Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“81ကာရာအိုကေဆိုင်အားသက်ဆိုင်ရာရဲတပ်ဖွဲ့မှဥပဒေနှင့်အညီအရေးယူဆောင်ရွက် ခဲ့သော်လည်း မုံရွာတရားရုံးကငွေသိန်းတစ်ရာကျော်လဘ်စားကာဒဏ်ရိုက်ပြီး ပြန်လည်လွတ်ပေးခဲ့”

$
0
0

မုံရွာတရားရုံးတွင် ဒဏ်ငွေဆောင်ပြီးအပြန်တွင် မုံရွာအမှတ်(၁)ရဲစခန်းမှ 81ကာရာအိုကေဆိုင်သို့ ၀င်ရောက်စစ်ဆေးရှာဖွေဖမ်းဆီးခဲ့စဉ်က သက်သေခံ အဖြစ်သိမ်းယူခဲ့သော တရားမ၀င်အနှိပ်ခန်းသုံး မွေ့ယာဆိုဖာ များအား လိုက်ထရပ်ကားဖြင့် ပြန်လည်သယ်ဆောင်သွားစဉ် ဗိုလ်ချုပ်ကြေး ရုပ်အ၀ိုင်းပတ်ဘေးတွင် တွေ့မြင်လိုက်ရစဉ်ပုံ။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ တွင် ယခုလ(17-6-2013)နေ့ညပိုင်းက မုံရွာမြို့ စက်မှုဇုန် ရပ်ကွက်(၃၉)လမ်းရှိ 81 ကာရာအိုကေ နှင့် အနှိပ်ခန်းအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ၀င်ရောက်ရှာဖွေစစ်ဆေးပြီး တရားရုံးသို့ တရားစွဲတင်ခဲ့ရာတွင် သက်ဆိုင်ရာ မုံရွာမြို့နယ် တရားရုံးက ငွေသိန်း(၁၀၀)ကျော်လဘ်စားပြီး တစ်ဦးလျှင် ဒဏ်ငွေ (၅၀၀၀ိ-/)ကျပ်စီ ဒဏ်ရိုက်ကာ ပြန်လည်လွတ်ပေးလိုက်ကြောင်း မုံရွာမြို့နယ်တရားရုံးနှင့်နီးစပ်သူ တစ်ဦးထံမှသိရပါသည်။

“17-6-2013 နေ့ညပိုင်းမှာ မုံရွာမြို့နယ်မှူးရုံးကဆင်ပြီးဖမ်းတာ။နယ်မြေခံ အမှတ်(၂)ရဲစခန်းက ရဲတွေတောင်မပါဘူး။တစ်ခြားနယ်မြေက မျက်နှာစိမ်းရဲတွေနဲ့ဝင်ဖမ်းတာ။ ကာရာအိုကေခန်းတွေ ခန်းတွေ တရားမ၀င်အနှိပ်ခန်းတွေ တွေ့သွားတာ။မိန်းကလေးအငယ်လေးတွေ(၃၀)လောက်ပါ သွားတယ်။လိုက်ထရပ်ကားနဲ့တင်သွားတာ။နောက်ပြီး လာတဲ့ဧည့်သည်တွေလည်း(၂၅)ယောက် လည်းပါသွားတယ်။လိုက်ထရပ်ကားနဲ့(၂)ခေါက်ပြန်သယ်တာ။အနှိပ်ခန်းမှာသုံးတဲ့ မွေ့ရာတွေ ခေါင်းအုံးတွေ စောင်တွေလည်းတင်သွားတာ မြင်ရတယ်။အရက်ဖာတွေလား ဘီယာဖာတွေလား တော့ မသိဘူး အဲဒါတွေလည်း တင်နေတာမြင်ရတယ်လို့” အဆိုပါ 81 ကာရာအိုကေနှင့်အနှိပ်ခန်း အနီးရှိ စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။

