၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် ပါတီဖွဲ့ရန် ဆွေးနွေး ဆုံးဖြတ်ထားခြင်းမရှိကြောင်း ၈၈ အဖွဲ့ဝင်များအနက် လွှတ်တော် တွင်းဝင်ရောက်လိုသူများ ရှိပါက ခွဲခြားတာဝန်ခွဲဝေမှုဖြင့် လုပ်နိုင် ကြောင်း ကိုမင်းကိုနိုင်က ပြော သည်။ ၈၈မျိုးဆက် အဖွဲ့ဝင် အင်္ဂလန်ခရီးစဉ်အဖြစ် လန်ဒန်သို့ ရောက်ရှိစဉ် ဇွန် (၁၈) ရက်နေ့ က ဘီဘီစီသတင်းဌာနနှင့် တွေ့ ဆုံခန်း၌ ကိုမင်းကိုနိုင်ကအထက် ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ် သည်။
မြန်မာနိုင်ငံတွင်အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန်အင်မတန် အရေးကြီးကြောင်း ၎င်းအ နေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေး ပြည်သူ့ဒီမိုကရေစီရေးတို့တွင် အာရုံစိုက်က တစိုက်မက်မက်ပြု လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။၎င်းအပြင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံ၏ ပြောင်းလဲမှု များကိုအများကြီးပြောင်းလဲသည် ဟု မသတ်မှတ်သင့်ကြောင်း၊ အ ချို့မှာအပေါ်ယံပြောင်းလဲမှုသာ ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးက အပြောင်းအလဲကို လိုလားတဲ့အပြင် ပြောင်းလဲမှုများ အတွက် အားထုတ်ကြိုးပမ်းမှု များလည်း ရှိခဲ့သဖြင့် မပြောင်း မဖြစ်ပြောင်းလဲခဲ့ရသည်များလည်း ရှိကြောင်း သို့ရာတွင် အများကြီး ပြောင်းလဲသည်ဟု မသတ်မှတ် သင့်ကြောင်း အပြောင်းအလဲ အချို့မှာ အပေါ်ယံသာဖြစ် ကြောင်း ကိုမင်းကိုနိုင်က ဆက် လက်ပြောကြားသည်။
၈၈ မျိုးဆက်အဖွဲ့ဝင် ယခု ခရီးစဉ်မှာ ဗြိတိန်အစိုးရ၏ ဖိတ် ကြားမှုအရ ဗြိတိသျှကောင်စီနှင့် ဗြိတိသျှသံရုံးတို့ အစီအစဉ်ဖြင့် သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ် အတွင်း ဗြိတိန်အစိုးရ၏နိုင်ငံခြား ရေးနှင့် ဓနသဟာယရုံးဝန်ကြီး များနှင့် တွေ့ဆုံခြင်း၊ ဗြိတိသျှ ပါလီမန်လွှတ်တော်တွင်းပါလီမန် အဖွဲ့များနှင့် တွေ့ဆုံခြင်း၊ ဘက် ကင်ဟမ်နန်းတော်သို့သွားရောက် လေ့လာခြင်း၊ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအတွက် လေ့လာရန် မြောက်အိုင်ယာလန်သို့လည်း ကောင်း၊ ပညာရေးဆိုင်ရာလေ့ လာမှုများအတွက် Dxford တက္ကသိုလ်သို့လည်းကောင်း သွား ရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
The hot news weekly
ဘိုဘိုမင်း