Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်များ မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သေး

$
0
0
မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် မိုင်းအန္တရာယ်များရှိနေခြင်းကြောင့် မိမိနေရပ် ဒေသများသို့ ပြန်လည်နေထိုင်ခြင်းမပြုနိုင်သေးကြောင်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ( JMC-S) က ပြောသည်။

အဆိုပါဒေသတွင် မိုင်းရှင်းလင်းရေးအတွက် အစိုးရက တရားမ၀င်အသင်းအဖြင့်သတ်မှတ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)မှ ခွဲထွက်ထားသည့် ကလိုထူးဘောအဖွဲ့(KKO)ဖြင့် တရားဝင်ညှိနှိုင်းမှုပြုလုပ်ရန် အခက်အခဲရှိကြောင်း ကရင်ပြည်နယ် JMC-S အတွင်းရေးမှူး နန်းစေးဝါးက ပြောသည်။

“အဲဒီတစ်ဖွဲ့က အပစ်ရပ်လုံးဝမလုပ်ထားတဲ့အတွက်ကြောင့် သူတို့ကိုညှိနှိုင်းဆောင်ရွက်လို့ မရဘူး” ဟု နန်းစေးဝါးက ဆိုသည်။

လက်ရှိတွင် JMC-S အနေဖြင့် ကရင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန၏ အကူအညီရယူပြီး အဆိုပါ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသေးသည့် စစ်ဘေးရှောင်များကို ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနေသည်။

ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဧပြီလအတွင်း စတင်လုပ်ဆောင်သွားနိုင်ရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုထားသည်။

“မိုင်းရှိတဲ့နေရာတွေမှာ ရှင်းလင်းသွားဖို့ယေဘုယျဆွေးနွေးထားတာပါ။ အဓိကကတော့ ကရင်ပြည်နယ်ကို စပြီးတော့ လုပ်ဖို့တော့ စီမံထားထာရှိပါတယ်။ ဘတ်ဂျက်က ၂၀၁၇ခုနှစ်အတွင်းဧပြီလကနေ စနိုင်ဖို့ လုပ်ထား တာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB)ကို တင်ပြထားတာပါ။ သူတို့မူဝါဒ အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

ထို့သိုမိုင်းရှင်းလင်းရာတွင် ပထမအနေဖြင့် အများပြည်သူများသွားလာသည့်နေရာများကို ဦးစားပေးရှင်းလင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး တပ်စခန်းများ၏အနီးအနားများရှိ မိုင်းရှိနိုင်သည့်နေရာများကို ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမည်ဟုလည်း ဗို်လ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး DKBA ခွဲထွက်အဖွဲ့များနှင့် တပ်မတော်၊ နယ်ခြားစောင့် တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မဲသဝေါဒေသ၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲ များကြောင့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်သည် မိမိရပ်ရွာများကို စွန့်ခွာပြီး မြိုင်ကြီးငူဒေသ၌ လက်ရှိအချိန်ထိ ခိုလှုံနေဆဲဖြစ်သည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/23767

Viewing all articles
Browse latest Browse all 32865

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>