Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မိုးထဲလေထဲ လူမှုကွန်ယက်ပွဲ

$
0
0

မိုးထဲလေထဲ လူမှုကွန်ယက်ပွဲ
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ အယူသီးမှုတိုက်ဖျက်ရေးနှင့် ပရဟိတ လူမှု ရေး ဟောပြောပွဲခရီးစဉ်အား ၂၄.၆.၂ဝ၁၃ ရက်တွင် သတ္တမခရီးစဉ်စတင်ခဲ့သည်။ ၎င်းခရီးစဉ်အတွင်း လူမှုရေးဟောပြောပွဲများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်းပညာဒါန မှ နယ်မြို့များ၌ ကိုယ်ထူကိုယ်ထ အခမဲ့ ပညာရေးကဏ္ဍအား တက်စွမ်းသရွေ့ လုပ်ကိုင်နေကြသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အခြားသော ပညာဒါနကျောင်းများရှိ ကျောင်းသား/သူများအတွက် ကျောင်းသုံး ဗလာစာအုပ်များနှင့် စာရေးကရိယာများ လှူဒါန်းခြင်း၊ နယ်ပရဟိတ အသင်းအဖွဲ့များနှင့် ကျေးလက်နေ ပြည်သူအပေါင်းတို့အား မသန့်သောရေမှ သန့်စင်သော သောက်/သုံးရေအား ငွေကြေးကုန်ကျမှုမရှိပဲ ပြုလုပ်သည့် နည်းပညာရပ်များကိုပါ သင်ကြားပို့ချ ပေးနိုင်ခဲ့ပါသည်။

၂၅.၆.၂ဝ၁၃ ရက်နေ့တွင် မန္တလေးမြို့ တောင်စလင်းတိုက်သစ်ရှိ “ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း” တွင် ဖွင့်လှစ်ထားသော ပညာဒါနကျောင်းအတွက်၎င်း၊ “ဇွဲသစ် အခမဲ့ပညာရေးကျောင်း” သို့၎င်း သွား ရောက်၍ ကျောင်းသုံးစာအုပ်များနှင့် စာရေးကရိယာများအားလှူဒါန်းခဲ့ပြီး ည (၇းဝဝ) နာရီအချိန်တွင် စစ်ကိုင်းမြို့ လယ်ကြီးကျေးရွာရှိ “မေတ္တာစေတနာ လူမှုကူညီရေးအသင်း” မှကျင်းပပြုလုပ်သော စာပေ ဟောပြောပွဲတွင် ဦးကျော်သူနှင့် အလင်းဆက်(IR) တို့မှ သိဖွယ်မှတ်ဖွယ် အသွယ်သွယ်တို့အား ဟော ပြောခဲ့ပြီး ၂ဝ၁၃ ခုနှစ်၏ ပြည်သူဂုဏ်ရည် အထူးဆုရှင် အင်ဂျင်နီယာ ဦးသန်းနိုင်မှ သန့်ရှင်းသော သောက် သုံးရေ ရရှိစေရန် သရုပ်ပြသပေးခဲ့သည်။ ၂၆.၆.၂ဝ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ “မြတ်ဒါန-ဆွမ်းလောင်းအသင်း”တွင် ကျင်းပပြုလုပ်သော ပညာဒါနကျောင်းများသို့ စာ အုပ်နှင့် စာရေးကရိယာများ လှူဒါန်းပွဲအခမ်းအနား၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း တို့အား စာအုပ်နှင့် စာရေးကရိယာများအား သက်ဆိုင်ရာကျောင်းအသီးသီးသို့ လှူဒါန်းပေးနိုင်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မတ္တရာမြို့နယ်ရှိ မြန်မာနိုင်ငံ၏ တခုတည်းသော စကျင်ကျောက်များထွက်ရှိရာ၊ ကမ္ဘာတွင် နာမည်ကျော်ကြားသော မြန်မာ့လက်မှု ပန်းတမော့ပညာရပ်အား ရှေးယခင်မှ ယခုတိုင် အစဉ် အဆက် ထိန်းသိမ်းလာခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရာနေရာ တခုဖြစ်သည့် စကျင် ကျေးရွာတွင် ကျင်းပပြုလုပ်သော “သုခကာရီ” ပရဟိတ လူမှုကူညီရေးအသင်း၏ စာပေဟောပြောပွဲတွင် ဥက္ကဌ ဦးကျော်သူ၊ အလင်းဆက်(IR)နှင့် စာရေးဆရာ ဦးဘုန်း(ဓာတု)တို့မှ ဟောပြောခဲ့ကာ အင်ဂျင်နီ ယာ ဦးသန်းနိုင်မှ ရေသန့်စင်နည်းများကို သရုပ်ပြသပေးခဲ့သည်။ ၂၇.၆.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ “နှလုံးလှမေတ္တာ လူမှုကူညီရေးအသင်း” ရုံးဖွင့်ပွဲသို့၎င်း၊ နေ့လည်ပိုင်းတွင် အိုးဘိုရပ်ကွက် “အိုးဘို ပရဟိတ” ဘုန်းတော်ကြီးကျောင်းရှိ ကျောင်သား/သူများအတွက် စာအုပ်နှင့် စာရေးကရိယာများ လှူဒါန်းပွဲသို့၎င်း သွားရောက်ခဲ့ပြီး “နှလုံးလှမေတ္တာ” လူမှုကူညီရေးအသင်းနှင့် “ကလျာဏမိတ္တ” လူမှု ကူညီရေးအသင်းတို့အတွက် လူနာသယ်ဆောင်ရန် (Streachure) များလှူဒါန်းပေးခဲ့သည်။ ယင်းနေ့ ညပိုင်းတွင် မတ္တရာမြို့နယ်ရှိ “ရွှေရုံးပင်” လူမှုကူညီရေးအသင်းသို့ သွားရောက်ကာ ပရဟိတ ဟောပြောပွဲ များအား ဟောပြောပေးခဲ့သည်။ ၂၈.၆.၂ဝ၁၃ ရက်နေ့တွင် မန္တလေးမြို့မှ ထွက်ခွါခဲ့ပြီး နေ့လည်ပိုင်းတွင် မြင်းခြံမြို့ရှိ “အာယုပါလ” ကုသိုလ်ဖြစ်ဆေးခန်းသို့ ဝင်ရောက်လေ့လာခဲ့ကာ ညနေပိုင်းတွင် ညောင်ဦးမြို့ သို့ သံတဲဟိုတယ်သို့ ရောက်ရှိခဲ့သည်။

