Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲ

$
0
0
မြန်မာနိုင်ငံ၏ အစိုးရသစ် သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် လာမည့် ၂၀၁၅ ခုနှစ်အတွက် သမ္မတ လုပ်လိုသည်ဟု ပြောဆိုလာသူ သုံးဦးအကြောင်း ပြည်သူများအကြား ရေပန်းစားနေသည်။
သမ္မတ ဖြစ်လိုသူ သုံးဦးမှာ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပင် ဖြစ်သည်။

“နိုင်ငံရေးသမားဆိုတာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။ လူထုခေါင်းဆောင်ဆိုတာ နောင်လာမယ့် မျိုးဆက်သစ်တွေ စဉ်းစားမယ်”ဆိုသော စကားမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ သမိုင်းဝင်စကား ဖြစ်သည်။

“အမှန်တော့ နိုင်ငံရေးသမား တစ်ယောက်က နိုင်ငံရေးအာဏာ ရယူလိုတာ သဘာဝကျတယ်။ နိုင်ငံရေးမှာ အာဏာရှိမှ မိမိယုံကြည်ရာ မူဝါဒများဖြင့် တိုင်းပြည် ကောင်းကျိုးအတွက် အကောင်းဆုံး လုပ်နိုင်မယ်၊ သမ္မတအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြတာ တိုင်းပြည်ကို အကောင်းဆုံး အလုပ်အကျွေး ပြုလိုတယ်လို့ ပြောတာနဲ့အတူတူပဲ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုသည်။

“ပြည်သူက တာဝန်ပေးမယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူပါမယ်” ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလက နိုင်ငံတော်သမ္မတက အမေရိကန် ခရီးစဉ်တွင် စတင်ပြောဆို ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်၌ ၂၀၁၅ ခုနှစ်တွင် သမ္မတ လုပ်လိုသည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း၌လည်း မကြာခဏ ယင်းစကားကို ဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း အမေရိကန် ရောက်ရှိစဉ် သမ္မတ လုပ်လိုသည်ဟု ဆိုပြန်သည်။ ထိုသုံးဦးစလုံးသည် ကမ္ဘာ့ ဆူပါပါဝါ အမေရိကန်သို့ ရောက်ရှိစဉ်တွင် နိုင်ငံတကာ အလယ်တွင် သမ္မတ လုပ်လိုသည်ဟု တူညီစွာ ပြောဆိုခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံတော်သမ္မတ ဖြစ်ရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး ဖြစ်နေသည့် အချက်များကို ဦးစွာပြင်ရမည် ဖြစ်ပြီး အဆိုပါ အချက်များကို ပြင်ဆင်ပြီးမှသာလျှင် အခြေခံဥပဒေ၏ အဓိက ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခြေခံဥပဒေ ပုဒ်မ ၅၉ မှာပါတဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) မှာ တစ်စုံတစ်ယောက် အတွက် ကန့်ထားတဲ့ အချက်မျိုးကို ပြန်စဉ်းစားဖို့ လိုတယ်” ဟုလည်း ဆရာကျော်ဝင်း အကြံပြု ပြောကြားသည်။

လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်သမ္မတ ဖြစ်ရန်အတွက် အရွေးခံလျှင် အခြေခံဥပဒေတွင် ကန့်သတ်ထားချက် များအရ လွှတ်တော် အမတ်များ၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရသည့်တိုင် တပ်မတော်သား တစ်ဦး၏ ထောက်ခံမှုကို လိုအပ်နေဦးမည် ဖြစ်သည်။

အရပ်သားအစိုးရ လက်ထက်တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟု ထင်ကြေး ပေးခံရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉ ဖြင့် ငြိစွန်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်းကို ပြောင်းလဲ အဆိုပြုခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာလည်း နိုင်ငံသား မဟုတ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ သဘောတူညီမှု ရရှိရန်မှာ ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

“သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု လွှတ်တော်ပြင်ပတွင် ပြောဆိုနေခြင်းကို အမှန်တကယ် လွှတ်တော်အတွင်း ပြင်ဆင်နိုင်မည်လောဟု မေးခွန်ထုတ်စရာ ဖြစ် နေသည်။

ပြည်တော်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံးမှာ ၆၆၄ ဦး ရှိသည့်အနက် တိုင်းရင်းသားပါတီ အားလုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့သော အတိုက်ခံ ပါတီများ၏ ကိုယ်စားလှယ် ၁၀၁ ဦးသာရှိကာ ကျန်သည့် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့မှ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိနေသည်မှာ တစ်နှစ် သက်တမ်းရှိချိန်ထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။ ဝင်ရောက် ဆွေးနွေးမှုသာ ရှိခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရသည့် အတွက် အခြေခံဥပဒေ ပြင်ဆင်ရာ အချက်များကို ပြင်ဆင် ရန်တွက် ရိုးသားစွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့်ပေးကာ တရားမျှတဖို့ လုပ်ဆောင်သင့်သည် ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မှတ်ချက် ပေးကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သမ္မတဖြစ်ရန် အချက်တစ်ချက်တည်းဖြင့် ဖွဲ့စည်းပုံ အခြေဥပဒေကို ပြင်ခြင်းထက် ပြင်သင့်သည့် အချက်များကို ပြင်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ ရပိုင်ခွင့်နှင့် ပြည်သူလူထု ယုံကြည် အားကိုးရသော အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် နိုင်ငံ၏ကျောရိုး ဖြစ်ကြောင်း ပြောကြားသည်။
“သမ္မတ ဖြစ်ချင်တာကိုတော့ အပြစ် မပြောလိုဘူး” ဟုလည်း ၎င်းကဆိုသည်။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ နှစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လက်ခံလာသော မြန်မာနိုင်ငံရေး ခေါင်းဆောင်သုံးဦး ဖြစ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် တာဝန်ယူလိုသည်ဟု ထုတ်ဖော် ပြောကြားလာခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ပိုမိုမြိုင်ဆိုင် သွက်လက်၊ ရင့်ကျက် လာလိမ့်မည်ဟု စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပေးသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုထားသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအတွက် အနိုင်ရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ထောက်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်ရာများ ရှိလာနိုင်သလောဟု ငြင်းချက်များလည်း ရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်သည် နိုင်ငံတကာ အလယ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ မှတ်တိုင်အဖြစ် အသိအမှတ် ပြုထားသည့်အပြင် မြန်မာလူထု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးမသတ်နိုင်သည့် အချက်ကလည်း ရှိနေဆဲ ဖြစ်သည်။

လူထုခေါင်းဆောင်အဖြစ် နှစ်ရှည် ရပ်တည်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမှာ သံသယ မရှိနိုင်သော်လည်း လူ့အခွင့်အရေး ရှုထောင့်မှ ပွင့်ပွင့်လင်းလင်း ပြောတတ်မှု၊ လူကြိုက် မများသော ဆုံးဖြတ်ချက် အချို့ကြောင့် လူအချို့၏ ဝေဖန်ခံခဲ့ရ ဖူးသည်။

ရန်ကုန်မြို့တော် ၃၁ လမ်းထိပ်တွင် ကွမ်းယာရောင်းသူ ၅၆ နှစ်အရွယ်ရှိ ဦးဂါလူး အတွက်မူ ဘယ်သူတက်တက် အရေးမကြီး။
“ဘယ်သူတက်တက် ကောင်းတဲ့သူတက်ဖို့ အရေးကြီးတယ်။ လူသစ် ဆိုရင်တော့ ပိုမျှော်လင့်လို့ ရတာပေါ့”ဟု သူကဆိုသည်။

Written by မင်းထက်စံ၊ အောင်ဘိုဘိုရှိန်
The voice weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>