ရန်ကုန်၊ မတ် ၁၂
၂.၁၂.၂၀၁၆ ရက်နေ့ ၀၆၀၀ အချိန်ခန့်တွင် ခရမ်းမြို့နယ်၊ မောင်းမကျေးရွာ၌
နေအိမ်ပေါ်တက်ရောက်၍ အိပ်ပျော်နေသူ အမျိုးသမီး ၂ ဦးအားသတ်ပြီး
ပစ္စည်းများယူဆောင်သွားကြောင်း သတင်းရရှိသဖြင့် တိုင်း/ခရိုင်နှင့် ခရမ်းမြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ မောင်းမကျေးရွာနေ မအေးမာဦးသည် အခင်းဖြစ်နေ့ ၀၆၀၀ အချိန်
ခန့်တွင် ယောက္ခမတော်စပ်သူ၏ နေအိမ်သို့ ထမင်းချက်ရန်သွားရောက်စဉ်
အရည်များနင်းမိသဖြင့်ကြည့်ရာ သွေးကွက်များဖြစ်နေကြောင်းတွေ့ရှိရ၍
အပေါ်ထပ်သို့တက်ကြည့်ရာ မဖြူနှင်းဝေ၊ (၂၀)နှစ်အား သွေးများဖြင့်တွေ့ရ၍
မကြည့်ရဲတော့ဘဲ အဖော်လာအိပ်သူ မစန္ဒာဝင်း၏နေအိမ်သို့သွားရောက်ပြီး
၎င်း၏မိခင်ဖြစ်သူနှင့်အတူသွားရောက်ကြည့်ရှုရာ အပေါ်ထပ်၌ မဖြူနှင်းဝေနှင့်
မစန္ဒာဝင်းတို့တွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး
မဖြူနှင်းေ၀၀တ်ဆင်ထားသော ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေဆွဲသီး(၁)ခု၊ ရွှေလက်
စွပ်(၁)ကွင်း၊ ရွှေလက်ကောက်(၁)ကွင်း၊ HUAWEI G 730 အမျိုးအစား
ဆင်းကတ်ပါအဖြူရောင်လက်ကိုင်ဖုန်း(၁)လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၉၀၀၀၀၀)မှာ ပါဆုံးသွားကြောင်းတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူအား
အရေးယူပေးရန်တိုင်တန်းချက်အရ ခရမ်းမြို့မရဲစခန်း (ပ)၇၄၀/ ၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၇ ဖြင့်အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး အောင်မြတ်စိုး
ဦးဆောင်သောတပ်ဖွဲ့ဝင်များက အမှုနှင့်ဆက်စပ်၍ မသင်္ကာသူများနှင့်
ပြစ်ချက်ဟောင်းရှိသူများအား စဉ်ဆက်မပြတ်သတင်းရယူစုံစမ်းဆောင်ရွက်
ခဲ့ရာ မောင်းမကျေးရွာနေ ကျော်စိုးနိုင်(ခ)ကုလားသည် အခင်းဖြစ်စဉ်ညက
ဆိုင်ကယ်တစ်စီးဖြင့် သွားလာမှုများရှိခဲ့ကြောင်း စုံစမ်းသိရှိရ၍ ၎င်း၏
နောက်ကြောင်း၊ သွားလာတတ်သည့်နေရာနှင့် ပေါင်းသင်းတတ်သူများကို
စုံစမ်းခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်နေ သိန်းဇော်(ခ)
ချစ်ရင်ထူးနှင့်အတူ ပန်းရံအလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း၊ လွန်ခဲ့သော(၃)လကျော်
ခန့်က အပြာရောင်ဆိုင်ကယ်တစ်စီးဖြင့် အတူတကွသွားလာတတ်ကြောင်း
သတင်းများရရှိခဲ့ပြီး သိန်းဇော်(ခ)ချစ်ရင်ထူးမှာလည်း ယခင်ကထောင်ကျ
ဖူးသူဖြစ်သည့်အပြင် လွန်ခဲ့သော(၃)လခန့်က ရွှေထည်များကိုရောင်းချ
