Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အခွင့်အရေးချိုးဖောက်ခံကြရသည့်လယ်သမား၊အလုပ်အမားနှင့်ပြည်ပရောက်ပြည်သူများအတွက် ဆုတောင်းပွဲပြုလုပ်

$
0
0
လယ်ယာမြေကိစ္စနှင့်ပတ်သတ်၍ ဖမ်းဆီးခံထားရသည့် လယ်သမားများ၊အလုပ်သမား အခွင့်အရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် အလုပ်သမားများ၊ ပြည်ပတွင် အကြမ်းဖက်သတ်ဖြတ်ခံရသည့် ပြည်သူများနှင့်ပတ်သတ်၍ ဇွန် ၁၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့ဆူးလေ စေတီတော်၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

" မတရားဖမ်းဆီးနေတာဟာ ဥပဒေစိုးမိုးမှုမရှိတာကို သက်သေပြနေတယ် လို့မြင်ပါတယ်။ ဆန္ဒပြသူတွေကို ခွင့်ပြုချက်မယူလို့ ဖမ်းတယ်ဆိုတာသာ
လုပ်ကြတယ် ဘာကြောင့်ဆန္ဒပြတယ်ဆိုတာကို အစိုးရအနေနဲ့ စဉ်းစားခြင်းမရှိလို့ ဆန္ဒပြတာတွေ ခဏခဏဖြစ်နေတယ်လို့ ထင်ပါတယ် " ဟု အဆိုပါ
ဆုတောင်းပွဲတွင် ပါဝင်သည့် Generation Youths မှ ကိုတင်ထွဋ်ပိုင် ကပြောကြားသည်။

အဆိုပါဆုတောင်ပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်းများက စုပေါင်းပြုလုပ် ခဲ့ပြီး ပြည်တွင်းစစ်ပွဲနှင့် ဘာသာရေးအဓိကရုဏ်းများကြောင့် သေဆုံးသွားသူများအတွက်လည်း ဆုတောင်းမှုပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဆုတောင်းပွဲသို့ သံဃာတော်များ အပါအ၀င် လူမှုအဖွဲ့အစည်များမှ လူဦးရေ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ပြီး ဖယောင်းတိုင်မီး ပူဇော်ခဲ့ကြသည်။

သတင်း။။။.ယနေ့ခေတ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>