“မုံရွာမြို့ အနေနဲ့ အခုလို ကာရာအိုကေလို့ခေါ်တဲ့ ကေတီဗီတွေ အနှိပ်ခန်းတွေက မြို့နဲ့မမျှအောင် ပေါများနေတာကို သက်ဆိုင်ရာကနေပြီး လျှစ်လျှုရှုထားတာဟာ လုံးဝမကောင်းပါဘူး။တစ်ချို့ဆို ရင် အနှိပ်ခန်းသွားတာတွေ မာဆတ်သွားတတွေကြောင့် မိသားစုစကားများရန်ဖြစ်ပြီး အိမ်ထောင်ပြိုကွဲ သွားတာတွေတောင်ရှိပါတယ်။ညပိုင်းအချိန်တွေမှာလည်း အဲဒီကေတီဗီတွေက ဆူညံမှုတွေကြောင့် ရပ်ကွက်ထဲက အိမ်နီးနားခြင်းတွေ ကောင်းကောင်းမအိပ်စက်ကြရတဲ့ သူတွေရှိပါတယ်။တစ်ချို့ဆို ရင် ကိုယ့်အိမ်က သမီးပျိုတွေနဲ့ အမြင်မတော်လို့ စိတ်ဒုက္ခရောက်နေကြရတဲ့ မိသားစုတွေအများကြီးပါ။လူ တစ်စုရဲ့ ၀ိသမလောဘဇောနဲ့ စီးပွားရှာမှုကြောင့် ပတ်ဝန်းကျင်က မိန်းမကောင်းလေးတွေ ညနေ(၅) နာရီကျော်ရင် အိမ်နားလေးက စတိုးဆိုင်ကိုဈေးဝယ်သွားချင်တာတောင် ကေတီဗီ မာဆတ် နဲ့ နီးနေ တော့ မသွားရဲမလာရဲဖြစ်နေကြရပါတယ်။ဟိုတစ်လောကဆိုရင် ကျွန်တော်တို့နေတဲ့ သာစည်လမ်းမှ အိမ်က အဖေအို ၀မ်းပျက်နေလို့ ဓာတ်ဆားထုပ်နဲ့ ၀မ်းပိတ်ဆေးလေးထွက်ဝယ်ဘို့ သူ့အမေက ခိုင်းတာ ကလေးမက ကေတီဗီ မာဆတ်ရှေ့က ဖြတ်ပြီးသွားရမှာမို့ မသွားရဲလို့ ၀မ်းပျက်နေတာ ကို ဆေးသွားပြီးမ၀ယ်ရဲလောက်အောင်ကို ဖြစ်ရပါတယ်။”လို့ သာစည်လမ်းနေသူတစ်ဦးကဆိုပါတယ်။

“ကာရာအိုကေဆိုင်တွေကတော့ လိုင်စင်ချထားပေးပါတယ်။အနှိပ်ခန်းကတော့ လိုင်စင်ချထားပေး တာမရှိပါဘူး။ကာရာအိုကေလိုင်စင်ချထားပေးတယ်ဆိုတာကလည်း အခုလိုမျိုး မိန်ကလေးတွေ ထားရှိခွင့် လုံးဝ ပေးမထားပါဘူး။တစ်ခန်းဆိုရင် လိုင်စင်တစ်ခုရှိရပါတယ်။ည(၁၁)နာရီအထိသာ ခွင့်ပြုထားပါတယ်။အရက် ဘီယာလည်းရောင်းချခွင့်လုံးဝမရှိဘာဘူး။ရောင်းချင်ရင်တော့ အရက်ဘီယာလိုင်စင်ကိုပါ ထားရှိရပါမယ်။မုံရွာမှာရှိတဲ့ ကာရာအိုကေဆိုင်အတော်များများဟာ စည်းကမ်းနဲ့ညီညွတ်မှုလုံးဝမရှိပါဘူး။ ပိုင်ရာဆိုင်ရာတွေရဲ့ ၀ိတ်တွေသုံးပြီး လုပ်နေကြတာပါ။ ထိထိရောက်ရောက်အရေးယူမယ်ဆိုရင်လည်း အထက်လူကြီးတွေက ကာဘာပေးထားတော့ လုပ်တဲ့ သူတွေကိုဘဲ အမုန်းတရားပွားခံရတာဘဲအဖတ်တင်မှာဆိုတော့ လွတ်ထားရသလိုဖြစ်နေတာပါ။ ကျွန်တော်တို့ကလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်ချင်ပါတယ်။

