နိုင်ငံတော်လုံခြုံရေး အကြံပေး ရာထူးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အသစ်ရွေးချယ်မှုဟာ အငြင်းခံလိုက်ရပါတယ်။
သမ္မတရဲ့ ရာထူး ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အငြိမ်းစား လက်ထောက် ရေတပ်ဗိုလ်ချုပ်ကြီး ရောဘတ်ဟားဝဒ်ဟာ မိုက်ကယ်ဖလင်း အထုတ်ခံရပြီးနောက်မှာ နိုင်ငံတော်လုံခြုံရေး အကြံပေး ရာထူး အတွက် ရေပန်းအစားဆုံး ဖြစ်ခဲ့သူပါ။
အိမ်ဖြူတော် အရာရှိ ပြောဆိုချက်မှာ မစ္စတာ ဟားဝဒ်က မိသားစုနဲ့ စီးပွားရေးရာ ဦးစားပေးရမှာတွေ ရှိလို့ ဒီရာထူးကို ငြင်းပယ်ခဲ့တာလို့ ဆိုထားပေမယ့် အမေရိကန် မီဒီယာတွေရဲ့ ရေးသားချက်မှာတော့ ရေတပ်ဗိုလ်ချုပ်ဟောင်းဟာ ဒီရာထူး ယူရင် သူ့ရဲ့ ကိုင်ပိုင် အဖွဲ့ကို တပါတည်း ခေါ်လာချင်တဲ့ အတွက် အဲဒီ ကိစ္စနဲ့ စပ်လျဉ်းပြီး ညှိနှိုင်းမရ ဖြစ်ခဲ့ကာ အလုပ်ကမ်းလှမ်းမှုကို ငြင်းခဲ့တာလို့ ဆိုပါတယ်။
စီစဉ်ထားသလို ဖြစ်မလာခဲ့တဲ့ ဒီ ဖြစ်ရပ်ဟာ ထရမ့် အစိုးရအဖွဲ့ စနစ်တကျ စီမံခန့်ခွဲမှု မရှိဘူးလို့ မီဒီယာတွေရဲ့ ထောက်ပြချက်ကို သမ္မတက မနေ့က သတင်းစာရှင်းလင်းပွဲမှာ အပြင်းအထန် ငြင်းဆန်ခဲ့ပြီးနောက်ပိုင်းမှာ ဖြစ်လာခဲ့တာပါ။
သမ္မတ ထရမ့် ပထမ ခန့်ထားခဲ့တဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ကယ်ဖလင်း က ရုရှနဲ့ ဆက်သွယ်ခဲ့တဲ့ စကားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ထိမ်ချန်မှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရာထူးက အထုတ်ခံခဲ့ရပါတယ်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/