Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မွန်ပြည်နယ် ၀န်ကြီးချုပ်ကို သိက္ခာရှိရှိ၊ သတ္တိရှိရှိ နုတ်ထွက်မှုဟု ဦးဝင်းထိန် ချီးကျူးစကားဆို

$
0
0

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ရာထူးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သော်လည်း မည်သူတဦး တယောက်ကိုမှ ပြစ်တင်ပုတ်ခတ်ခြင်း မရှိဘဲ သိက္ခာရှိရှိ၊ သတ္တိရှိရှိ နုတ်ထွက်သွားသည့် အတွက် ချီးကျူးကြောင်း ဦးဝင်းထိန်က ဖေဖော်ဝါရီ ၂၀ ရက် မီဒီယာအချို့နှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့သည်။

“ဦးမင်းမင်းဦး ကိစ္စကတော့ သူ့အနေအထားအတိုင်း တိုင်စာတွေ တက်တယ်။ complain တွေ တက်တဲ့အခါမှာ ပါတီအနေနဲ့ ဦးဥာဏ်ဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ စစ်ဆေးတယ်။ အဲဒီကနေ တင်ပြလို့ရတဲ့ ဟာကို ကျွန်တော်တို့ဆီ တင်ပြတယ်။ ကျွန်တော်တို့က အစိုးရအဖွဲ့ကို အကြောင်းကြားတယ်။ ကျွန်တော်တို့ကနေ ရာထူးနဲ့ ပတ်သက် လို့ ဆွေးနွေးပေးတဲ့ဟာကို သူ့သဘောနဲ့သူ သိက္ခာရှိရှိ ထွက်သွားတယ်။ သတ္တိရှိရှိ ထွက်သွားတယ်။ အဲဒီလို ထွက်သွားတဲ့အခါမှာ ဘယ်သူ့ကိုမှ မပုတ်ခတ်ဘူး။ ဘာကိုမှလည်း အပြစ် မတင်ဘူး။ ဒါဟာ အရမ်းချီး ကျူးစရာ ကောင်းတယ်”ဟု ဦးဝင်းထိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် ၀န်ကြီးချုပ်အသစ်အဖြစ် ကျိုက်ထိုမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံအား လျာထားကြောင်းလည်း ဦးဝင်းထိန်က ပြောဆိုထားသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် အသစ်အဖြစ် လျာထားသော ဒေါက်တာအေးဇံမှာ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>