
“TIME မဂ္ဂဇင်း ကန့်ကွက် ဆန္ဒပြပွဲ ကျင်းပပြုလုပ်”
=========================
၃ဝ-၆-၂ဝ၁၃-ရက်နေ့၊ မွန်းလွဲ (၁းဝဝ)နာရီ၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊
မဟာဗန္ဓုလပန်းခြံ မြောက်ဘက်ဘေး ပလက်ဖောင်းမှာ စုဝေးပြီး၊ လူဦးရေ(၂ဝဝ) ပါဝင်ကာ- မကွေးကျောင်း
ဆရာတော် ဦးပါမောက္ခ၊ ထေရဝါဒ ဓမ္မကွန်ယက်မှ ရှေ့နေ ဦးအေးပိုင်၊ ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်မြိုင်တို့
ဦးဆောင် ဟောပြော ကန့်ကွက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
TIME မဂ္ဂဇင်းကို ကန့်ကွက်ပြီး၊ သမ္မတရုံးထုတ်ပြန်ချက်ကို ထောက်ခံသည့် ဆန္ဒပြပွဲ ဖြစ်သည်။ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့
ကြောင်းသိရသည်။

အဆိုပါဆန္ဒပြပွဲတွင် ကြွေးကြော်သံများ
(၁) အမျိုးသားကာကွယ်မူကိုဝိုင်းဝန်းအားပေးကြ။
(၂) Time မဂ္ဂဇင်းဆောင်ပါးသည် မမှန်မကန်ဖော်ပြခြင်းဖြစ်၍ ၀ိုင်းဝန်းကန့်ကွက်ကြ။
(၃) ဦးဝီရသူ၏ အမျိုးသားရေးကာကွယ်မူကိုအားပေးကြ။
(၄) အမျိုးဘာသာ/သာသနာ ကာကွယ်ရေးသည် ဗုဒ္ဓဘာသာဝင် အားလုံး၏ တာဝန်ဖြစ်သည်။
(၅) ဆရာတော်ဦးဝီရသူသည် အကြမ်းဖက်သူ မဟုတ်ပါ ၊ ငြိမ်းချမ်းစွာဟောပြော နေထိုင်သူဖြစ်သည်။
(၆) Time မဂ္ဂဇင်းပါ ဆောင်းပါအား သမ္မတရုံးမှ ကန့်ကွက်ပေးမူအပေါ်လိုက်လှဲစွာကြိုဆိုပါသည်။
(၇) ဗုဒ္ဓ၀ါဒသည် ငြိမ်းချမ်းရေးဝါဒဖြစ်သည်။
(၈) ဗုဒ္ဓ၀ါဒသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသောဝါဒဖြစ်သည်။ အတင်းအကြပ် ဘာသာကူးပြောင်းစေသော ၀ါဒမဟုတ်ပါ။
(၉) Time မဂ္ဂဇင်းကိုတရားစွဲပါ။
(၁၀) Time မဂ္ဂဇင်းတွင် ဆရာတော်ဦးဝီရသူအား မမှန်မကန် စွပ်စွဲရေးသားသူများကို တရားစွဲပေးပါ။
(၁၁) အမျိုးသားရေးကာကွယ်မူကို ဆန့်ကျင်သူများအား တိုက်ဖျက်ကြ။
(၁၂) ဗုဒ္ဓဘာသာသည် အကြမ်းဖက်ဝါဒမဟုတ်ပါ။
(၁၃) သမ္မတကြီး၏ Time မဂ္ဂဇင်းအပေါ် ကန့်ကွက်မူသဘောထားကိုကြိုဆိုပါသည်။
(၁၄) ဗုဒ္ဓဘာသာ ရဟန်းကို မမှန်မကန်စွပ်စွဲမူအပေါ် ကန့်ကွက်ပေးသော သမ္မတကြီးအား လိုက်လှဲစွာဂုဏ်ပြုပါသည်။
(၁၅) အမျိုးဘာသာကာကွယ်ရေး တစ်မျိုးသားလုံးဆောင်ရွက်ပေး။
(၁၆) မမှန်မကန်စွပ်စွဲရေးသားဖော်ပြသည့် Time မဂ္ဂဇင်းအားဆန့်ကျင်ကြ။
(၁၇) အမျိုးဘာသာ - သာသနာ ကာကွယ်စောင့်ရှောက်ရေးကို ကိုယ်ကျိုးစွန့်ကြိုးစားနေသော ဆရာတော်ဦးဝီရသူအားကာကွယ်ကြ။

အလိုတော်ပြည့်