Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာ့ဈေးကွက်ထဲကိုဝင်လာဖို့ ရာလက်တွန့် နေသေးတဲ့ အမေရိကန်

$
0
0
၂၀၁၃ နှစ်ဦးပိုင်းကတည်းက မြန်မာ ဈေးကွက်ထဲကို ၀င်ရောက်ဖို့အတွက် အမေရိကန်စီးပွားရေးပညာရှင်တွေလာ ရောက်လေ့လာနေပါတယ်။ သူတို့က ဈေးကွက်ကိုကြည့်တယ်။ သုံးသပ်တယ်။ ဒီကလုပ်ငန်းရှင်တွေနဲ့တွေ့တယ်။ ပြီးတော့ ပြန်သွားကြတယ်။ အမေရိကန်အာဆီယံ စီးပွားရေးကောင်စီက ညွန်ချုပ်အန်သိုနီ နယ်လ်ဆင်ကတော့ အမေရိကန်တွေ မြန်မာပြည်မှာ လှုပ်ရှားဖို့အတွက်ပြင်နေ ကြပြီလို့ဆိုတယ်။ အဲဒီကောင်စီရဲ့ဥက္ကဋ္ဌ အလက်ဇန်ဒါးဖီးမင်းကတော့ ဒီလ (၁၀) ရက်နေ့မှာ ကောင်စီလူကြီးတွေနဲ့ အစည်း အဝေးထိုင်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ် နှံမှုပြုဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း တွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားရမလဲ ဆိုတာကို အကျဉ်းရုန်းပြီးဆိုသွားခဲ့တယ်။

အမေရိကန်-အာဆီယံကောင်စီက ဒီနှစ်တစ်နှစ်လုံးကိုယ်စားလှယ်တွေကို မြန်မာပြည်သို့လွှတ်ပြီး သမ္မတကြီးဦးသိန်းစိန်၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၊ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုကြိမ်ဖန် များစွာပြုလုပ်ခဲ့ပါတယ်။ အခြေအနေ အရပ်ရပ်ကို လေ့လာပြီးသလောက်ရှိချိန် မှာ အမေရိကန်ကုမ္ပဏီတွေက မြန်မာ ပြည်မှာရင်းနှီးမြှုပ်နှံဖို့ကိုတဖြည်းဖြည်းချင်း ပဲ အကောင်အထည်ဖော်တော့မယ့်ပုံပေါ် နေတယ်။ သူတို့အမြင်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေနဲ့ ထိန်း ကြောင်းမှုတွေက မြန်မာပြည်တွင်းကို အလောတကြီးဝင်ရောက်လာဖို့အတွက် အခြေအနေမပေးသေးဘူးလို့မြင်နေကြ တယ်။
နယ်လလ်ဆင်ကတော့ မြန်မာပြည်က ငွေကြေးဆိုင်ရာလုပ်ငန်းတွေထဲမှာ ဘဏ် စနစ်ကတော့အတော်လေးကို ပွင့်လင်းနေ ပြီးဘဏ်လုပ်ငန်းအတွက်အခွင့်အလမ်းတစ် ခုရှိနေပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း ကလည်း လုပ်လို့ကောင်းမယ့်ပုံပေါ်တယ်။ စားသောက်ကုန်စည်အပိုင်းမှာ စိုက်ပျိုး ရေးလုပ်ငန်းအတွက် အခြေအနေကောင်း တွေ ပွင့်လင်းလာနိုင်တယ်။ လျှပ်စစ်လုပ် ငန်းကလည်း အခြေအနေကောင်းနိုင်ပါ တယ်လို့ရည်ညွန်းပြောဆိုခဲ့ပါတယ်။

