Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အသက် ၇၅ နှစ်အရွယ် အဘွားအိုအား ကျိုက်ထီးရိုးရင်ပြင်တော်တွင် ခါးပိုက်နှိုက်မှုဖြင့် ဖမ်းဆီးထား

$
0
0

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်တွင် မတ်လ ၁၁ ရက်နေ့က ဘုရားဖူးသူတစ်ဦး ထံမှ ခါးပိုက်နှိုက်သည်ဟုဆိုကာ အသက်၇၅ နှစ်အရွယ်အဘွားအိုအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
“ကလေးက သူအမေပခုံးပေါ်မှာမှီပြီးအိပ်လာတော့ ကလေးလက်က သူအမေကျောဘက်မှာ ကျနေတာ ဒါကိုအနောက်ကလိုက်လာတဲ့ အဘွားအိုက ကလေးလက်က လက်ကောက်ကို ချွတ်ယူပြီး ထွက်သွားတာ ကလေးအမေက အော်ဟစ်အကူညီတောင်းလို့ ရင်ပြင်တော် တာဝန်ကျ တပ်ဖွဲ့ဝင်တွေက ဖမ်းပြီး အရေးယူထားပါတယ်''ဟု ကင်မွန်းချောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦက ပြောသည်။

 ဖြစ်စဉ်တွင် မဇင်မာဝင်း ၂၅ နှစ် ဘ ဦးမြင့်သန်း မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူသည် သမီးဖြစ်သူ အား ချီပိုးပြီးအဖော်များနှင့်အတူ ကျိုက်ထီးရိုးစေတီတော်အား ဖူးမျှော်ပြီး ပြန်အဆင်းတွင် ရွှေနန်းကျင် နတ်နန်းအနီးတွင် အနောက်မှလိုက်ပါလာသော ဒေါ်သိန်းထွေး ၇၅ နှစ် ဘ ဦးစံညွှန် သန်လျင်မြို့နယ်နေသူမှ သမီးဖြစ်သူ၏ လက်တွင် ဝတ်ထားသော အလေးချိန်တစ်မတ်သားခန့်ရှိ ရွှေလက်ကောက်အား ဖြုတ်ယူပြီး ကျော်တက်သွားသည်ကို တွေ့ရှိသဖြင့် ပတ်ဝန်းကျင်မှ လူများအား အကူညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရင်ပြင်တော်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးခဲ့ပြီး စစ်ဆေးရာတွင် ဒေါ်သိန်းထွေး ခြုံထားသော ခြုံပဝါအတွင်းမှ ရွှေလက်ကောက်အားတွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်သိန်းထွေးအား ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ (ပ) ၆၁/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>