ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ သဘောထားဆန္ဒမပါဘဲ သံဃာအချို့က ရေးဆွဲထားတဲ့ မျိုးစောင့်ဥပဒေကြမ်း ဟာ နိုင်ငံတော်ဘာသာတစ်ခုထူထောင်လာနိုင်သလို ပဒေသရာဇ်ခေတ်ကို ပြန်လည်ဦးတည်နေတယ်လို့ ရွှေဝါရောင်ကွန်ရက် ဦးဆောင်ဆရာတော်က ဇွန်လ ၁၄ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။