အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၇ နာရီက တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်မှ ကော့မှူးမြို့နယ်သို့ ထွက်ခွာလာရာ တွံ့တေးမြို့နယ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး ခင်ရွှေနှင့်အတူ မိုးရာသီ သစ်ပင်ဆိုက်ပွဲတော်တွင် ဒေသခံ ပြည်သူလူထုနှင့်အတူ စိန်းပန်းပင်များများ စိုက်ပျိုးပေးခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကော့မှူးမြို့နယ်သို့  ဆက်လက်ထွက်ခွာလာပြီး ကော့မှူးမြို့နယ် ပြည်သူ့  ဆေးရုံသိုသွားရောက်၍ ဆေးရုံ၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး ဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံမေးမြန်းပြီး ဆရာဝန်များ ၀န်ထမ်းများမှလည်း လိုအပ်တာများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ထိုနောက် ဆေးရုံတွင်း လှည့်လည်၍ ဆေးကုမှု ခံယူနေသော လူနာများကို လိုက်လံ ကြည့်ရှုခဲ့ပြီး နောက် ကော့မှူးမြို့နယ် အထက်တန်းကြောင်းတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲပြီး နောက် နေ့လည် ၁၂ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ထွက်ခွာ လာခဲ့သည်။
National League for Democracy