Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်သူလူထုအားမိုဘိုင်းဆက်သွယ်ရေးကိုဈေးနှုန်းချိုချိုသာသာနဲ့အသုံးမပြုအောင်လုပ်လိုက်တဲ့ လွှတ်တော်

$
0
0
လွှတ်တော် ဆိုတာ ဥပဒေပြုရေး၊ ဥပဒေ ပြဌာန်းရေး မဏ္ဍိုင်တစ်ရပ်ပဲ ဖြစ်ပါတယ်....... တနည်းအားဖြင့် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ရှေ့တန်းတင် ဆောင်ရွက်ရန် တည်ထောင်ထားခြင်းလည်း ဖြစ်ပါတယ်........ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ လွှတ်တော် ၂ ရပ်အနက် ပြည်သူ့လွှတ်တော်ဟာ သမ္မတနဲ့ အစိုးရကို ပုဆိုး ခါးပုံစ လိုက်နင်းနေတဲ့ အချိုးတွေ တွေ့လာရတာ များပါတယ်.......

အခုနောက်ဆုံး သိသာတာကတော့ မြန်မာ့ဆက်သွယ်ရေးရဲ့ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မယ့် ရက် ကပ်နေခါမှ တေ့ဖြုတ်လိုက်တဲ့ ဆက်သွယ်ရေးလိုင်စင် တင်ဒါကို ဥပဒေရေးပြီးမှ ချပေးဖို့ ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်..... မြန်မာ့ဆက်သွယ်ရေးဟာ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုကို ရွေးချယ်မယ်ဆိုတာ အစောကြီးကတည်းက ကြိုတင် ကြေငြာထားခဲ့ပါတယ်......

ပါဝင်မယ့် အော်ပရေတာတွေဟာလည်း သူ့ထက်ငါ အပြိုင်အဆိုင် ပြည်သူလူထုအတွက် မက်လုံးတွေပေးပြီး ပြိုင်ဆိုင်လာတာလည်း အများအသိပဲ ဖြစ်ပါတယ်...... အခုလက်ရှိ ပြည်သူ့လွှတ်တော်က လုပ်လိုက်တဲ့ လုပ်ရပ်ဟာ နက်ဖြန် ၂၇ ရက်နေ့မှာ တင်ဒါရွေးချယ်မယ့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပုဆိုး ခါးပုံစ တက်နင်းလိုက်ခြင်းပါပဲ.......

အဆိုပါ ဆက်သွယ်ရေး အော်ပရေတာအတွက် တင်ဒါခေါ်ယူရာမှာ မြန်မာနိုင်ငံက အဖွဲ့တွေပဲဆိုရင် အများပြောစရာ ဖြစ်မှာစိုးတဲ့အတွက် နိုင်ငံတကာက တင်ဒါအကြံပေးတွေနဲ့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်..... ပါဝင်ယှဉ်ပြိုင်မယ့် အော်ပရေတာတွေဟာလည်း မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပဲ နိုင်ငံတကာက ကုမ္ပဏီတွေ များစွာ ပါဝင်နေပါတယ်....... ထို့အတူပဲ လက်ရှိ အစိုးရရဲ့ နိုင်ငံသားတွေအပေါ် ဈေးနှုန်းချိုသာစွာ ဖုန်းများအသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းကို ဟန့်တားလိုက်ခြင်းလည်း ဖြစ်ပါတယ်.....

ပြည်သူ့ လွှတ်တော်အနေနဲ့ ရိုးသားမှုရှိတယ်ဆိုရင်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စေတနာထားတယ်ဆိုရင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြည်သူလူထုကို ကတိပေးထားတဲ့ လွန်ခဲ့တဲ့ ၆ လ ကတည်းက အဆိုပါ ကိစ္စကို လွှတ်တော်မှာ တင်ပြဆွေးနွေး လုပ်ဆောင်သင့်ပါတယ်..... ထို့အတူပဲ မြန်မာ့ဆက်သွယ်ရေးကလည်း ကြိုတင်ကြေငြာနေချိန်မှာ ညှိနှိုင်းလုပ်ဆောင်ဖို့ လိုမှာပါ...... အခုကတော့ နက်ဖြန် တင်ဒါရွေးမယ်ဆိုမှ ဒီနေ့လိုနေ့မျိုးမှာ အရေးကြီး အဆိုကို တင်သွင်းပီး လုပ်ဆောင်လိုက်ခြင်းဟာ လက်ရှိ အစိုးရနဲ့ ဝန်ကြီးဌာနကို တေ့ဖြုတ်လိုက်ခြင်းလဲ ဖြစ်ပါတယ်.......

တနည်းအားဖြင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအတွက် နက်ဖြန်မှာပြုလုပ်မယ့် အော်ပရေတာ ရွေးချယ်မှုကို ရပ်ဆိုင်းသွားအောင် လုပ်ဆောင်လိုက်ခြင်းပါပဲ...... ဖြစ်ပေါ်လာမယ့် အကျိုးရလာဘ်တွေကတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကုမ္ပဏီတွေရဲ့ ယုံကြည်မှု၊ တင်ဒါရွေးချယ်ရေးမှာ ပါဝင်တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ရဲ့ ယုံကြည်မှု၊ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ပထမဆုံးသော ဒီမိုကရေစီအစိုးရ တစ်ရပ်ရဲ့ တင်ဒါခေါ်ယူမှုအပေါ် အမြင် အားလုံး အားလုံး လုံးဝကို ပျက်စီးသွားစေမှာပဲ ဖြစ်ပါတယ်........

ဆက်သွယ်ရေး ဥပဒေရေးဆွဲတာ ဘယ်လောက်ကြာမယ် မသိရသလို၊ အဆိုပါ ဆက်သွယ်ရေး ဥပဒေ ရေးဆွဲနေစဉ်မှာ ပြည်သူလူထုအနေနဲ့ လွယ်ကူလျင်မြန်စွာနဲ့ ရရှိနိုင်ပြီး ဈေးနှုန်းသက်သာတဲ့ မိုဘိုင်းဖုန်းတွေကို ကိုင်ဆောင်ဖို့ အခွင့်အလမ်း မရှိအောင် လုပ်လိုက်သလိုပါပဲ........

အခြင်းခြင်း အာဃာတထားခြင်း ထိုင်ခုံရလိုခြင်းအတွက် တိုင်းပြည်မျက်နှာကို အိုးမည်းသုတ်၊ မဖျက်ဆီးပါနဲ့လို့ပဲ ပြည်သူတစ်ယောက်အနေနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ပါတယ်..... ဒီအတွက် ပြည်သူ့လွှတ်တော်ရဲ့ ရိုးသားမှုမရှိ၊ ပြည်သူလူထုအပေါ် စေတနာမထားပဲ လက်ရှိအစိုးရအပေါ် တေ့ဖြုတ်တဲ့ အဲ့ဒိလုပ်ရပ်ကို လုံးဝ လုံးဝ ကန့်ကွက် ရှုံ့ချပါတယ်.......

Voice of James Mint

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>