
ထောင်အတွင်း (၂၃) ပြည့်ရန် ၂ ရက်အလိုနှင့် ထူးခြားသော ကိုယ်တွေ့ မှတ်တမ်းများအား ကိုယ်တိုင်ရေးသားခဲ့သော ဂျော်လီထွန်းမှ ” ဖတ်တဲ့သူတော့ ဘယ်လိုနေမယ်မသိပါဘူး၊ ရေးတဲ့သူကတော့ အဟောင်းတွေအသစ်ဖြစ်ပြီးတော့ မျက်ရည်ကျမိတာ ၀န်ခံပါတယ်၊ စာအုပ်ထုတ်ဖို့ ကတော့ အခက်အခဲတွေ ကြားက ကြိုးစားခဲ့ရတယ်၊ အဓိကတော့ ငွေပေါ့ဗျာ ၊ နောက်ဆုံးတော့ ရဲဘော်ရဲဘက်သူငယ်ချင်းတွေကိုသာ ဒုက္ခမျှဝေခဲ့ရတာပေါ့၊ ဟိုကချေး ဒီကငှားပေါ့ဗျာ အရင်းမြန်မြန်ပြန်ရဘို့ တော့ နည်းနည်းအရေးကြီးတာပေါ့ ၊ ချေးငှားထားတဲ့သူတွေက သူဌေးတွေမဟုတ်တော့ မြန်မြန်ပြန်ဆပ်နိုင်မှ ကောင်းမယ် ” ဟု ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါသည်။
တန်ဖိုးမဖြတ်နိုင်သော အချိန်၊ အသက်၊ သွေး၊ချွေး၊ဘ၀တို့ ဖြင့် အရင်းတည်ပြီး ဖန်တီးပြုစုခဲ့ရသော သံခြေကျင်း (၁၁) နှစ်တိတိ အခတ်ခံခဲ့ ရသူ ကိုယ်တိုင်ခံစားခဲ့ရသော ကိုယ်တိုင်နာကျင်ခဲ့ရသော မယုံကြည်နိုင်ဖွယ် ၊ တုန်လှုပ်ချောက်ချားဖွယ်၊ လူသားမဆန်သည့် ရက်စက်နှိပ်ကွပ်မူများ၊ ရှည်လျားလှသော အထီးကျန်ဘ၀များ၏ ဆာလောင်မွတ်သိပ်မူများ စာရေးသူကိုယ်တိုင် ရေးသားနေစဉ် အသစ်တစ်ဖန် ပြန်လည် ခံစားမိရင်း မျက်ရည်ကျမိသည်အထိ ဖြစ်ခဲ့ရသော ကိုယ်တိုင်ရေး အကျဉ်းထောင်သမိုင်း မှတ်တမ်းစာအုပ်ကောင်းဖြစ်ပါသည်။
မှာယူလိုပါက ဆက်သွယ်၇န် –
အီးမေး— jollyhtoon@gmail.com
ဖုန်း – ၀၉၈၆၂၉၄၂၄
The hot news weekly