Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကို ပြည်တွင်းမှာ ပိတ်ပင်လိုက်ပြီ (ရုပ်/သံ)

$
0
0

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ ကြေညာခြင်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ

ကြေညာချက်အမှတ် ၁/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်

(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)

နှင့်စပ်လျဉ်း၍ ကြေညာခြင်း

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဉူးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသာနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အများပြည်သူ အကျိုးငှာ ကြေညာလိုက်သည်။

အမိန့်အရ

အတွင်းရေးမှူး

အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>