Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၅၁နှစ်မြောက်“(၇)ဇူလိုင်နေ့ ”အထိမ်းအမှတ်၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

$
0
0
စာအမှတ် - ၅ / ၂၀၁၃ ( က )
နေ့စွဲ -၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်။
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )
၁၀၃၉/၁၀၄၀၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း -၀၁ ၅၆၅၉၁၉ ။ ၀၉ ၇၃၀၈၁၇၀၁၊
Email – info@the88generation.org


၅၁ နှစ်မြောက် “ (၇)ဇူလိုင်နေ့ ” အထိမ်းအမှတ်
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

ရက်စွဲ။။၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက် ၂၀၁၃ ခုနှစ်

လွန်ခဲ့သော (၅၁)နှစ်က ဤနေ့ ဤရက်တွင် အာဏာသိမ်း စစ်အစိုးရအား အံတုဆန့်ကျင်ခဲ့သည့် (၇)ဇူလိုင် ကျောင်းသားလှုပ်ရှားမှုကြီး ဆင်နွှဲပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပါလီမန်ဒီမိုကရေစီ အညွန့်အညှောင့် ကလေးသည်လည်း စစ်အာဏာရှင်စနစ်အောက် တွင် ချေမွ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦးမှစ၍ ကျောင်းသားထု၏ အခန်းကဏ္ဍ၊ ကျောင်းသားသမဂ္ဂ ၏ အခန်းကဏ္ဍသည် အထင်ကရ နေရာမှ ပါဝင်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက် အအုံသည် ကျောင်းသားခေါင်းဆောင် ဘ၀မှ အမျိုးသား ခေါင်းဆောင် အဆင့်ထိ နိုင်ငံ့ခေါင်းဆောင်အဆက်ဆက် မွေးဖွားသန့်စင်ခဲ့ရာ ဘူမိနက်သန်လည်းဖြစ်သည်။

တန်ဖိုးကြီးမားသော သမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီြး ခင်းဖြင့် ကျောင်းသားထု၏ မတရားမှုကို ဆန့်ကျင်တော်လှန်သည့် အစဉ်အလာကို ဖျောက်ဖျက်နိုင်လိမ့်မည် ဟုယူဆခြင်းသည် စစ်အာဏာရှင်တို့၏ သမိုင်းတွင် မည့် မှားယွင်းမှုကြီးပင်ဖြစ်သည်။ အာဏာရှင် အဆက်ဆက် ကြေပျက်သွားသော်လည်း သမဂ္ဂ၀ိညာဉ်ကား မျိုးဆက် အဆင့်ဆင့် စီးဆင်းလျက်ပင်ရှိသည်။
ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသည့်ကာလတွင် ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံပြန်လည်ပေါ်ထွန်းရေးအတွက် မျိုးဆက်အသီးသီး ပူးပေါင်း ကြိုးပမ်း နေကြပြီဖြစ်သည်။

ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂ ရှိရမည်။

သမဂ္ဂ၀ိညာဉ် ရှင်သန်ဖွံ့ဖြိုးနေစေရမည်။

သမဂ္ဂအဆောက်အအုံ အမြန်ဆုံး ပေါ်ထွန်းစေရမည်။


၈၈ မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>