Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကရင်ပြည်နယ်ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှထွက်သောဓာတ်အားကို အခြားတိုင်းပြည်သို့ရောင်းပါက လက်ခံမည်မဟုတ်ပါ DKBA တာဝန်ရှိသူပြောကြား

$
0
0
မကြာသေးမီက ကရင်ပြည် နယ်၊ ကော့ကရိတ်ခရိုင်ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် တည်ဆောက် ဆဲဖြစ်သော ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည်တွင်း၌မဖြည့်တင်းဘဲအခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချ ပါက လက်ခံမည်မဟုတ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ D.K.B.A ကပြောသည်။

“အခုကျွန်တော်တို့ကြားနေ တာဟက်ကြီးရေအားလျှပ်စစ်စီမံ ကိန်းက ထွက်တဲ့လျှပ်စစ်ဓာတ် အား ၇၀ ရာခိုင်နှုန်း ထိုင်းကို ရောင်းမယ်။ မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းလောက်ပဲရမယ်လို့ကြား တယ်။ ဒီလိုဆိုရင်ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုအပ်တဲ့ နေရာတွေအများကြီးရှိနေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဒီဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကထွက် တဲ့ ဓာတ်အားတွေကို မြန်မာ အတွက်အသုံးမချဘဲအခြားနိုင်ငံ တွေကိုရောင်းချမယ်ဆိုရင် ဘယ်လို မှလက်ခံမှာမဟုတ်ပါဘူး”ဟု တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် D.K.B.A မှစစ်ဗျူဟာ မှူးဗိုလ်မှူးဆန်းအောင်ကပြော သည်။

၂၀၁၀ ခုနှစ်တွင် တပ်မတော် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ D.K.B.A တို့သည် အပစ်အခက်ရပ်စဲနိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ အပစ်အခတ်အနည်း အငယ်ဖြစ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံကထွက်တဲ့ သယံဇာတကို မြန်မာနိုင်ငံသားတွေ ပဲခံစားသင့်တယ်။ ဒါကိုမှ မဟုတ်ဘဲတစ်ခြားနိုင်ငံတွေကို ထုတ်ရောင်းမယ်ဆိုရင်မဟုတ်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ စီမံကိန်းတစ်ခုလုပ်တော့ မယ်ဆိုရင် ပြည်သူတွေကို အရင် မချပြဘူး။ မတိုင်ပင်ဘူး။ မဆွေးနွေး ဘူး။ စီမံကိန်းကို လုပ်ကိုင်တော့ မယ်ဆိုတော့မှ ပြည်သူတွေကို ချပြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ ကျွန်တော်တို့တပ်တွေ အပစ်အခတ်တွေရှိခဲ့တယ်”ဟု ဗိုလ်မှူးဆန်းအောင်ကပြောသည်။

အိမ်နီးချင်းထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကိုမြန်မာနိုင်ငံ ကျေးရွာများအထိရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်သည့်နိုင်ငံတစ်ခုဖြစ် ကြောင်း သိရသည်။

The hot news weekly


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>