Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မလေးရှားရှိတရားမဝင်မြန်မာလုပ်သားအားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

$
0
0
အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက်အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင်အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။

The Voice Weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


မြန်မာစစ်တပ်ရဲ့...


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>