Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာဘက်ခြမ်းဓါတ်ငွေ့ပိုက်လိုင်းပြီးစီးနေသော်လည်း တရုတ်ဘက်တွင် မပြီးသေး

$
0
0
(Energy Tribune မှ 13 June 2013 ရက်စွဲပါ “Burma gas pipeline complete but cites China delays” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်သို့ ဆက်သွယ်သော ဓါတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင်လတွင် ဓါတ်ငွေ့လွှတ်ရန် အဆင်သင့်ဖြစ်နေသော်လည်း တရုတ်ဖက်တွင် ပိုက်လိုင်းတည်ဆောင်မှု နှောင့်နှေးနေခြင်းကြောင့် နောက်ထပ် ၃ လခန့် လည်ပတ်နိုင် ဦးမည်မဟုတ်ကြောင်း မြန်မာစွမ်းအင်ဝန်ကြီးကပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာမှ တရုတ်နိုင်ငံနယ်စပ်သို့ ကီလိုမီတာ ၈၇၀ သွယ်တန်းထားသော ဒေါ်လာဘီလျံများစွာ ကုန်ကျသည့် ပိုက်လိုင်းသည် စွမ်းအင်လိုအပ်နေသော တရုတ်အနောက်တောင်ပိုင်းဒေသများကို ရေနံနှင့်ဓါတ်ငွေ့ ဖြည့်ဆည်းပေးမည်ဖြစ် သည့်အပြင် မြန်မာပြုပြင်ပြောင်းလဲရေးအစိုးရအတွက် များစွာလိုအပ်နေသော ဘဏ္ဍာငွေကိုလည်း ရှာဖွေပေးပါလိမ့်မည်။

“မြန်မာဖက်ခြမ်းက ပိုက်လိုင်းက ရာနှုန်းပြည့်ပြီးစီးနေပါပြီ။ ဒါပေမဲ့တရုတ်ဖက်ခြမ်းက ကီလိုမီတာ ၁၆၀၀ ကျော်တဲ့ အတွက် အချိန်မှီမပြီးသတ်နိုင်သေးဘူး” နေပြည်တော် တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သော စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပိုက်လိုင်းစတင်လည်ပတ်ရန် နှစ်လ၊ သုံးလခန့် ကြာဦးမည်ဟု ခန့်မှန်းထားသည်။

ပိုက်လိုင်းကြန့်ကြာနေသော်လည်း ဇူလိုင်လတွင် စတင်ထွက်ရှိလာတော့မည့် ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့များကို တရုတ်ဖက်ခြမ်းတည်ဆောင်မှုမပြီးခင် အချိန်ထိပြည်တွင်း၌ သုံးစွဲသွားမည်ဟု စွမ်းအင်ဝန်ကြီးက ဆိုသည်။

ဒေါ်လာ ၂.၃ ဘီလီယံ ကုန်ကျ၍ ကီလိုမီတာ ၇၇၀ ခန့်ရှည်သော ရေနံ၊ ဓါတ်ငွေ့ အမြွာပိုက်လိုင်းသည် စက်တင်ဘာလတွင် လုံးဝပြီးစီးလိမ့်မည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရခိုင်ကမ်းရိုးတန်း ရွှေဓါတ်ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့များ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရောက်လာမည့် ရေနံစိမ်းများကို ပို့ဆောင်မည့်အဆိုပါ ပိုက်လိုင်းများကို တရုတ်နိုင်ငံပိုင် Chian National Petroleum Corp (CNPC) ရေနံကုမ္ပဏီက ပိုင်ဆိုင် ပါသည်။

CNPC ကုမ္ပဏီက ဓါတ်ငွေ့ပိုက်လိုင်းပြီးစီးနေပြီဖြစ်ပြီး၊ ရေနံစိမ်းပိုက်လိုင်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ယခင်အပတ်တွင် ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာအနောက်ဖက်ကမ်း ရိုးတန်းကျွန်းပေါ်တွင် ရေနံစိမ်းသိုလှောင်ကန် ၆ ခု ပြီးစီးနေပြီဖြစ်ကာ၊ မကြာမှီ နောက်ထပ်သိုလှောင်ကန် ၆ ခုပြီးစီးလိမ့်မည်ဟု အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ မြန်မာဖက်မှ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ CNPC ကုမ္ပဏီက နောက်ထပ်မှတ် ချက်ပေးခြင်း မရှိသေးပါ။

လူအများစိတ်ဝင်စားနေကြသော တရုတ် - မြန်မာဓါတ်ငွေ့ပိုက်လိုင်းသည် စီမံကိန်းအပြီးသတ်ချိန်တွင် လုံခြုံရေး ဆိုင်ရာ ပြဿနာအချို့ထွက်ပေါ်လာခဲ့သော်လည်း ပိုက်လိုင်းစတင်လည်ပတ်မှုကို ထိခိုက်စေခြင်းမရှိဟု နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

မွတ်စလင်-ဗမာအဓိကရုန်းများ လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံသည် တရုတ်လွှမ်းမိုးမှုကိုလည်း လိုလားခြင်း မရှိသည့်အလျှောက်၊ ယခင်ကတပ်မတော် အစိုးရအားကိုးဖြင့် ခြေလှမ်းကျဲလွန်းခဲ့သော တရုတ်တို့သည် ယခုအခါ မြန်မာပြည်သူ တို့ကို စည်းရုံးရန်အတွက် ဗုဒ္ဓစွယ်တော်ပွားများ လှူဒါန်းခြင်း၊ CNPC စပွန်ဆာပေးသော တီဗီဒရာမာစီးရီးထုတ်လွှင့်ရန် ကြိုးစားခြင်းတို့ဖြင့် ချည်းကပ်ပုံနည်းဗျူဟာပြောင်းလဲ လျှက်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးပြောဆိုထားသည်။

အဆိုပါပိုက်လိုင်းစီမံကိန်းကို ယခင်တပ်မတော်အစိုးရလက်ထက်က များစွာလိုအပ်နေ သော နိုင်ငံခြားငွေ ရရှိရန်အတွက် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း ၂၀၁၁ မတ်လတွင် အာဏာရှင်အကြီးအကဲက နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ ပြုလုပ်ရန်အတွက် အရပ်ဖက်အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးခဲ့ရာ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ထွက်ပေါ်လာကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက် မြင့်မားလာခဲ့သည်။

မြန်မာနိုင်ငံသည် အသစ်ထပ်မံတွေ့ရှိသည့် စွမ်းအင်ရင်းမြစ်များ ကိုယခင်ကဲ့သို့ တရုတ်နှင့်ထိုင်းနိုင်ငံသို့ အကုန်ရောင်းချတော့မည့်မဟုတ်ဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်သုံးစွဲသွားမည်ဖြစ်ပြီး ပိုလျှံမှသာလျှင် ပြည်ပသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် လျှပ်စစ်ဓါတ်အားသည် လွန်စွာ အရေးကြီးကြောင်း၊ ရေအားလျှပ်စစ်ထုတ်ယူမှုမှာမူ ရာသီဥတုအပြောင်းအလဲများကြောင့် မရေရာကြောင်း၊ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားထုတ်လုပ်မှုကို လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဦးသန်းဌေးက ဆက်လက်ရှင်း လင်း ပြောဆိုသွားခဲ့သည်။
Photo..irrawaddy
Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>