၊ သဒ္ဓမ္မဟိတ ဓမ္မာစရိယ၊ သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတနှင့် မြောက်ဒဂုံမြို့နယ်၏ သီလရှင်ဥက္ကဌ ဖြစ်တော်မူသော သက် တော် (၆၈) သိက္ခာတော် (၅ဝ) ဝါရှိ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီသည် ၁ဝ.၆.၂ဝ၁၃ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူပြီး ၁၂.၆.၂ဝ၁၃ ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ်ဖြင့် စံကျောင်းတော်မှ ရေဝေးသုဿန်သို့ ပင့် ဆောင်၍ အန္တိမအဂ္ဂိဈာပန ပူဇော်ကျင်းပမည်ဖြစ်ပါသည်။ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီသည် ၁ဝ. ၆.၂ဝ၁၃ ရက်နေ့ ည (၉းဝဝ) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလပ်အားစံ ကျောင်း တော်တွင် အပူဇော်ခံထားရှိနိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လေအေးစနစ်သုံး (Cool Box) ဖြင့် သွားရောက်၍ ပြင်ဆင်ကုသိုလ်ပြုခဲ့ကြသည်။ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီ ဗုဒ္ဓသသနာတော်ကြီး အတွက် ကြီးစွာသောဆုံးရှံးမှုကြီးဖြစ်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် များစွာနစ်နာဆုံးရှံးမှု တစ်ရပ်ဖြစ်သည်ဟု ခံယူမိသည်။
ဆရာကြီး ဒေါ်ကုသလစာရီသည် “သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်ကြီး”အား တည်ထောင် ဖွင့် လှစ်နိုင်ခဲ့ပြီး သီလရှင် (၅ဝ) ကျော်တို့နှင့်အတူ သီတင်းသုံးနေထိုင်၍ မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ တန်းနှင့် သီလရှင်အကျော်၊ စာဝါများ သင်ယူပို့ချခဲ့သော သီလရှင်ဆရာကြီးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အနန္တဂုဏ်အင် မြတ်ကျေးဇူးရှင် ထေရ်ဆရာကြီးဖြစ်သည်။ ၂ဝ၁၂ ခုနှစ် မဟာသင်္ကြန်ရက် အတွင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်အမျိုးကောင်းသမီးငယ်တို့ လူမှုရေးလုပ်ငန်းများ အားပေးဆပ်ရင်း တဖက်မှလည်း မဟာသင်္ကြန်ရက်များအတွင်း မြင့်မြတ်သော သာသနအနွယ်ဝင် သီလ ရှင်ဘဝအား မြတ်နိုးစွာခံယူကြရာ၌ ဆရာကြီး၏ကျောင်းတွင် သီလရှင်အဖြစ် ချီးမြှောက် သွတ်သွင်းပေးခဲ့ သော သာသန မိခင်ကြီးလည်းဖြစ်သည်။ ထိုကဲ့သို့ သာသနာအနွယ်ဝင် သီလရှင်ဘဝသို့ ချီးမြှောက်ပေးရုံ မျှမက တသက်တာထာဝရ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်တက်ကြစေရန် ပဲ့ပြင်သွန် သင်ဆုံးမလမ်းပြ ပေးခဲ့သော သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်၏ ပဓာနနယက ဆရာကြီး၏ ကြီးမားသော မေတ္တာတရား နှင့် ဂုဏ်တော်ကျေးဇူးတော်တို့အား အောက်မေ့လျှက် ဆရာကြီးဘုရား၏ ဆွေတော်မျိုးတော် တပည့်သား သမီးများတို့ ပူဆွေးဝမ်းနည်းရသလို တပည့်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဆရာကြီး ၏ နောက်ဆုံးအန္တမအဂ္ဂိဈာပနအား နှမြောတသသယူကြုံးမရ တမ်းတကာ အန္တိမမျက်ရည်တို့ဖြင့် ဦးခိုက် လိုက်ရပါသည် ဘုရား……။