လက်တွေ့ကိုမြင်မိတိုင်း ကြိတ်မနိုင်ခဲမရဖြစ်နေမိတာ...။ တစ်ဆင့်ချင်း... တစ်ဆင့်ဆင်ချင်းပေါ့... ဆိုတဲ့စကားကို ဘယ်လိုနားလည်းရမှန်းမသိဘူး။ (စာကြွင်း)
ပုဂ္ဂလိကကျောင်းကြော်ငြာဆိုင်းဘုတ်တစ်ခုကို ဖတ်မိတယ်။ စိတ်ထဲမှာဝမ်းနည်းသွားတယ်။ တွေးမိတာက ဘာကြီးလည်းပေါ့။ ဒီလိုဆိုင်းဘုတ်တစ်ခုလူတိုင်း မြင်မိတဲ့အခါ ဘယ်လိုတွေးမလဲ။ ၀န်ဆောင်မှုတွေလည်းရေးထားတာပါ တစ်ဆတ်ထဲဖတ်မိတယ်။ ဟင်... ဒါဆိုအခြေခံပညာကျောင်း တွေက ဘာဖြစ်နေလို့လည်း...? အခြေခံကျောင်းတွေက သုံးစားမရလို့ ဒီလိုပုဂ္ဂလိကကျောင်းတွေ ပေါ်လာရတာလား။ ၀န်ဆောင်မှုတွေကလည်း အရမ်းကောင်းတယ်။ ကလေးတစ်ယောက်အတွက် လိုလေးသေးဘာမှမရှိ။ ကျောင်းမှာစာနားမလည်ရင် အိမ်ထိတောင် လိုက်သင်ပေးတယ်ဆိုပဲ။ စိတ်ဝင်စားလို့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းဆက်မေးကြည့်တယ်။ ဒီကျောင်းတွေမှာတက်ရင် ဘယ်လောက်ကုန် ကျနိုင်လည်းပေါ့။ သူငယ်ချင်... အဲ့ဒါတွေကတစ်လတစ်လသိန်းချီပေးရတာကွ။ သာမန်ဆင်းရဲသားတွေ အနားတောင်သီနိုင်မယ်မထင်။
ဒီတော့တွေးမိတယ်... အခြေခံပညာရေးကျောင်းတွေက ဆရာဆရာမတွေအရည်ချင်း မရှိလို့ဒီလိုကျောင်းတွေ ပေါ်လာရတာလား။ အခြေခံပညာရေးကျောင်းတွေက ၀န်ဆောင်မှု ညံ့ဖျင်းတာကြောင့် ဒီလိုပေါ်လာရတာလား။ ဒါကိုဈေးကွက်စီးပွားရေးတစ်ခုအဖြစ် ဖြည့်တွေးလို့ရပေမဲ့... ငွေကြေးချမ်းသာတဲ့ မိဘတွေရဲ့ သားသမီးတွေသူငယ်တန်း၊ မူကြို ကျောင်းတက်ရမဲ့အရွယ်ကတည်းက အဲ့ဒီလိုနေရာတွေပို့ပြီး စာသင်ခိုင်းကြတယ်။ အခြေခံပညာကျောင်းတွေဆိုရင် ဖုတ်လေသည့်ငပိ ရှိတယ်တောင်မထင်။ တချို့ဆို လေယာဉ်နဲ့ ပြည်ပမှာကျောင်းသွားတက်တယ်ဆိုပဲဗျ။ ဒါဆိုရင် အခြေခံပညာကျောင်းတွေမှာ စာမရှိလို့လား။ ဘာလို့ဒီလောက် လူတန်းစားတွေက ကွာသွားတာလည်း။ ဒီနေရာမှာ ဆင်းရဲသားနဲ့ အထက်တန်းလွှာအများကြီးကွာဟနေတာမြင်ရတယ်။ တချို့မိဘတွေဆိုရင် အခြေခံပညာကျောင်းက သားသမီးနဲ့ ကိုယ့်သားနဲ့တောင် တန်းမတူသလို ဆက်ဆံခံရတာ ကလေးတစ်ယောက်ပြောလို့ ကြားဖူးတယ်။ ကျွန်တော်က ၅တန်းဦးလေးရာ... သူကနှစ်တန်းပဲရှိသေးတယ် အင်္ဂလိပ်လိုတွေပြောတတ်တယ်ဗျ။ ကျွန်တော်အဲ့ဒီကျောင်း တက်ချင်တယ်ဗျာတဲ့။ ကျွန်တော်တို့ကျောင်းမှာ ဒီလိုတွေမသင်ဘူးဗျ ကျွန်တော်သူ့ ထက်အတန်းကြီးတယ် သူတို့လိုမတတ်ဘူး။ အမေကလည်း ကုန်စိမ်းတွေပဲရောင်းနေတာပဲ။ မုန့်ဖိုးတောင်မပေးနိုင်ဘူး။ ချဲလေးဘာလေးရောင်း ပြီးကောတဲ့။
ဆိုတော့...ပြည်တွင်းကကျောင်းသားချင်းတောင် ကွာဟမှုကဆင်းရဲသားနဲ့ လူချမ်းသာ ပညာရည်ချင်း ယှဉ်မရသလို။ လက်ရှိပညာရေးစနစ်မှာကော လူချမ်းသာပညာတတ်မိဘတွေကကော..
