Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လိင်ပြောင်း အရုပ်မ လူမှုကွန်ရက်မှာ ပွက်လောရိုက်

$
0
0

ကလေးကစားစရာ မိန်းမလှ အရုပ်မ တခုကို ကမ္ဘာ့ ပထမဆုံး လိင်ပြောင်း အရုပ်မလို့ နာမည်တပ် ကြော်ငြာထားလို့ နိုင်ငံတကာက အင်တာနက် လူမှုကွန်ရက်တွေမှာ ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်နေပါတယ်။

Tonner အရုပ် ကုမ္ပဏီ က ဒီအပတ် နယူးယောက် မှာ ပြုလုပ်မယ့် ကလေးသူငယ် အရုပ်ပြပွဲမှာ လိင်ပြောင်း မိန်းမလှ အရုပ်ကို ပထမဆုံးအကြိမ် ထည့်သွင်း ပြသမယ်လို့ ကြေညာပြီးကတည်းက ဒီအကြောင်းကို ထောင်နဲ့ချီပြီး အွန်လိုင်းမှာ ပြောဆိုနေကြပါတယ်။

ဒီအရုပ်မဟာ ဆယ်ကျော်သက် LGBT အရေးတက်ကြွလှုပ်ရှားသူ Jazz Jennings ကို ပုံတူ ပြုထားတာပါ။

Jazz ဟာ ယောက်ျားကလေး အဖြစ် မွေးဖွားလာသူဖြစ်ပေမယ့် မိန်းကလေးဘဝကို ခံယူ နေထိုင်နေသူ တဦး ဖြစ်ပါတယ်။

အခု ၁၆ နှစ် သမီး ရှိပြီ ဖြစ်တဲ့ Jazz ဟာ သူမရဲ့ မွေးဖွာလိင်အပေါ် ဆန့်ကျင်မှုကို စကားပြောတတ်စ အရွယ်ကတည်းက ပြသခဲ့ပြီး ၆ နှစ် သမီး အရွယ်မှာ အမေရိကန် ရုပ်သံ တခုရဲ့ မေးမြန်းခန်းမှာ သူမရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားမှုတွေ၊ မပျော်ရွင်မှုတွေ အကြောင်းကို လူသိထင်ရှား ထုတ်ပြောခဲ့ရင်းနဲ့ လူသိများ ထင်ရှားလာခဲ့သူပါ။

အခု အရုပ် ကုမ္ပဏီ က သူမနဲ့ ပုံတူ အရုပ်မကို လိင်ပြောင်း အမည်တပ် ကြော်ငြာ ထားတာဟာ ပုံစံခွက်ကို ဖျက်ချိုးတာလား၊ စီးပွားရေး အရ ရေပန်းစား ပေါ်ပြူလာ ဖြစ်အောင် လုပ်တာလား လို့ ပြောဆိုစရာ ရှိလာပါတယ်။

အွန်လိုင်းပေါ်မှာ ဝေဖန်ကြသူတွေကတော့ ဒါဟာ အရောင်းတင်မြှင်တင်ရေး အစီအစဉ် တခုပဲ၊ လိင်ပြောင်း အရုပ်မ ဆိုပြီး တံဆိပ်ကပ် ဈေးတင်ရောင်းတော့ လူတွေက စိတ်ဝင်စားပြီး ဝယ်တော့မှာပေါ့၊ ကလေးကစားစရာ အရုပ်မတိုင်းက လိင်ပြောင်း လို့ ရနိုင်တာပဲ၊ ယောက်ျားကလေးနဲ့ တူတူ၊ မိန်းကလေးနဲ့ တူတူ၊ ကစားစရာ အရုပ်က အရုပ်ပဲ လို့ ဆိုကြပါတယ်။

ဒါပေမယ့် ဒီ လိင်ပြောင်းအရုပ်မ စိတ်ကူးကို ထောက်ခံကြသူတွေလည်း ဖေ့စ်ဘွတ် ပေါ်မှာ အများကြီးရှိပါတယ်။

ဒီလမ်းကြောင်း အတိုင်း ဆက်သွားရင် အနာဂတ် မျိုးဆက်သစ်ဟာ မတူကွဲပြားတဲ့ လူသားအချင်းချင်း ပိုမို ကြင်နာတတ်ပြီး စာနာ နားလည်မှု ထားတတ်တဲ့ ပျော်ရွှင်တဲ့ မျိုးဆက် ဖြစ်မယ်လို့ ခန့်မှန်းကြသူတွေလည်း ရှိပါတယ်။

Jazz ကိုယ်တိုင်ကတော့ “ကျွန်မနဲ့ ပုံတူ ဖန်တီးထားတဲ့ ဒီအရုပ်မဟာ အခြား သာမန် အမျိုးသမီးပုံစံ အရုပ်မတွေလိုပဲ ဖြစ်နေမှာပါ၊ ဘာကြောင့်ဆို ကျွန်မကလည်း အခြား အမျိုးသမီးတွေလိုပဲ အမျိုးသမီး တယောက်ပဲမို့ပါ၊ ဒီအရုပ်မကြောင့် လိင်ပြောင်းထားတဲ့ အမျိုးသမီးတွေဟာလည်း သူလို ကိုယ်လို သာမန် လူသားတွေပဲ ဆိုတဲ့ ပြသနိုင်မှု ရကာ အပေါင်းလက္ခဏာ ဆောင်တဲ့ အကျိုးကျေးဇူး တွေ ရမယ် မျှော်လင့်ပါတယ်” လို့ သူမရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>