Quantcast
Viewing all articles
Browse latest Browse all 32865

ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် Morning Star စားသောက်ဆိုင်အား ဖယ်ရှား ရှင်းလင်းမည်ဟု သစ်တောဦးစီးဌာန ကြေညာချက်ထုတ်


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်း လမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့်ရှိ သစ်တောဦးစီးဌာနပိုင် မြေပေါ် တွင် ဆောက်လုပ်ထားသည့် Morning Star စားသောက်ဆိုင်အား ဖေဖော် ၀ါရီ ၁၈ ရက် နံနက် ၆ နာရီတွင် ဖယ်ရှားရှင်းလင်းမည်ဟု သစ်တောဦးစီးဌာနက အမိန့်ထုတ်ပြန်ထားချက်အရ သိရသည်။


အဆိုပါ သစ်တောဦးစီးဌာနပိုင် (၀.၄၁၄ဧက)မြေအား ၂၀၀၂ ခုနှစ် ၁၀ လပိုင်း ၁၆ ရက်မှ ၂၀၁၁ ခုနှစ် ၁၀ လပိုင်း ၃၁ ရက်အနေ့အထိ နှစ်ချုပ် စာချုပ်ဖြင့် Morning Star စားသောက်ဆိုင်သို့ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန ကြေညာချက်အရ သိရသည်။

ယင်းနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအထိ အချိန်မရွေး ဖယ်ရှားနိုင်စေရန် စာချုပ်မချုပ်ဘဲ တစ်လချင်းသာ ငှါးရမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုအစိုးအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ အဆိုပါမြေနေရာကို ဟိုတယ်/ခရီး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရမည်ဖြစ်၍ ၂၀၁၃ ခုနှစ်မတ်လမှစ၍ ငှားရမ်းခမယူဘဲ ၆ လတိတိ အခမဲ့ဖွင့်လှစ်ခွင့်ပြုပြီး ၂၀၁၃ ခုနှစ် သြဂုတ်လနောက်ဆုံးထား၍ ဖယ်ရှားပေးရန် ၂ ကြိမ်တိုင်တိုင် အသိပေးအကြောင်းကြားခဲ့ကြောင်း ဆိုသည်။


သစ်တောဦးစီးဌာနက ဖယ်ရှားပေးရန် အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း လိုက်နာမှုမရှိဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ အကြံပြုချက်ဖြင့် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ အရ ၂၁-၃-၂၀၁၆ ရက်နေ့တွင် ဖယ်ရှားပေးရန် နို့ တစ်စာပို့ခဲ့ကြောင်း ဆိုင်ပိုင်ရှင်က (၃၁-၃-၂၀၁၆) ရက်နေ့က အယူခံတင် သွင်းခဲ့ပေမယ့် အယူခံအဖွဲ့မှ ပယ်ချခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းအတွက် ၂၀၁၆၊ ဇွန် ၂၁ ရက်နေ့တွင် ၁၅ ရက်အတွင်း ထွက်ခွာရန် ဒုတိယအကြိမ် နို့တစ်စာပို့ခဲ့သော်လည်း ယနေ့အထိ ဖယ်ရှားခြင်း မရှိသည့်အတွက် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၈ အရ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့သို့ ဖယ်ရှားရှင်းလင်းခွင့် တင်ပြခဲ့ရာမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း ဆိုသည်။

ယင်းအတွက် ၂၀၁၇ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၆ နာရီတွင် သစ်တောဦးစီးဌာန ဝန်ထမ်း ၁၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့လျက် ရှင်းလင်းဖယ်ရှား သွားမည်ဖြစ်ကြောင်း သတိပေးကြေညာချက် ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- Aung Thu FB
The Ladies News
https://www.facebook.com/News.TheLadies

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လုလုအောင် HD အသစ်


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)