Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အကြမ်းဖက်သမားအဖြစ်TIMEမဂ္ဂဇင်းကအရှင်ဝီရသူပုံကိုဖော်ပြခြင်းနှင့်ပါတ်သက်ပြီး ပြင်းထန်စွာကန့်ကွက် ရှုတ်ချ

$
0
0
Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသားဖော်ပြချက်အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်
21, June 2013 သောကြာနေ့
နံနက် 9 နာရီ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။

ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။ မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။ ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။
The First Weekly News Journal နှင့်
The First Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>