၃ဝ.၆၂ဝ၁၃ ရက်နေ့တွင် ညောင်ဦးမြို့ ငှတ်ပစ်တောင်ရပ်ရှိ “ဇေတဝန်” ဘုန်းတော်ကြီးကျောင်း တွင် ကျင်းပပြုလုပ်သော စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲ ပထမည၌ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့် အောင်တို့ ဟောပြောမှုအပြီးတွင် ဒါရိုက်တာ ကျော်သူ ရိုက်ကူးခဲ့သည့် အကယ်ဒမီ (၇) ဆုရ “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးအား ပြသပေးခဲ့သည်။ ထို့နောက် ၁.၇.၂ဝ၁၃ ရက်နေ့တွင် ဦးကျော်သူနှင့် အလင်း ဆက်(IR)တို့မှ ဟောပြောမှုအပြီးတွင် “ပုဏ္ဏားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးအား ပြသပေးခဲ့ရာ ပရိသတ် များ အထူးစည်ကား အားပေးခဲ့သည်။ ယင်းနေ့တွင်ပင် ညောင်ဦးမြို့ “ဂရုဏာရှင်” အခမဲ့ဆေးခန်းနှင့် နာရေးကူညီမှုအသင်းတွင် ပြုလုပ်သော ရေသန့်ပြုလုပ်နည်း သရုပ်ပြခြင်းနှင့် ညောင်ဦးမြို့ ကောင်းပင်စည် ကျေးရွာ “ဂရုဏာရှင်” နာရေးကူညီမှုအသင်း ရုံးခန်းဖွင့်ပွဲသို့ ဦးကျော်သူနှင့် ဆရာမ ဒေါ်သန်းမြင့် အောင်တို့မှ အမှတ်တရစကားများ ပြောကြားပေးခဲ့သည်။ ၂.၇.၂ဝ၁၃ ရက်နေ့တွင် နေ့လည်တွင် စလေမြို့ “ပြည်တော်သာစာကြည့်တိုက်” ဖွင့်ပွဲအထိမ်းအမှတ် စာပေဟောပြေပွဲတွင် ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ အလင်းဆက်(IR) တို့မှ ဟောပြောခဲ့သည်။ ထိုနေ့ည (၈း၃ဝ) အချိန်တွင် ချောက်မြို့ “မနောဖြူ” လူမှုကူညီရေးအသင်း သုံးနှစ်ပြည့် အခမ်းအနား စာပေဟောပြောပွဲတွင် ဦးကျော်သူ၊ ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် အလင်းဆက်(IR)တို့မှ ဟောပြေားခဲ့ကြသည်။

