Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗြိတိန်ကယူရိုသန်း ၃၀ မြန်မာနိုင်ငံကို ထောက်ပံ့မည်

$
0
0
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဗြိတိန်နိုင်ငံမှ ယူရိုသန်း ၃၀ ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန်အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းထောက်ပံ့မှုများကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးများ၊ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ရရှိရေးများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည်များအတွက် အစားအစာ၊ ရေ၊ ရွက်ဖျင်တဲများနှင့် လုံလောက်သော အညစ်အကြေးစွန့် စနစ်များ ဖန်တီးပေးရန်အတွက် ယူရို ၁၃ ဒဿမ ၅ သန်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပြုလုပ်မည့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ယူရို ၁၀ သန်း၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယူရို ၅ ဒဿမ ၆၅ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးကဆိုခြင်းဖြစ်သည်။

ထို့ပြင် ဗြိတိန်အစိုးရက မြန်မာနိုင်ငံအစိုးရ အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပွင့်လင်း မြင်သာမှုရှိစေရန်၊ တန်းတူညီမျှမှုရှိစေရန်၊ အကျင့်ပျက်ခြစားမှုများ မရှိစေရန်အတွက် ယူရိုလေးသိန်းငါးသောင်း ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond ကလည်းမြန်မာတပ်မတော်ကို ပြုပြင်ပြောင်းလဲခြင်းနှင့်ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးသည် မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာရေးနှင့် တည်ငြိမ်မှုရရှိလာစေရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝတာဝန်ယူနိုင်သော တပ်မတော်ဖြစ်လာစေရန်အတွက် ဗြိတိန်တပ်မတော်က မြန်မာ့ တပ်မတောfနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ရေးလေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နှင့် သြစတေးလျ အစိုးရတို့က မြန်မာနိုင်ငံရှိ ကလေးနှစ်သိန်းကျော် မူလတန်းပညာ တတ်မြောက်ရေးအတွက် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၁ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း မတ်လအတွင်းက ထုတ်ပြန်ကြေညာထားသကဲ့သို့ ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ၂၀၁၅ ဘဏ္ဍာနှစ်အထိ စတာလင်ပေါင် ၁၈၇ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းအေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်စဉ်က ထုတ်ပြန် ကြေညာခဲ့သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


ရဲချုပ်ကိုအကြံပေးခန့် 


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link