မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းမပြန်ဖို့ ပြည်ခိုင်ဖြိုး ပါတီမှာ တာဝန်အရှိဆုံး ဖြစ်သလို၊ နောက်ကြောင်းပြန်အောင် ပြောတဲ့လုပ်တဲ့ လူတွေကို ချေမှုန်းရမယ်လို့ လက်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက သတိပေးလိုက်ပါတယ်။
နေပြည်တော် ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ဗဟိုအဆင့် ပါတီ ခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တဲ့ အကြောင်း ပါတီအာဘော်စာစောင် ပြည်ထောင်စုနေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်၊
ပါတီအနေနဲ့ အရင် စစ်အစိုးရက ခင်းထားပေးခဲ့တဲ့ လမ်းကြောင်းအတိုင်းလျှောက်ဖို့၊ မလျှောက်နိုင်ရင် ညံ့ရာကျမယ်လို့ သူရဦးရွှေမန်က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်၊
ကမ္ဘာမှာ ဘယ်နိုင်ငံမှ မြန်မာနိုင်ငံမှာလို အာဏာရရှိထားတဲ့အဖွဲ့၊ အာဏာရရှိထားတဲ့ ပုဂ္ဂိုလ်က စွန့်လွှတ်ခဲ့ကြတာမျိုး မရှိဘူးလို့လည်း ဦးရွှေမန်းက စစ်အစိုးရရဲ့ လုပ်ရပ်ကို ချီးကျူးသွားပါတယ်။
DVB TV News