Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မွတ်ဆလင်ဆယ်ကျော်သက်အရွယ်မိန်းကလေးနှစ်ဦးမိုးရေထဲထွက်သီချင်းဆို ကခုန်ခဲ့ခြင်း အတွက် အမျိုးဖျက်သည်ဟု စွပ်စွဲခံရပြီးသေနတ်ဖြင့် ပစ်သတ်ခံရ(ရုပ်/သံ)

$
0
0

လွန်ခဲ့သော တနင်္ဂနွေနေ့က ပါကစ္စတန် နိုင်ငံ Gilgit-Baltistan မြို Chilas ဒေသ၌ ဆယ်ကျော်သက် အရွယ် မိန်းကလေးနှစ်ဦးက မိုးရွာနေစဉ် အပြင်ထွက်ကာ ကခုန်ပြီး မိမိကိုယ်မိမိ ဗွီဒီယို ရိုက်ခဲ့သဖြင့် "အမျိုးဖျက်သည်" ဟု စွပ်စွဲခံရကာ သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်သတ် ခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းစာအရ သိရသည်။

အသက် ၁၅ှစ်အရွယ် အမျိုးသမီးလေး Noor Basra နှင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်လေး Noor Sheza ဆိုသော မွတ်ဆလင် ညီအစ်မ နှစ်ဦးသည် ဘာသာရေး ၀တ်စုံများ အပြည့်အစုံ ၀တ်ဆင်ပြီးမှ အခြား ကလေးငယ် နှစ်ဦးနှင့်အတူ ၄င်းတို့၏ အိမ်ရှေ့ တွင် ကခုန် ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ မိုးရေထဲတွင် ကခုန်ခြင်း၊ ကခုန်နေပုံကို ဖုန်းဖြင့် ဗွီဒီယို ဓါတ်ပုံရိုက်ခြင်းမှာ ကြီးမားသော ပြစ်မှု တစ်ခုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပါကစ္စတန်၏ မွတ်ဆလင် ဘာသာရေး အစွန်းရောက် များ၏ စွပ်စွဲခြင်း ခံရသည်။
အဆိုပါ မိန်းကလေး နှစ်ဦး၏ နေအိမ်သို့ သေနတ်သမား ငါးဦး ရောက်လာပြီး မိခင်နှင့် ယှဉ်တွဲထိုင်နေစဉ် သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြသည်။

အမှုကို ကိုင်တွယ်သော ရဲအရာရှိက အဆိုပါ တိုက်ခိုက်မှုမှာ အမျိုးသမီးငယ် နှစ်ဦးကို ရည်ရွယ်ချက် ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးဖျက်သည်ဟုစွပ်စွဲပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ လူသတ်မှုအတွက် အဓိက စီစဉ်သူမှာ သူမတို့၏ ပထွေး၏သား Khutore ဆိုသူက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော နှစ်ကလည်း တာလီဘန် မွတ်ဆလင် များက ပါကစ္စတန်နိုင်ငံ Kohistan မြို့တွင် အနည်းဆုံး မိန်းကလေး လေးဦးကို မင်္ဂလာဆောင်ပါတီတွင် ယောက်ကျားလေး တစ်ဦးနှင့်အတူ သီချင်းဆိုခြင်း၊ ကခုန်ခြင်းတို့အတွက် အပြစ်ရှိသည်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့သေးသည်။

(ဇော်လွင်ဝင်းဘာသာပြန်ဆိုသည်။ )

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>