ဒီနေ့ဖြစ်စဉ်ကိုဘဲကြည်ပါ ရဲကဖမ်းဆီးပြီး တရားရုံးတင်ပေးတယ်။တရားရုံးမှာ ပိုင်ရာဆိုင်ရာတွေနဲ့ လဘ်ထိုးပြီး ဒဏ်ရိုက်ပြန်လွတ်လိုက်တယ် ဘာထူးမှာလည်း ဖမ်းတဲ့သူမုန်းတာရှိတယ်။ကျွန်တော် သာ ရဲတပ်ဖွဲ့ကဆိုရင် လုံးဝဖမ်းမှာ မဟုတ်ပါဘူး”လို့ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိ သူတစ်ဦးကဆိုပါတယ်။
“ဒီနေ့ မုံရွာမြို့နယ်တရားရုံးမှာ ကာရာအိုကေနဲ့ အနှိပ်ခန်းကို ဖမ်းပြီးတရားစွဲတင်တယ်ကြားလို့ ကျွန်တော်သွားပြီး တရားရုံးမှာ လေ့လာကြည့်တာ ဒဏ်ရိုက်ပြန်လွတ်လိုက်တယ်။ကာရာအိုကေ အနှိပ်ခန်းကတော့ ကိုယ်လည်းမလုပ်တော့ အဲဒီဥပဒေကိုနားမလည်ပါဘူး။ကျွန်တော်က အရက် ဘီယာရောင်းတော့ ယစ်မျိုးဥပဒေဘဲနားလည်ပါတယ်။အခုဖမ်းတဲ့အထဲမှာ ဘီယာတွေပါတယ် ဘီယာတွေပါတာကို တရားသူကြီးက ဒဏ်ရိုက်ပြီးပြန်လွတ်တယ်။ ဒါက ဥပဒေနဲ့ညီညွတ်ပါရဲ့လား ဆိုတာမေးကြည့်ချင်ပါတယ်။ကျွန်တော်တို့ ယစ်မျိုးဖမ်းခံရတာတွေရှိတယ်။

ဒဏ်ရိုက်ပြန်လွတ်ခဲ့ သလား။ထောင်ဒဏ်ပါချတယ်။ဒါတောင်အရက်ဘီယာမဟုတ်သေးဘူး BE ရောင်းတာ။ အခုဖမ်းတဲ့ အထဲမှာ ဘီယာပါတယ် ဒဏ်ရိုက်တယ် ဒီလိုဆိုရင် ဆိုင်တိုင်းမှာ ဘီယာရောင်းကြတော့မှာပေါ့ ။ဘီယာလိုင်စင်ဆိုတာကလည်း တစ်နှစ်ကို အခွန်ဆောင်ရတာတာကသိန်း(၁၀)ဂဏန်းဆောင်ရ တာပါ။ဒီလိုသာဒဏ်ငွေလောက်နဲ့ ပြတ်တယ်ဆိုရင် သိန်း(၁၀)ချီပြီးအခွန်မဆောင်တော့ အလွတ် ရောင်းမှာပေါ့ မိရင်ဒဏ်ငွေ(၅၀၀၀ိ-/)ငါးထောင်ဆောင်လိုက်မှာ”လို့ မုံရွာမြို့မှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာမြို့ကြီးတစ်မြို့ဖြစ်သော မုံရွာမြို့တွင် ကာရာအိုကေ နှင့် တရားမ၀င်အနှိပ်ခန်း ပေါင်းမြောက်များစွာကို အထင်ကရလမ်းမကြီးများဘေးဝဲယာနှင့် တက္ကသိုလ် ကျောင်းသား/သူများ ပညာသင်ကြားနေသော တက္ကသိုလ်များအနီး အဆောင်များအနီး ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ရှိ အရေးပါသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ-စ-စ)ရုံးစိုက်ရာ ရပ်ကွက်အတွင်း တွင် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိကြောင်းလည်း မုံရွာမြို့ခံတစ်ဦးက သလ္လာဝတီတိုင်းမ် သို့ အတည်ပြုပြောကြားခဲ့ပါတယ်။

သလ္လာဝတီတိုင်းမ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>