Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပစ္စည်းပို့သမားဘ၀မှ တရုတ်တွင် တတိယမြောက်အချမ်းသာဆုံးဖြစ်လာသူ

$
0
0

ဖောက်သည်များမှာသည့် ပစ္စည်း များကို တစ်မြို့မှတစ်မြို့သို့ခဲရာခဲဆစ် လိုက်ပို့ပေးခဲ့သူ ပစ္စည်းပို့သမားသည် ယခုအခါတွင်တရုတ်နိုင်ငံ၌ တတိယ မြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီ ဖြစ်သည်။

အမြန်ချောပို့လုပ်ငန်း အက်စ် အက်ဖ်ကို တည်ထောင်သူ အသက် ၄၆ နှစ်အရွယ် ဝမ်ဝီသည် ပိုင်ဆိုင်မှု ဒေါ်လာ ၂၇ ဘီလျံဖြင့် တရုတ်တွင် တတိယမြောက် အကြွယ်ဝဆုံးပုဂ္ဂိုလ် ဖြစ်လာခြင်းဖြစ် သည်။ ၎င်းသည် အမြန်ချောပို့လုပ်ငန်းကို လွန်ခဲ့သည့် ၂၄ နှစ်က စတင်လုပ်ဆောင်ခဲ့ သည်။

၎င်းသည် အသက်၂၂ နှစ်အရွယ် တွင် ဖခင်ထံမှ ဒေါ်လာ ၁၄ ၄၀၀ ချေးကာ လုပ်ငန်းစလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ၎င်းက လေယာဉ် များငှားကာ ဖောက်သည်များ မှာသည့် ပစ္စည်းများကို အရောက်ပို့ခဲ့သည်။သို့ သော် ၂၀၀၉ ခုနှစ်တွင် လေယာဉ်ငှားရုံဖြင့် မရတော့ပေ။

ထို့ကြောင့် ၎င်းက ကိုယ်ပိုင် လေကြောင်းလိုင်း ထောင်လိုက်ကာ ပစ္စည်းများ ပို့တော့သည်။

တစ်နေ့တခြား လုပ်ငန်းကြီးထွား အောင်မြင်လာစေရန် လုပ်ဆောင်နိုင်စွမ်းရှိသည့်၎င်းက ကြီးပွား လိုသူ လူငယ်များကို အမှာစကား ပြောခဲ့ သည်။

လုပ်ရဲကိုင်ရဲရှိရမယ်၊ ဆန်းသစ် တီထွင်နိုင်စွမ်းရှိရမယ် ပြီးတော့တာဝန် ယူလိုစိတ် ရှိရမယ်] ဟု ၎င်းက ဆိုသည်။
၎င်းလုပ်ငန်း၏ရှယ်ယာဈေးများ ဆက် တိုက်တက်နေသဖြင့် ၎င်းသည် မကြာမီ တရုတ်နိုင်ငံတွင်နံပါတ်တစ်အချမ်းသာ ဆုံးပုဂ္ဂိုလ်ဖြစ်လာဖွယ် ရှိနေသည်။

Ref ; CCTV
Credit: pyimyanmar

===========

Search Myanmar

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>