ယနေ့ မနက်က မိချောင်းကန် အပိုင်း (၁ ၂ ) ရပ်ကွက်နေ ပြည်သူလူထု နှစ်ပေါင်း ၂၀ ခန့် နေထိုင်လာခဲ့သည့် မြေကွက်စိုက်ခင်းများမှ တပ်အင်အားသုံးပြီး အတင်း ဖယ်ရှားမောင်းထုတ် မှုကြောင့် ဒုက္ခရောက်နေသော ပြည်သူ ငါးရာ ခန့်ကို ယနေ့ မနက်က သွားရောက် အားပေး စကားများ ပြောကြားခဲ့သည်။
ဖြစ်သလို အမိုးအကာများဖြင့် လမ်းဘေးတွင် နေစရာမဲ့နေသော ပြည်သူလူထု ကို ကြည့်ပြီး ယနေ့ခေတ် အုပ်ချုပ်ရေး စနစ် အသွင်ပြောင်းလဲရန် လိုအပ်နေသေးသည့် အခြေအနေများကို သုံးသပ်မိပါသည်။
လူထုကိုသာ လက်နက် အင်အား အသုံးပြုပြီး အတင်း ဖယ်ရှား အနိုင်ကျင့်ကြသည်။
ယခုလို အသံဖိုင်နှင့် တကွ ဖြစ်စဉ်များ အတိအကျ တင်ပြတောင်းဆိုသော်လည်း ယခုထိတိုင် ကွင်းဆင်းစစ်မေး အရေးယူခြင်း ပြည်သူ့ ၀န်ထမ်းတိုက ပဋိဥာဉ်များ ချိုးဖေါက်ကာ ကိုယ်ကျိုးစီးပွားရှာစားမှု အကျင့် စရိုက်စွဲမြဲနေသော ၀န်ထမ်းဆိုများအား ဖေါ်ထုတ် အရေးယူခြင်း မပြူသေးသည့် အစိုးရအဖွဲ့သစ်၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု အခြေအနေ အားနည်းနေမှုကို လွန်စွာ ၀မ်းနည်း တသ ဖြစ်ရပါသည်။
သင်္ဃန်းကျွှန်း မိချောင်းကန် အပိုင်း ၁ ဝေဇယန္တာ လမးထောင့် မှ နှင်မောင်းထုတ်ခံ အိုးအိမ်မဲ့ ပြည်သူလူထုကို သွားရောက်အားပေးစကား ပြောကြား
http://www.youtube.com/watch?v=bqGykc3V6hM&list=UU8yFNrrKBoGlCmE64mLGBVw
ကျနော်တို့ လယ်သမားခေါင်းဆောင်များနှင့် မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ညီအကိုများ ကားများ ဆိုင်ကယ်များဖြင့် ပုသိမ်သို့ ခရီးသွားစဉ် ဇွန်လ ၅ ရက်နေ့ နေ့လည်က ပန်းတနော်မြို့နယ် အင်းမ တံတား ထိပ်တွင် အင်းမ ရွာသား မဟုတ်သော လူစိမ်းများစွာ က တုတ်ဒါး လက်နက်များဖြင့် စောင့်ဆိုင်းနေကြသည်။ အရက်သေစာ မူးယစ်နေသူက အများစုဖြစ်သည်။ ထို အချင်းအရာများကို မြင်တွေ့ နေရသူ မိမိတို့က ဇွတ်တိုးခြင်း မပြုလုပ်ပဲ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူ ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူး ၀င်းမြင့်ထူး ထံ တယ်လီဖုန်းဖြင့် ချက်ချင်းဆက်သွယ် သတင်းပို့သည်။
၁၉(င) ဥပဒေကို ချိုးဖေါက်ကာ လက်နက် ဖြစ်သော ဒါးများကိုင်ဆောင်ထားသည့် လူအုပ်များ၊ တစုံတဦးက ခိုင်းစေသည့် အသွင်သဏ္ဍာန်ဆောင်သည့်  အကြမ်းဖက် တိုက်ခိုက် ရန်မူလိုသူ များ အန္တရာယ်မှ တုတ်ဒါးလက်နက် အပ်တိုတချောင်းမှ မပါရှိသော သာမန်ခရီးသွားပြည်သူ မိမိတို့အား ကာကွယ်ပေးပါရန် ဖုန်းဆက် သတင်းပို့သည်။ ရဲမှူးဝင်းမြင့်ထူးကနိုင်ငံ့ဝန် ထမ်း ပီသ စွာပင် ဖြေကြားသည်။ ရိုက်ရင်လည်း ခံလိုက်ပေါ့ ကွာ။ မင်းတို့လို သူခိုဂျပိုးတွေကို ကာကွယ်ပေးဖို့ မရှိဘူး ဟု ဆိုလေသည်။
ဥပဒေကို ချိုးဖေါက်ကာ ဒုတ်ဒါး လက်နက် ကိုင်ဆောင်သူကို ဖေါ်ထုတ်စုံစမ်း အရေးယူရမည့် အစား လူကိုပြန်ဟစ်နေသော ဥပဒေ ဘက်တော်သား များဖြင့် အနာဂတ် နိုင်ငံတော်သစ်ကို ဘယ်လိုများ ပြုပြင်ပြောင်းလဲ တည်ဆောက်နိုင်ပါမည်နည်းဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ တာဝန်ရှိသူ ခေါင်းဆောင်များကို ယခု သက်သေ အသံဖိုင်ဖြင့် နင်းပြား ပြည်သူများကိုယ်စား မေးခွန်းထုတ်လိုပါကြောင်း .....
နေမျိုးဇင်