ဦးကျော်သူ ဟောပြောနေစဉ် အတွင်း မိုးများရွာသွန်းနေသော်လည်း ပရိသတ်များမှာ မိုးရေထဲတွင် ဇွဲကောင်းစွာနှင့် အားပေးခဲ့ကြသည်။ ထိုဟောပြောပွဲတွင် ဦးကျော်သူမှ “အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သင်္ချိုင်းတွေပျောက်သွားတာ၊ ကျဉ်းမြောင်းလာတာ၊ သင်္ချိုင်းတွေရွှေ့ပြောင်းခံရတာတွေကို သတိထားဖို့ကောင်းပြီ၊ ဘာကြောင့်လဲဆို တော့ သင်္ချိုင်းတွေမှာ သမိုင်းတွေရှိတယ်၊ သင်္ချိုင်းပျောက်တာဟာ သမိုင်းပျောက်တာနဲ့တူတယ်၊ သင်္ချိုင်း အဖျက်ခံရတာဟာ သမိုင်းအဖျက်ခံရတာနဲ့အတူတူပဲ ဒါကြောင့် ကမ္ဘာတည်သရွေ့ မြန်မာ့သမိုင်းရှိနေစေဖို့ သင်္ချိုင်းတွေရှိနေရမယ်၊ အဲ့ဒီသင်္ချိုင်းမှာ သူရဲကောင်းတွေမြှုပ်နှံခဲ့တယ်၊ အဲဒီသင်္ချိုင်းတွေမှာ တိုင်းပြည် အကျိုးပြု ပုဂ္ဂိုလ်တွေ လဲလျောင်းအိပ်စက်နေကြတယ်၊ သင်္ချိုင်းတွေရဲ့ သမိုင်းတန်ဖိုး ဘယ်လောက်ကြီးမား သလဲဆိုတာကိုသိချင်ရင် အီဂျစ်နိုင်ငံကိုပဲကြည့် ပိရမစ်သင်္ချိုင်းကြီးတွေကြောင့် အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုး ဘယ်လောက်ကြီးသလဲဆိုတာ ကမ္ဘာကသိတယ်။ ဒါကြောင့် သင်္ချိုင်းတွေ ထိန်းသိမ်းတာဟာ သမိုင်းကိုထိန်းသိမ်းတာနဲ့ အတူတူပါပဲ။ အမှန်တရားကို ရင်မဆိုင်ရဲခဲ့တဲ့သူတွေဟာ သမိုင်းပျောက်အောင် သင်္ချိုင်းကို ရက်ရက်စက်စက် ဖျောက်ခဲ့ကြတယ် ” ဟုထည့်သွင်းဟောပြောခဲ့သည်။ ယခု ခရီးစဉ်သည် ယခင်ခရီးစဉ်ထက် ပိုပိုထူးခြားခဲ့သည်မှာ ပရဟိတ လူမှုရေးဟောပြောပွဲများအပြင် အနာဂါတ်၏ သား ကောင်း/သမီးကောင်း ရတနာလေးများ၏ ပညာရေးအတွက် စာအုပ်များ၊ စာရေးကရိယာများအား လှူဒါန်း ပေးခဲ့သလို၊ အညာဒေသတွင် ရေကောင်းရေသန့် ရရှိရေးအတွက် ရေသန့်စင်သည့် နည်းပညာရပ်များကိုပါ ပို့ချပေးခဲ့သည့်အပြင်၊ နယ်ဒေသရှိ လူမှုရေးအသင်းအဖွဲ့များနှင့် လူမှုကွန်ရက်များ ချိတ်ဆက်နိုင်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းတွင် လူမှုကွန်ရက်များ တဆင့်ပြီးတဆင့် ချိတ်ဆက်ပြီး တဆင့်တက်၍ ပြည်ပနိုင်ငံ များအထိ တိုးမြှင့်ကာ မြန်မာ့လူမှုကွန်ယက်များ လက်တွဲချိတ်ဆက်နိုင်တော့မည် ဖြစ်တော့သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>