(The Nation မှ 18 Jun 2013 ရက်စွဲပါ “Myanmar woman’s groups oppose interfaith marriage proposal”သတင်းကို ဘာသာပြန်ဆိုသည်)
ဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက လှုံဆော်နေသောဘာသာမတူ အိမ်ထောင်ပြုမှုတားမြစ် ရေးကိစ္စကို မြန်မာအမျိုးသမီးများ၏ အခွင့်အရေးလှုပ်ရှားနေသော အုပ်စုများက အင်္ဂါနေ့တွင် ဝိုင်းဝန်ကန့်ကွက်ခဲ့ကြသည်။
မွတ်ဆလင်(သို့)ဘာသာကွဲတစ်ဦးကို လက်ထပ်မည့် ဗုဒ္ဓဘာသာအမျိုးသမီး မှန်သမျှသည် မိဘများနှင့် ဒေသန္တရ အစိုးရတာဝန်ရှိသူများထံမှ ဦးစွာခွင့်ပြုချက် တောင်းရန်လိုအပ်သော ဥပဒေများကို လွှတ်တော်တွင်အဆိုပြုရန် ကြိုးပမ်းနေ သောကိစ္စအား ဆန့်ကျင်ကန့်ကွက်ကြောင်း RAINPaLL အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်း ၇ ခုတို့က ပြောကြားလိုက်ပါ သည်။
“ဒီကိစ္စပာာ မြန်မာအမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်မှုတစ်ခု ဖြစ်တယ်လို့ ကျွန်မတို့ယူဆပါတယ်”ပာု RAINFALL ကို ဦးဆောင်နေသူ နိုင်ငံရေးအကျဉ်းသူပောာင်း ဇင်မာအောင်က ပြောကြားပါသည်။
မြန်မာနိုင်ငံတွင် မွတ်ဆလင်ဈေးဆိုင်များကို သပိတ်မှောက်ရန်လှုံဆော်သော ၉၆၉ လှုပ်ရှားမှုကို ယခုနှစ်အစောပိုင်း တွင်စတင်ခဲ့သူမန္တလေးမြို့မှ သြဇာကြီးနာမည်ကျော် ဘုန်းတော်ကြီးဦးဝီရသူက ၎င်းရေးဆွဲထားသောဥပဒေကြမ်းကို ဘာသာ ရေးအဓိကရုဏ်း ကြီးထွားလာမှုအပေါ် သံဃာတော် ၂၀၀ ကျော် စုဝေးဆွေးနွေးကြသည့် အစည်းအဝေးတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် ဆွေးနွေးရန်တင်ပြလာသော ၎င်းအဆိုပြုချက်ကို တက်ရောက်လာသော သံဃာတော်များက ပယ်ချခဲ့သော်လည်း ဦးဝီရသူက ၎င်းကိုပာန့်တား၍ မရနိုင်ပာု ပြောကြားလိုက်ပါသည်။
“ဒီဥပဒေကို ကျုပ်အိပ်မက် မက်လာတာကြာပါပြီ။ ဒီဥပဒေက ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ကာကွယ်ပေးမှာပါ”ပာု ပြောကြားသူ ဦးဝီရသူက အဆိုပြုချက်ကို ထောက်ခံသည့်လက်မှတ်အရေအတွက် ၃၀၀,၀၀၀ ခန့်ရအောင် ကြိုးစားလျက်ရှိပြီး ယင်းဥပဒေကို အားပေးသောလွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို့တင်ပြသွားမည်ပာုဆိုပါသည်။
ထိုဥပဒေတွင် ဗုဒ္ဓဘာသာအမျိုးသမီးများကိုလက်ထပ်မည့် မွတ်ဆလင်အမျိုးသားများကိုလည်း လက်မထပ်မီဗုဒ္ဓ ဘာသာအဖြစ်သို့ ကူးပြောင်းရန် သတ်မှတ်မည်ပာု သိရှိရသည်။
ဥပဒေချိုးဖောက်သူများသည် ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ပိုင်ဆိုင်သောပစ္စည်းများ သိမ်းဆည်းခံရခြင်းဖြစ်စေ ရင်ဆိုင်ရမည်ပာု ဆိုသည်။
ဘာသာရေးအစွန်း ရောက်မှုများကြောင့် အစ္စလာမ်နိုင်ငံများတွင် မငြိမ်သက်မှုများ ဖြစ်ပွားနေခြင်းကို အထင်အရှား တွေ့မြင်နိုင်သဖြင့် မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာအစွန်းရောက် အယူအဆများထကြွလာခြင်းကို တားဆီးကြရမည်ပာု လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပေးထားကြသည်။
Yangon chronicle