နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) အတွက် သုတေသန လုပ်ပေးနေတဲ့ စီစီလျာ အိုလီဗီယာ ဟာ ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနဲရိုးမှာ သေနတ်ပစ်မှု တွေ အတွက် စိတ်ချရတဲ့ အချက်အလက် ရှာဖွေ ခဲ့ပေမယ့် အစိုးရရဲ့ တရားဝင် စာရင်းဇယားမရှိလို့ အရေအတွက်အတိအကျ မသိနိုင်ခဲ့ပါဘူး။
ဒါကြောင့် သူဟာ ဖိုဂိုခရူဇာဒို လို့ ပေါ်တူဂီလို ပစ်မှတ်လွဲ သေနတ်ပစ်ခတ်မှု အမည်ရတဲ့ မိုဘိုးလ် App တခုကို ဖန်တီးနိုင်ဖို့ ကူညီခဲ့ပါတယ်။ ရီယို မြို့သူ မြို့သားတွေ အနေနဲ့ ဒီ App ကို အသုံးပြုပြီး မိမိဝန်းကျင်က သေနတ်ပစ်ခတ်မှုတွေကို လက်ကိုင် မိုဘိုလ်း ဖုန်းကတဆင့် မှတ်တမ်းတင် သတင်းပေးပို့နိုင်ပါတယ်။
လူသန်းချီ နေတဲ့ မြို့တော်မှာ မနှစ် ဇူလိုင်လ စတင် ချိန်ကနေ ဒီနှစ် ဇန်နဝါရီလ အတွင်း ဒီ App ကတဆင့် သတင်းပို့တဲ့ သေနတ်ပစ်ခတ်မှု အရေအတွက်က ကြောက်စရာ ကောင်းလှပါတယ်။
စုစုပေါင်း ၂,၅၁၇ မှု မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒါဟာ ပျမ်းမျှ ၁ ရက်ကို ပစ်ခတ်မှု ၁၄ ကြိမ် နီးပါး ဖြစ်ပွားနေတဲ့ သဘောပါ။ ဒီ ပစ်ခတ်မှုတွေမှာ လူ ၅၃၉ ယောက် သေဆုံးပြီး ၅၇၀ ယောက် ထိခိုက်ဒဏ်ရာ ရကြောင်းလည်း တွေ့ရှိရပါတယ်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/