Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ တစ်ကွက်မြင်၊ နှစ်ကွက်မြင် နိုင်ငံရေးသမားမဟုတ်

$
0
0

အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ တစ်ကွက်မြင်၊ နှစ်ကွက်မြင်နိုင်ငံရေးသမားမဟုတ်၊ ၁၅ ကွက်လောက်ကြိုမြင်တဲ့ Grand Master အဆင့်နိုင်ငံရေးသမားဖြစ်တယ်ဟု
အငြိမ်းစားတပ်မတော်အရာရှိ သတင်းစာဆရာကြီးမှပြောကြား

ယနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရိပ်အယောင်တွေ မြင် စပြုလိုက်တာနဲ့ တစ်ပြိုင်နက်တည်း လမ်းမတွေပေါ်မှာ ခါတော်မှီ ဆေး ရိုးထွက်လှန်းချင်သူတွေကိုတွေ့လာ ရတယ်။ ကလေးနှစ်ယောက်ကိစ်္စ အပေါ် လူ့အခွင့်အရေးရှုထောင့်မှ ပြောကြားလိုက်တဲ့လူထုခေါင်းဆောင် ကိုလည်း ချက်ချင်း ဆာရီခြုံပေး လိုက်ကြတယ်လို့ နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ ပင်တိုင် ဆောင်းပါးတွေရေးနေတဲ့ အငြိမ်း စားတပ်မတော်အရာရှိကြီးလည်း ဖြစ်၊ သတင်းစာဆရာလည်းဖြစ်တဲ့ ဆရာ “အောင်မြင်သူ” က အခုလို သတိပေးပြောကြားလိုက်ကြောင်း လည်း သိရပါတယ်။

ဒီကနေ့ မြန်မာ့နိုင်ငံရေး ခေတ်ဟာဉဏ်ပညာနဲ့ချဉ်းကပ်ရ မယ့်ခေတ်ဖြစ်ပြီး သမိုင်းသင်ခန်းစာ တွေကိုလည်း မေ့မေ့လျော့လျော့မရှိ ဖို့လိုအပ်သလို လက်ရှိကာလဟာ ထိလွယ်၊ရှလွယ်ကာလလည်းဖြစ်ပါ တယ်။ဒီမိုကရေစီဆိုတဲ့ တာဝန်ယူ မှု၊တာဝန်ခံမှု၊ လွတ်လပ်မှုနဲ့ ပြည်သူ့ ထံမှသက်ဆင်းရတဲ့အာဏာအပေါ် ပြည်သူလူထုကိုယ်တိုင် သတိကြီး ကြီးရှိကြဖို့၊ နိုင်ငံနဲ့လူမျိုးအပေါ် စစ် မှန်စွာချစ်တတ်ဖို့အပြင် အနာဂတ် နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်များ အရေးကို ရည်မျှော်ကြဖို့ တစ်ပွဲထိုး နိုင်ငံရေးထုံးမန်းတွေနဲ့ မိမိကိုယ်မိမိ ပေါ်ပြူလာဖြစ်အောင်မလုပ်ကြဖို့ ၀ါရင့် နိုင်ငံရေးသမားကြီးတစ်ဦးကလည်း အလွှာပေါင်းစုံ ပြည်သူလူထုကို သတိပေးပြောကြားခဲ့ဖူးပါတယ်။ ယခုလည်း သတင်းစာဆရာလည်း ဖြစ်၊အငြိမ်းစားတပ်မတော်အရာရှိကြီး လည်းဖြစ်တဲ့ဆရာအောင်မြင်သူက...
“ကျွန်တော်စာရေးတဲ့နေ ရာမှာသိလို့၊တတ်လို့၊ဝေဖန်ထောက်ပြ ခြင်းမဟုတ်ပါ။သမိုင်းသင်ခန်းစာတွေ ကိုရယူပြီး နိုင်ငံအနာဂတ်၊ လူမျိုးအနာ ဂတ်တည်ဆောက်တဲ့နေရာမှာ အမှား နည်းစေရန်ဖြစ်ပါတယ်။ စစ်တုရင် ကစားနည်း စကားနဲ့ပြောရမယ်ဆိုရင် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ကွက်မြင်၊ နှစ်ကွက်မြင် နိုင်ငံရေး သမားမဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးကို ၁၅ ကွက်ခန့် ကြိုမြင်နိုင်တဲ့ Grand Master အဆင့်ဖြစ်ပါတယ်”လို့ နေ့ စဉ်ထုတ်ပုဂ်္ဂလိက ရွှေနိုင်ငံသတင်းစာ မှာ ရေးသားနေတဲ့ ဆရာအောင်မြင် သူက ရေးသားထားတာကိုလည်း တွေ့ရှိရပါတယ်။

