Quantcast
Viewing all articles
Browse latest Browse all 32865

အမျိုး၊ဘာသာ၊သာသနာကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image may be NSFW.
Clik here to view.
myosauntlaw-july10

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့သည်။

အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်၏ ဦးစီးဆရာတော်က အမျိုးစောင့်ဥပဒေ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်ကို မိန့်ကြားခဲ့ပြီး ဆရာတော်က "အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးလေးတွေနဲ့ အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ မိခင်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီမျိုးစောင့်ဥပဒေ ဖြစ်ပေါ်ရေးကို နှိုးဆော်တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။ အခုက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ မူချောမဖြစ်သေးပါဘူး။ မူကြမ်းမှာလဲ လိုအပ်ချက်တွေ၊ လစ်ဟာချက်တွေ၊ ကျော်လွန်နေတာတွေ ပါကောင်းပါလိမ့်မယ်။ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှပဲ မူချောအဆင့်ကို ရောက်မှာပါ" ဟု မိန့်ကြားခဲ့သည်။

ဆရာတော် အရှင်စန္ဒာသီရိကလည်း ယခုဥပဒေကို အချက်သုံးချက်အပေါ် မူတည်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာတိုင်းလည်း အစိုးရအပေါ်သာ အပြစ်ပုံချ၍ မရကြောင်း၊ ပြည်သူလူထုအကြား ဖြစ်ပွားနေသော ကောလာဟလများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာရကြောင်း မိန့်ကြားခဲ့ပြီး လူမျိုး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြသော မြန်မာနိုင်ငံအတွင်း သံသယများ မဖြစ်ပေါ်လာအောင် အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုခြင်း ဖြစ်သည်ဟု ထပ်မံမိန့်ကြားသည်။
ထိုပွဲသို့ လူ ၃၀၀ ခန့် တက်ရောက်လာကြပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးဂျင်မီနှင့် နာရေးကူညီမှု အသင်းမှ ဒေါ်သန်းမြင့်အောင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်မှ ဒေါ်မျိုးမျိုးအေးက ပြောကြားရာတွင် ၎င်းနှင့်လွှတ်တော်အမတ် ၂၀ ဦးနှင့် ဆွေးနွေးခဲ့ရာ ၁၈ ဦးက သဘောတူညီမှု မရှိကြောင်းနှင့် သူမအနေနှင့် အမျိုးစောင့်ဥပဒေကို သဘောတူသော်လည်း အများသဘောတူစေရန် ၁၉၅၄ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ထပ်မံဖြည့်စွက်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု လျှောက်ထားခဲ့သည်။
ဆရာတော် အရှင်စန္ဒာသီရိကလည်း ယခုဥပဒေကို အချက်သုံးချက်အပေါ် မူတည်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာတိုင်းလည်း အစိုးရအပေါ်သာ အပြစ်ပုံချ၍ မရကြောင်း၊ ပြည်သူလူထုအကြား ဖြစ်ပွားနေသော ကောလာဟလများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာရကြောင်း မိန့်ကြားခဲ့ပြီး လူမျိုး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြသော မြန်မာနိုင်ငံအတွင်း သံသယများ မဖြစ်ပေါ်လာအောင် အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုခြင်း ဖြစ် . . . . .

နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင်က "တပည့်တော်မှာ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့် အခုလို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အားလုံး ညီညွတ်ခြင်းနဲ့ ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အစမှာက မတူညီတဲ့ ဘာသာနှစ်ခုကြားမှာ ဖြစ်ပွားခဲ့ရာကနေ အခုအချိန်မှာ ဗုဒ္ဓဘာသာများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီဥပဒေကို သဘောတူသူရော၊ သဘောမတူသူများပါ ပါဝင်ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးပြီး ဒီဆွေးနွေးပွဲတွေကနေ ဘာကြောင့်သဘောမတူတာလဲ။ ဘာကြောင့်သဘောတူတာလဲကို ဆွေးနွေးစေချင်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အပေါ်မှာ ကိုယ်လိုအပ်တာတွေ ထပ်မံဖြည့်စွက်ပြီး ကမ္ဘာတည်သရွေ့ တည်တံတဲ့ ဥပဒေဖြစ်အောင် ပြုလုပ်စေလိုပါတယ်။ နောက်ပြီး ကျွန်မတို့နိုင်ငံမှာ ဘာသာရေး ပြဿနာအပြင် မူးယစ်ဆေးဝါး၊ လောင်းကစား စတာတွေကြောင့်လည်း လူငယ်တွေကြားမှာ ပြဿနာဖြစ်နေတာတွေ ရှိတယ်" ဟု  ပြောကြားသည်။

ထို့နောက် ၈၈ မျိုးဆက်မှ ဦးကိုကိုကြီးက "ဒီကိစ္စကို ကျွန်တော်တို့ ဆရာတော်ကြီးတွေနဲ့ ညှိနှိုင်းပါတယ်။ အမျိုးသမီး အဖွဲ့တွေနဲ့လည်း ညှိနှိုင်းခဲ့တယ်။ ကျွန်တော်တို့နိုင်ငံရေး လုပ်တဲ့အခါမှာ နိုင်ငံသား အားလုံးအတွက် စဉ်းစားပါတယ်။ အဓိကကတော့ ဥာဏ်ပညာနဲ့ လွှမ်းခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့လိုပါတယ်။ ဥပဒေတစ်ခုဆိုတာက နိုင်ငံနဲ့အ၀ှမ်း သက်ရောက်တာဆိုတော့ နိုင်ငံတစ်ခုလုံးက သက်ဆိုင်သူတွေအားလုံး ပါဝင်သင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိပါဘူး။ တည်ဆဲဥပဒေ တချို့တောင်မှ မကျင့်သုံးနိုင်သေးတာကို တွေ့ရတယ်။ ဒါကြောင့် ဥပဒေဘယ်လောက်ပဲ ကောင်းကောင်း ဥပဒေစိုးမိုးမှုရှိမှ လိုက်နာကျင်သုံးရမှာပါ။ ဥပဒေတစ်ခုမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိသလို ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင်လည်း ဒီထက်ပိုကျယ်ပြန့်အောင် လုပ်ဖို့လည်း လိုပါတယ်" ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို ထောက်ခံသူများလည်းရှိပြီး ဆရာတော် ဦးပါမောက္ခက ဦးကိုကိုကြီးအား မျိုးစောင့်ဥပဒေကို ထောက်ခံ၊ မထောက်ခံ ဖြေကြားရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို ဦးကိုကိုကြီးမှ အလုပ်ရုံဆွေးနွေးပွဲတွင် တစ်ဦးနှင့်တစ်ဦး အကျပ်ကိုင် မေးခွန်းထုတ်ခြင်းဖြင့် အဖြေမရနိုင်ကြောင်း ၎င်းတို့အနေနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာရန် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Eleven media group

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>