Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မောင်တောဒေသ ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းလျက်ပြီး လုံခြုံရေး စိုးရိမ်စရာ မရှိကြောင်း ဆို

$
0
0

မောင်တော၊ မတ်လ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းလျက်ရှိပြီး လုံခြုံရေးစိုးရိမ်စရာမရှိကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

မောင်တောဒေသတွင် နောက်ထပ်အကြမ်းဖက်မှုများဖြစ်လာနိုင်သည်ဟု ယနေ့ မတ်လ ၁၁ ရက်နေ့က လူမှုကွန်ယက် Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိနေသည့်အပေါ် ပြည်သူလူထုများက စိုးရိမ်နေသည့်အတွက် မောင်တောအခြေအနေများနှင့်ပတ်သတ်ပြီး DMG က ဆက်သွယ်မေးမြန်းရာတွင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လက်ရှိမောင်တောဒေသရဲ့ အခြေအနေက တည်ငြိမ်အေးဆေးနေပါတယ်ဗျာ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ မောင်တောမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နိုင်လို့ လုံခြုံရေးကို အထူးဂရုပြုဖို့ အစိုးရအဖွဲ့က ညွှန်ကြားထားကတော့ ပုံမှန်အတိုင်းညွှန်ကြားနေတာပါ။ အဲ့ဒီလို နောက်ထပ်မဖြစ်အောင်အတွက်ပေါ့။ ထူးခြားဖြစ်စဉ်တွေကြောင့် ညွှန်ကြားတာ မဟုတ်ပါဘူးဗျာ။ ပြည်သူတွေကို ပြောချင်တာက ဘာမှမဖြစ်ပါဘူး။ စိုးရိမ်စရာမရှိပါဘူး။ နယ်မြေအခြေအနေအရ လုံခြုံရေးအဖွဲ့တွေက အားလုံးကို ထိန်းချုပ်ထားပြီးသား ဖြစ်ပါတယ် ” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောအကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် နယ်ခြားစောင့်ရဲစခန်း ၃ ခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံလိုက်ရပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်အမြောက်အများ ပျက်စီးဆုံးရှုံးသွားခဲ့သည်။

မောင်တောဒေသတွင် လက်ရှိအချိန်၌ နေအိမ်မီးလောင်မှုများ၊ လူသတ်ခံရမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရသည်။

ဖဒူ ထွန်းအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>