“ကျွန်တော်ပြောခဲ့ဖူးပါ တယ်။လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နိုင်ငံရေး စစ်မျက်နှာတွေက အရမ်းများတယ်။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင် ခဲ့ရတဲ့ လွတ်လပ်ရေးကာလ စစ်မျက် နှာထက်များတယ်။ ခေတ်သစ်နိုင်ငံ ရေးကျားကစားပွဲမှာ သူတစ်ယောက် တည်းနဲ့ နိုင်ငံရေးစစ်မျက်နှာပေါင်းစုံ က လူတစ်အုပ်စုလုံးနဲ့ ရင်ဆိုင်နေရ တာ။ ဒီကြားထဲ ဆေးရိုးထွက်လှန်း သူတွေ၊ ခါတော်မှီ ဗျောက်အိုး ဖောက်သူတွေ၊ ဒီမိုကရေစီအလွဲသုံး စားလုပ်သူတွေရဲ့စစ်မျက်နှာကိုလည်း ရင်ဆိုင်ရသေးတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်အဆင့်ထက် ကမ်္ဘာ့ ခေါင်းဆောင်အဆင့်ကို ရောက်နေ တာ။ သူ့ရဲ့နှုတ်ထွက်စကားတွေ အပေါ်ကမ်္ဘာကစောင့်ကြည့်မှတ်တမ်း တင်နေတာ။ဒီအချိန်မှာ သူ့ရင်ထဲမှာ သူ့နိုင်ငံ၊ သူ့လူမျိုးအပေါ် ဘယ်လို စိတ်တွေပဲရှိနေ၊ ရှိနေ နှုတ်ထွက် စကားအပေါ်မှာတော့ ကမ်္ဘာက လက်ခံနိုင်တဲ့စကားမျိုးကိုပဲ သူပြော ရမှာပဲ ဆိုတာလောက်ကိုတောင် ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသား တွေက သဘောမပေါက်တာများ တယ်။ ဒါ့ကြောင့် ဒီမိုကရေစီကို အသုံးချပြီး လွတ်လပ်စွာ တံဆိပ် ကပ်နေကြတာ။ ဆာရီခြုံပေးနေကြ တာ။ ဒီဉဏ်ရည်ဉဏ်သွေး လောက်နဲ့ဆိုရင် တိုင်းပြည်ရော၊ နိုင်ငံသူ၊ နိုင်ငံသားတွေရော ကမ်္ဘာ့ အဆင့်အတန်းကိုတိုးဝင်ဖို့ရင်ဘောင် တန်းဖို့ ခက်နေဦးမှာပါပဲ” လို့ ၀ါရင့် နိုင်ငံရေးသမားကြီးတစ်ဦးကလည်း လက်ရှိနိုင်ငံရေးဖြစ်စဉ်များနဲ့ပတ်သက် လို့ အခုလိုထုတ်ဖော်ပြောကြားခဲ့တာ ကိုလည်း ကြားသိရပါတယ်။

The First Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ရဲချုပ်ကိုအကြံပေးခန့် 


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>