အခြေခံပညာရေးစနစ်နဲ့ ပြည်တွင်းဘွဲ့ရတွေအပေါ်မှာ ယုံကြည်ကိုးစားမှုတချို့မရှိတော့တာ သိသာနေပါတယ်။ ဒီနိုင်ငံမှာ အခြေခံပညာရေးစနစ် တက္ကသိုလ်ဝင်ပညာရေးစနစ်တွေရှိနေပါရဲ့ ပြည်ပကျောင်းတွေကို ဘာလို့အထင်ကြီး နေရတာလည်း။ ဒီနိုင်ငံထဲကကျောင်းတွေ တက္ကသိုလ်တွေက ဘွဲ့ရသုံးစားမရလို့ ပြည်ပထွက်ပညာသင်စေကြတာလား။ ဆင်းရဲသားအခြေခံလူတန်းစားတွေ၊ ငမွဲတွေ ဒီနိုင်ငံကျောင်းတွေမှာသင်ပါစေ... ငါတို့သားသမီးတွေ ပြည်ပမှာကျောင်းတက်ခိုင်းမယ်။ ထွက်လာတဲ့ဒီကပညာတတ်တွေ ဘွဲ့ရသုံးစားမရတဲ့ကောင်တွေ ဆယ်ယောက်နဲ့ ငါ့သားသမီးတစ်ယောက်ယှဉ် အကွာကြီးကွာတယ်ဆိုတဲ့စနစ်လား။ ကျွန်တော်တွေ့ရသလောက် ပိုက်ဆံချမ်းသာတဲ့ လူတွေရဲ့အပိုင်တွေ လူတန်းစားတွေ ပြည်ပလွှတ်ပညာသင်စေကြတယ်။ အခြေခံလူတန်းစားလောက်ပဲ ပြည်တွင်းပညာရေးသင်ကြတယ်။
အခြေခံပညာရေးကျောင်းတွေမှာ ဆရာဆရာမတွေအပေါ် ကျောင်းတွေအပေါ်မှာ အရည်သွေးမြင့်တက်လာဖို့လိုအပ်ချက်၊ သင်ကြားရေးအထောက်ကူလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်၊ ကျောင်းကျန်းမာရေးတိတိပပလိုအပ်ချက်၊ စည်းကမ်းကောင်းဖို့ အဓိကလိုအပ်ချက်၊ ကျောင်းရဲ့အရည်သွေးနဲ့ စာသင်သားတွေအရည်သွေး တက်လာဖို့ တိတိပပ ကူညီပြတဲ့ ထောက်ပံ့ပြတဲ့ အစိုးရမတွေ့ဘူး။ ဆရာ/ဆရာမတွေအရည်သွေးမြင့်ဖို့ရယ်... လစာလုံလောက်မျှတမှု အသေချာ မပေးနိုင်ဘူး။ လစာနဲ့ အိမ်တွင်း ကုန်ကျစရိတ် မမျှတော့ ဆရာ/ ဆရာမတွေလည်းကျူရှင်ဖွင့်အောက်ဆိုဒ်ရှာ...ဈေးလေးဘာလေးရောင်း...။ကျောင်းကထိုင်ခုံတစ်လုံးကျိုး ဆရာမက ပိုက်ဆံတက်နိုင်ရင် အိပ်စိုက်ပြင်။ မရှိရင် ကျောင်းသားဆီကကောက် တစ်ဆယ်၊ နှစ်ဆယ်။ ပြီးရင် ကောက်တဲ့ဆရာမ တိုင်လို့အလုပ်ပြုတ်။ ဆရာဆရာမတွေ ဆိုတာ စေတနာ ၀ါသနာအနစ်နာအပြည့်နဲ့ပါ။ သူတို့အတွက်လစာလုံလောက်မှုပေးနိုင်မှ ကျောင်းသားလည်း ဂရုစိုက်နိုင်မှာပေါ့။ ခုတော့ဆရာဆရာမတွေလည်း လုံးလည်လိုက်၊ ကျောင်းသာတွေလည်း လုံးလည်လိုက်။
လက်ရှိပညာရေးစနစ်ကျင့်သုံးနေပုံကိုက ကျောင်းဆောက်ပေးတယ်။ စာသင်ကြ... ဆန်ဘယ်နှပြည်...
ယူ။ ကျန်တာလာမမေးနဲ့ ကိုယ်ထူကိုယ်ထလုပ်ကြ။ ကျောင်းစစ်ဆေးရေးဝင်တယ်... အတန်းသားတွေ
ထဲကအတော်ဆုံးတစ်ယောက်နှစ်ယောက် မေးကြဗျူးကြ။ ပြီးရင်... ရုပ်သံမှာလွှင်ပြ။ ဒီကျောင်းကြီးကတော့တိုးတက်နေပါပြီ။ ပညာရေးစနစ်ကြီးကောင်းနေပါပြီ.....။
ဒီမိုး.... ဒီရေ..... ဒီလှေနဲ့ ဆက်လှော်ကြပြီး မြုတ်....။
ပြီးတော့မှ ကွန်ပျူတာကယ်ပါ။ international language ကယ်ပါ။ experience ကယ်ပါ။
အိမ်ကိုကစုတ်ပြတ်သတ်နေပါတယ်ဆိုမှ
ဒေါက်လေးထောက်မယ်။
အမိုးလေးပြင်မယ်။ လုပ်မနေပါနဲ့တော့ တစ်အိမ်လုံးပိုးချကိုက်နေတာ .....။
ပညာရေးဒေါက်တိုင် ဖြုတ်ချိုးခဲ့မှတော့ ဒီမိုးဒီရေ ဒီလူချည်းပါပဲ။
ဥယျာဉ်မှူး