Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မုံရွာ၊ အမှတ်(၁)သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြ

$
0
0

မုံရွာ၊ ဖေဖော်ဝါရီ ၁၆။

ဖေဖော်ဝါရီ ၁၆ ရက်နေ့နံနက်ပိုင်းက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် အပါအ၀င်လုပ်သား ၂၀ကို ရုတ်တရက် အလုပ်ထုတ်ခဲ့၍ မုံရွာမြို့အိုးဘိုတောင်ရပ်ကွက်ရှိ အမှတ် ၁ သစ်ပါးလွှာစက်ရုံမှ လုပ်သား ၁၀၀ ခန့်သည် အလုပ်မဆင်းပဲ စက်ရုံအတွင်း ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

"ရက်ကြို ပြောတာ မရှိဘူး။ အခုစာပေး အခုထုတ်ပုံစံ ဖြစ်နေတာ။ အလုပ်သမားတွေ အခွင့်အရေးဆို ရှေ့က မားမားမတ်မတ် ရပ်ပေးတဲ့သူကိုပါ ထုတ်ပစ်တယ်။ အလုပ်သမားတွေ လျော့ချနေတော့ မိသားစု စားဝတ်နေရေးဒုက္ခရောက်တယ်။ အိမ်ထောင်ရှင်ဆို လင်ရော၊ မယားရောပါ တပြိုင်နက် ထုတ်ခံရတာ ရှိတယ် "ဟု ဆန္ဒပြလုပ်သားတစ်ဦးက ပြောသည်။

ဆန္ဒပြရာသို့ မုံရွာမြို့မရဲစခန်းမှ စခန်းမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့ လာရောက်ခဲ့ပြီး ဆန္ဒပြမည်ဆိုပါက ဥပဒေနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ အလုပ်သမား ကိစ္စ အား သက်ဆိုင်ရာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံ စာတင်၍ ညှိုစေလိုကြောင်း အလုပ်သမားများကို ပြောခဲ့သည်။

အမှတ်(၁)သစ်ပါးလွှာစက်ရုံတွင် သစ်လုံးကုန်ကြမ်းများ မရတော့သဖြင့် အလုပ်သမားများကို လျော့ချနေကာ လုပ်သက်ရင့်သူများနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅၀ဦးမှာ ၂၀၁၆ နှစ်ကုန်ပိုင်းက လုပ်သားလျော့ချမှုအတွက် အလုပ်ထုတ်ခံခဲ့ရကြောင်း သိရသည်။

အလုပ်သမားများဘက်မှ အလုပ်ထုတ်လိုပါက အလုပ်သမားဥပဒေနှင့်အညီသာ ထုတ်ရန် တောင်းဆို ထားကြသည်။

၎င်းစက်ရုံသည် အမှတ် ၁ သစ်ပါးလွှာစက်ရုံ (မုံရွာ)နှင့် Prime Pacific ကုမ္ပဏီတို့အကျိုးတူ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေခြင်းဖြစ်ပြီး ၀န်ထမ်း ၂၄၄ ဦးရှိကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>