Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒုတိယရဲမှူး တစ်ဦး၏ လည်ပင်းမှ ဆွဲကြိုး ဖြတ်ယူ ထွက်ပြေးသူ ဖမ်းဆီးရမိ

$
0
0


အမှတ် (၄)အစုန်အရထားပေါ်တွင် ဒုတိယရဲမှူး တစ်ဦး၏ လည်ပင်းမှ (၂)ကျပ်သားခန့်ရှိ ဆွဲကြိုးကိုဖြတ်ယူထွက်ပြေးသူ တရားခံကို သာစည်ရထားရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးရမိ
သာစည် - ဖေဖေါ်ဝါရီ (၂ဝ)

မန္တလေးဘူတာကြီးမှ ဖေဖေါ်ဝါရီ (၁၇)ရက်နေ့ ညနေ (၅)နာရီတွင် ထွက်ခွာလာသော အမှတ်(၄)အစုန်ရထားအထက်တန်းတွဲ တွဲအမှတ်(၂) ထိုင်ခုံအမှတ် ဗ-၁ဝ တွင် စီးနင်းလိုက်ပါ လာသော ခရီးသည် တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ကွက်တွင် နေထိုင်သူ အသက် (၄၆)နှစ်ရှိ ဒုတိယရဲမှူး မျိုးညွန့် ၏ လည်ပင်းတွင် ဆွဲထားသည့် အလေးချိန် (၂)ကျပ်သား ၊ ကာလတန်ဖိုးငွေ (၁၈)သိန်းခန့်ရှိ ၊ ကြံစစ်ရွှေဆွဲကြိုးတစ်ကုံးကို အမျိုးသားတစ်ဦးက သဲတောဘူတာမှ ရထားအထွက် မိုင်တိုင်အမှတ်-၃၂၂/၁ နှင့် ၃၂၂/၄ ကြားအရောက်တွင် ရုပ်တစ်ရက်စွဲဖြတ်ယူ၍ ရထားပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့သည့် မှုခင်းတစ်ရပ်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်ရပ်မှုခင်းနှင့်ပါတ်သက်၍ သာစည်ရထားရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် မင်းနိုင် နှင့် နယ်ထိန်းရဲဒုတိယတပ်ကြပ် ကျော်သူရ တို့က ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိနိုင် ရေးအတွက် အခင်းဖြစ်ပွားခဲ့သည့်နေရာသို့ ညတွင်းချင်းသွားရောက်ကြပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စုံစမ်းထောက်လှမ်းခဲ့ရာ ဖေဖေါ်ဝါရီ (၁၈)ရက်နေ့ ည(၁ဝ)နာရီ (၄၅)မိနစ်အချိန်တွင် သဲတောမြို့နှင့် ရိုးရွာကျေးရွာသို့သွားသည့် မြေသားလမ်းဘေးရှိ ဇရပ်ပျက်အတွင်းတွင် ပုန်းအောင်း နေသည့် ပြစ်မှုကျူးလွန်ခဲ့သူ အောင်ကိုဝင်း(ခ)ဘုတ်ပွ ကို သက်သေခံရွှေဆွဲကြိုး အပိုင်းပြတ်စ (၈)လက်မခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြသည်။ ပုံ ။

ယင်းအမှုနှင့်ပါတ်သက်၍ အောင်ကိုဝင်း(ခ)ဘုတ်ပွ ၊ (၃၁)နှစ် ၊ (ဘ)ဦးငွေဘော ၊ ရိုးကျေးရွာ၊ ဝမ်းတွင်းမြို့နယ်နေသူကို သာစည်ရထားရဲတပ်ဖွဲ့စခန်းက (ပ)၁/၂ဝ၁၇ ၊ ရာဇသတ်ကြီးဥပဒေ
ပုဒ်မ-၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ဖမ်းဆီး၍ တရားရုံးသို့ အမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မောင်ကို(သာစည်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>