Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဝရမ်းထုတ်ပြန်ခံရခြင်းနှင့်ပတ်သက်၍မိုဃ်းသွေး၊ဝေဠု၊ဝေမှုးသွင်တို့၏ သတင်းစာရှင်းလင်းပွဲ

$
0
0
ဒီနေ့ နံနက် ၁၁ နာရီမှာ ၈၈မျိုးဆက်ကျောင်းသားများ ရုံးမှာ နိင်ငံတစ်ကာ သံရုံးများ ၊ နိင်ငံတစ်ကာ သတင်းအဖွဲ့များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများကို ဖိတ်ကြား၍ ၁၃.၆.၂၀၁၃ ရက်နေ့ နေ့စွဲဖြင့် GW မှ ကိုမိုဃ်းသွေး ၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေမှူးသွင် ၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠုတို့အား မုံရွာ တရားရုံးမှ သတင်းမီဒီယာများဖြင့် ပြောဆိုမှု တွင် တိုင်းဒေသကြီး အစိုးရအပေါ် အကြည်အညို ပျက်စေပြီး ရှေ့ဆက်ရမည့် လုပ်ငန်းစဉ် များ အား ထိခိုက်နိင်သည်ဟု ယူဆမှုဖြင့် ပုဒ်မ (၅၀၅/ခ) ဖြင့် ၀ရမ်းထုတ်ပြန်မှုအား အသွင်ကူးပြောင်း နေသော ဒီမိုကရေစီခေတ်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်၏ ယနေ့ အခြေအနေများ အား သတင်းစာ
ရှင်းလင်းမှု ပြုလုပ်ခဲ့ပါသည် ။

ကျွန်တော်တို့ ဥပဒေ ကိုရော ၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကနေ တစ်စုတစ်ဖွဲ့ထိ ဘယ်သူကိုမှ ရည်ရွယ်ချက်ရှိပြီးရော ၊ ရည်ရွယ်ချက်မဲ့ရော နစ်နာအောင် ထိခိုက်အောင် ၊ အကြည်ညိုပျက်အောင် မပြောခဲ့သလို ၊ မလုပ်ခဲ့ဘူး ။ လက်ပံတောင်းအရေး ငြိမ်းချမ်းစွာ အဖြေရှာဖို့ လိုအပ်နေတဲ့ လိုအပ်မှုတွေကို ရိုးသားစွာ ပြောခဲ့ကြတယ် ။ တာဝန်ယး တာဝန်ခံနိင်တဲ့ စကားတွေကိုပါပဲ ။ သတင်းသမားတွေ မေးနေစဉ်မှာလဲ တစ်လျှောက်လုံး သတင်းတပ်ဖွဲ့ဝင်တွေ အနားမှာ ရှိနေတာပဲလေ။

အထူးသဖြင့် အခု တရားစွဲဆို ခံရတဲ့ ၁၀.၅.၂၀၁၃ နေ့မှာ မုံရွာ အခြေစိုက် သတင်းမီဒီယာသမားတွေနဲ့ အင်တာဗျူးခဲ့ရာမှာရောပေါ့ ။ လက်ပံတောင်းဒေသ နှစ်ဖက် တင်းမာမှုတွေ လျော့ကြစေဖို့နဲ့ ငြိမ်းချမ်းစွာ
ညှိုနှိုင်းဖြေရှင်းလာနိင်ဖို့ ဦးတည်ရည်ရွယ်ပြီးသွားခဲ့ခြင်းသာဖြစ်ပါတယ် ။ အာဏာပိုင်တွေကိုလဲ ချိတ်ဆက်အကြောင်းကြားပြီ သွားလာခဲ့တာပါ ။ နေထိုင်ခဲ့စဉ်နဲ့ ပြန်သည့်နေ့အထိ အနားမှာ သတင်းတပ်ဖွဲ့ဝင်တွေရှိနေကြတာဖြစ်ပြီး ။ တစ်လကျော်အကြာမှာ ၁၂.၆.၂၀၁၃ မှာ တရားရုံးကို မုံရွာ အမှတ်(၁) ရဲတပ်ဖွဲ့စခန်း ၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ခင်ဇော်လတ်က ဦးတိုက်ပြီး (၅၀၅/ခ)နဲ့ အရေးယးနိင်ရန် ဦးတိုက်လျှောက်ထားတယ်လို့ သိရတယ် ။ ၁၃.၆.၂၀၁၃ မှာတော့ တရားရုံးက ၀ရမ်းထုတ်ပေးတယ်လို့သိရတယ် ။ စွတ်စွဲခံရသူများ အနေနဲ့ နစ်နာမှုတွေများနိင်မဲ့ ဒီလို ပုဒ်မမျိုးကို တစ်ရက်မပြည့်ခင် ၀ရမ်းထုတ်ပေးခဲ့မှုကလည်း စဉ်းစားစရာ ဖြစ်စေခဲ့တယ် ။

အခုတော့ မုံရွာ တရားရုံးကို လာရောက်ဖို့ ရဲအုပ်မှ ဖုန်းဆက်လာပါတယ် ။ ကျွန်တော်တို့ မှလည်း တရားဝင် ဆင့်ခေါ်မှု မဟုတ်၍ သွားရောက်မည် မဟုတ်ပဲ ၊ သက်ဆိုင်ရာမှာ ၀ရမ်းနှင့် လာရောက် ခေါ်ဆောင်လျှင် ငြိမ်သက်စွာ လိုက်ပါဖို့ ဆုံးဖြတ်ထားကြပါတယ် ။

သို့မဟုတ် ၀ရမ်းအား မိတ္တူပေးပို့၍ သော်လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား တဆင့် လွှဲပြောင်းပေး၍ ၀ရမ်းနှင့်တစ်ကွ လာရောက် ခေါ်ယူလျှင် လည်းကောင်း ဥပဒေကြောင်းအရ ရင်ဆိုင် သွားမည် ဖြစ်ပါကြောင်း လေးစားစွာ ရေးသားသိစေအပ်ပါသည် ။
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>