“ဒါပေမဲ့ခက်နေတာကဖြစ်နိုင်ခြေဆို တဲ့အနေအထားမှာပဲရှိနေသေးတယ်ဆိုတာ ကဆိုးနေတာပါပဲ”တဲ့။ စီးပွားရေးလုပ်ငန်း ရှင်တွေက မြန်မာပြည်ရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုမှာ အကူအညီတွေပေးချင် နေတယ်။ ပြီးတော့ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌရာထူးအတွက်လည်းဝင်ရောက်ဆွေး နွေးပေးချင်တယ်။ ဒါအပြင် ရင်းနှီးမြှုပ်နှံ မှုတွေ၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ သွားချင်တယ်။ ပြီးတော့ လူမှုရေးဆိုင်ရာ ကိစ်္စရပ်တွေမှာလည်း စီမံကိန်းတွေဝင် ရောက်ရေးဆွဲပေးချင်နေကြတယ်လို့ဆို နေကြတယ်။
အမေရိကန်ကုမ္မဏီတွေဖြစ်တဲ့ ကိုကာကိုလာ၊ ဂျီအီး၊ ဂျီအမ်ဖို့ဒ်၊ ဒီလွိုက် တီ၊ အေစီအီး၊ ကေဖီအမ်ဂျီ၊ ဆစ်ကိုတို့ ကတော့ မြန်မာပြည်မှာ ရုံးခန်းတွေဖွင့် ထားကြပြီ။ ရင်နှီးမြှုပ်နှံမှုတွေကို စလုပ် နေကြပြီ။ မြန်မာအစိုးရ၊ စီးပွားရေးလုပ် ငန်းများနှင့် စီးပွားရေးလုပ်ငန်းတွေကြား ထဲမှာ လှုပ်ရှားကြမယ့်ပြည်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေဖို့လိုနေသေး တယ်။ များများစားစားရင်းနှီးမြှုပ်နှံဖို့စေ့ စပ်ဆွေးနွေးမှုတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အမေရိကန်အစိုးရနဲ့ မြန်မာ အစိုးရအကြားကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုသဘောတူညီချက်မူကြမ်း TIFA ကို ရေးထိုးခဲ့တယ်။ ဒါကတော့ နှစ်နိုင်ငံ စီးပွားရေးစင်္ကြန်ကိုတည်ဆောက်လိုက်တာ ပါ။ နှစ်နိုင်ငံပြည်သူများအကြားထိရောက် တဲ့ ဆက်ဆံရေးတွေကိုရရှိဖို့အတွက် တည်ဆောက်လိုက်ခြင်းဖြစ်ပါတယ်။

မြန်မာပြည်မှာစီးပွားရေးလာလုပ်ဖို့ အခွင့်အလမ်းတွေရှိနေတယ်။ ဖြစ်နိုင်ခြေ တွေရှိနေတယ်ဆိုပေမဲ့ အမေရိကန်တွေ ကတော့ အကြီးကြီးတွေလာလုပ်ဖို့အတွက် အတော့်ကို နှေးကွေးနေတာကိုတွေ့နေရ တယ်။ အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှအချက် အလက်များအရ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုက ၂၀၁၃ ပထမဘဏ္ဏာရေး နှစ်မှာ ကန်ဒေါ်လာသန်း ၉၀ လောက် ပဲရှိတာကိုတွေ့ရပါတယ်။

မြန်မာပြည်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို လေ့လာကြည့်တဲ့အခါနိုင်ငံ ၃၂ နိုင်ငံနဲ့ ချိတ်တွယ်ခြင်းမှာ ကန်ဒေါ်လာ ၄၂ ဘီလီယံအထိရှိနေခဲ့ပါတယ်။ ဇွန်လ တစ်လအတွင်း၌ပင်လျှင် ကန်ဒေါ်လာ ၄၂၃ သန်းအထိ ရှိခဲ့ပါတယ်။ အဲဒီရင်းနှီး မြှုပ်နှံမှုပမာဏထဲမှာ ထိုင်းနိုင်ငံကကန် ဒေါ်လာ ၃၇၆ သန်း၊စင်ကာပူက ၂၃.၆ သန်း၊ ဗြိတိန်က ၁၅.၈ သန်း၊ တရုတ်က ၄.၁ သန်းနှင့် အိန်္ဒိယက ၉.၆ သန်းတို့ အသီးသီးရှိခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံ အတွင်းကိုဝင်ရောက်နေတဲ့ အမေရိကန် စီးပွားရေးကပါမွှားအဆင့်ပဲရှိပါသေးတယ်။ အထက်ပါအချက်အလက်များအရအမေရိ ကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုမြန်မာပြည်ကိုဝင် လာခြင်းကနှေးနေသေးတယ်ဆိုကြောင်း ပါ။

မောင်ယဿ
The hot news weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>