
( ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ် ) Photo: Kan Thar/RFA |
“၂၁ ရက်နေ့ကနေစပြီးမှ ၂၃ ရက်နေ့အထိ ကျင်းပမယ်။ ဒါပေမဲ့ အထဲမှာ ဘာတွေဆွေးနွေးမှာ လဲဆိုတာ ကျနော်တို့လည်း မသိဘူး။ ဖိတ်စာထဲမှာ ရေးထားတာတော့ တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပဲလို့ ပြောတယ် တတိယအကြိမ်လို့ အဲ့လိုရေးထားတယ်။ ကျနော်သိတဲ့အဖွဲ့တွေ ကတော့ နှစ်ဖွဲ့သုံးဖွဲ့ရှိတယ် ရခိုင်တို့ ပလောင်တို့လည်းပါပါတယ်။ ကြားသိသလောက်တော့ KIO လည်းပါမယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိစ္စတွေတော့ ဆွေးနွေးမှာလို့ ကျနော်လည်း အဲသလို ထင်ပါတယ်။"
ဒီအစည်းအဝေးကို UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ က ဦးဆောင်ကျင်းပတာဖြစ်ပြီး NCA အပစ်ရပ် စာချူပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဝင်တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့ NDAA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့တွေ တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကိုလည်း ဒီထိပ်သီးအစည်းအဝေးအတွက် ဖိတ်ကြားထားပြီး ဘယ်သူတွေတက်ရောက်မယ်ဆိုတာ မသိရသေးဘူးလို့ ဆက်ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese