Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်အတွင်းတွင်သတင်းထောက်ကဒ် အတုများဖြင့်ရောက်ရှိနေသူ(၅)ဦးရောက်ရှိနေကြောင်း မုံရွာမြို့ခံမီဒီယာအသိုင်းအ၀ိုင်း မှသိရှိရ

$
0
0
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာခရိုင်အတွင်းသို့ သတင်းထောက်ကဒ် အတု များပြုလုပ်ထားသူ(၅)ဦးရောက်ရှိနေကြောင်း မုံရွာအခြေစိုက် သတင်း မီဒီယာသမားများအဖွဲ့ထံမှ သိရပါသည်။

"ကျွန်တော်တို့ မုံရွာမြို့ခရိုင်အတွင်းမှာတော့ အခုလက်ရှိစာရွက်မှာပါတဲ့ သတင်းထောက်ကဒ်တွေထဲက သူတွေကို ဘယ်သူမှ မသိကြပါဘူး။ သတင်း ထောက်ကဒ်ဆိုတာက အခုလိုမျိုးလဲမရှိပါဘူး။ အခုလုပ်ထားတာက ဘယ်လိုသဘော ဘာရည်ရွယ်ချက်နဲ့ လုပ်သွားတယ်ဆိုတာတော့ မသိပါဘူး။ စဉ်းစားရခက်ပါတယ်။သေချာတာကတော့ မရိုးသားတာပါဘဲ။
သတင်းထောက်ကဒ်မှာ ရေးရိုက်ထားတဲ့ ပုံစံကိုက ပုံစံမကျပါဘူး။ ဘယ်သတင်းဌာနကဆိုတာမပါဘူး။ ကလောင်အမည်မပါဘူး။အယ်ဒီတာချုပ် လက်မှတ်မပါဘူး။အခုလိုကဒ်မျိုးကတော့ ဘယ်မှာလုပ်လုပ်ရပါတယ်။

ကျွန်တော်တို့ မုံရွာခရိုင်အတွင်းမှာ သတင်းထောက်ဆိုတာက လက်ချိုးရေ လို့ရပါတယ်။စာရေးဆရာအသင်းဆိုရင် ထိုနည်း၎င်းပါဘဲ မသိတဲ့သူမရှိပါဘူး။ မုံရွာအနေနဲ့ကလည်း သတင်းထောက်ကဒ်ထုတ်ပေးနိုင်တဲ့ ဂျာနယ်ဆိုလို့ ချင်းတွင်းဂျာနယ်နဲ့ ချင်းတွင်းရွှေပြည်ဂျာနယ်(၂)စောင် ဘဲရှိပါတယ်။ဒါတောင်မှ အခုဆိုရင် ချင်းတွင်းရွှေပြည်က မထွက်တော့ပါဘူး။ ချင်းတွင်းဂျာနယ်က အယ်ဒီတာချုပ်ဆိုတာကလည်း စာရေးဆရာအသင်း ဥက္က ဆရာနေမင်းသန်း တစ်ယောက်ရှိတာပါ။ သူအနေနဲ့ကလည်း အခုလို ထုတ်ပေးမှာမဟုတ်ပါဘူး။"မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)ညီလာ ခံကိုယ်စားလှယ် (မုံရွာ)မြို့နယ် ကဆိုပါတယ်။

ThanLarWaddy Times

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>