ခဲ့ကြောင်းကို မိမိအမာခံသတင်းပေးများထံမှတစ်ဆင့် သတင်းရရှိခဲ့ပါသည်။
စုံစမ်းရရှိသောသတင်းများအားအခြေခံ၍ ဆက်စပ်သုံးသပ်ပြီး ဒုရဲမှူး
အောင်မြတ်စိုးနှင့်အဖွဲ့မှ သိန်းဇော်(ခ)ချစ်ရင်ထူးအား ၎င်းနေထိုင်ရာ
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်မှ ၁၀.၃.၂၀၁၇ ရက်နေ့တွင် ဖမ်းဆီးရမိပြီး ကျော်စိုးနိုင်(ခ)ကုလားအား ၁၁.၃.၂၀၁၇ ရက်နေ့တွင် ၎င်းနေထိုင်သောခရမ်းမြို့နယ်၊ မောင်းမကျေးရွာမှ
ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးချက်အရ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းကသိန်းဇော်(ခ)ချစ်ရင်ထူး
သည် နေအိမ်၌ရှိနေစဉ် ကျော်စိုးနိုင်(ခ) ကုလားရောက်ရှိလာပြီး ၎င်းသည်
မောင်းမကျေးရွာ၌နေထိုင်စဉ် အခင်းဖြစ်နေအိမ်အား ကျူးကျော်ဝင်ရောက်ခဲ့
သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့်ဖြေရှင်းခဲ့ရသည်ကိုမကျေနပ်ကြောင်း၊
အဆိုပါနေအိမ်တွင် ငွေသိန်း(၁၀၀)ခန့်ရှိပြီး သွားရောက်ခိုးယူပါက အဆင်
ပြေနိုင်ကြောင်း ပြောဆိုတိုင်ပင်ခဲ့ကြကြောင်း၊ ၁.၁၂.၂၀၁၆ ရက်နေ့ ည
၁၁ နာရီ အချိန်ခန့်တွင် ၎င်းတို့(၂)ဦးသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ
ခရမ်းမြို့နယ်၊ မောင်းမကျေးရွာရှိ အခင်းဖြစ်နေအိမ်သို့ Follow meအပြာရောင်
ဆိုင်ကယ်ဖြင့်သွားရောက်ကာ ကျော်စိုးနိုင်(ခ)ကုလားမှ နေအိမ်အနီးရှိ
တာဘောင်ပေါ်တွင် ဆိုင်ကယ်ဖြင့်စောင့်နေခဲ့ကြောင်း၊ သိန်းဇော်(ခ)
ချစ်ရင်ထူးမှ နေအိမ်ဝရန်တာသို့ အနီးရှိသစ်ပင်မှတစ်ဆင့်ဝင်ရောက်ခဲ့ပြီး
အိပ်ခန်းအတွင်းရှိဗီရိုများအားဖွင့်၍ ပစ္စည်းများလိုက်ရှာစဉ် အိပ်ပျော်နေသော
အမျိုးသမီးတစ်ဦးနိုးလာပြီး “ဘယ်သူလဲ”ဟုမေးသဖြင့် အသင့်ယူဆောင်လာ
သောဓားဖြင့်ထိုးစဉ် ကျန်အမျိုးသမီးတစ်ဦးမှာလည်းနိုးလာသဖြင့် ၎င်းမှ
ဓားဖြင့်ထပ်မံထိုးခဲ့ပြီး အမျိုးသမီး တစ်ဦးဝတ်ဆင်ထားသော ရွှေထည်
လက်ဝတ်လက်စားများနှင့် လက်ကိုင်ဖုန်း ၁ လုံးအားယူဆောင်၍ထွက်ပြေး
တိမ်းရှောင်ခဲ့ပြီး ရွှေထည်ပစ္စည်းများအား ရောင်းချသုံးစွဲခဲ့ကြောင်းနှင့်
အခင်းဖြစ်စဉ်က အသုံးပြုခဲ့သောဓားအား နေအိမ်ရှိ အိမ်သာအတွင်းသို့
လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ အသုံးပြုခဲ့သည့်သက်သေခံဓား၊ ဆိုင်ကယ်နှင့်
ပါဆုံးသွားသော ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတို့အား ပြန်လည်
သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့(၂)ဦးအား အမှုဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police