Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတ ဦးသိန်းစိန် နဲ့ဘီဘီစီ မေးမြန်းခန်း (ရုပ်/သံ)

$
0
0


သမ္မတ ဦးသိန်းစိန် လန်ဒန်ရောက်ခိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ တောင်အာရှ အယ်ဒီတာ ဒေါ်တင်ထားဆွေက သီးသန့် တွေ့ဆုံ မေးမြန်း ထားတာ ဖြစ်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း အပိုင်း ၂ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ ကြားက တိုက်ပွဲ တွေ ဖြစ်နေခြင်းဟာ သမ္မတက အမိန့်ပေး ပေမယ့် စစ်တပ် က မနာခံတဲ့ သဘော မဟုတ်ကြောင်း ဖြေကြား ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း အပိုင်း ၂ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ ကြားက တိုက်ပွဲ တွေ ဖြစ်နေခြင်းဟာ သမ္မတက အမိန့်ပေး ပေမယ့် စစ်တပ် က မနာခံတဲ့ သဘော မဟုတ်ကြောင်း ဖြေကြား ပါတယ်။တနိုင်ငံလုံး အတိုင်းအတာ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် နေရာမှာ ကချင် ပြည်နယ် မှာ သေနတ်သံ မကြားရတော့ သလို ကရင် မှာလည်း အေးချမ်း နေတဲ့ အကြောင်း၊ ရှမ်းပြည် မှာ ကြိုကြား တိုက်ပွဲ ဖြစ်နေရ ခြင်းမှာ လက်နက်ကိုင် အဖွဲ့တွေ က ဆက်ကြေး တောင်းတဲ့ အတွက် နယ်မြေ လူထု က ပြောလို့ စစ်တပ် က သွားရောက် ရှင်းလင်း ရကြောင်း၊ ဒါကြောင့် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့နဲ့တိုက်ပွဲတွေ လုံးဝ ပျောက်အောင် လုပ်နေပုံ သမ္မတ က ပြောပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်းမာရေးနဲ့ အသက်အရွယ် အရ ဒုတိယ သမ္မတ သက်တမ်း အတွက် အစီအစဉ် မရှိတဲ့ အကြောင်း၊ လုပ်ပေးလိုတဲ့ အချက်တွေ က ငြိမ်းချမ်းရေး၊ နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်တွေ အတွက် ကောင်းမွန်တဲ့ အနာဂတ် ဖန်တီးရေး စတာတွေ စဉ်းစားပေး နေတဲ့ အတွက် သမ္မတ ဝင်ရွေးမယ် လို့ အတိအလင်း ထုတ်ဖော် ပြောတဲ့ သူရ ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်း စုကြည် ဟာ ပြိုင်ဘက်တွေ မဟုတ် ကြောင်း သမ္မတ ဦးသိန်းစိန် က ဖြေကြားပါတယ်။

မြန်မာနိုင်ငံ ထုတ် ဂျာနယ် စာစောင်တွေ မှာ အတိုက်အခံ တွေ ကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ နဲ့ပတ်သက်လို့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲချိန် မှာ ထိခိုက်မှု ရှိမရှိ ဆိုတဲ့ မေးခွန်းကို ဖြေရာမှာ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ပြုထားတဲ့ အတွက် လူပုဂ္ဂိုလ် တယောက် ကို နစ်နာ ထိခိုက်အောင် ရေးခဲ့ရင် တရား ဥပဒေ အရ အကာအကွယ် ပေးမယ့် အကြောင်း သမ္မတ ဦးသိန်းစိန် က လန်ဒန် ခရီးစဉ် အတွင်း ဘီဘီစီ ရဲ့ သီးသန့် မေးမြန်းခန်း မှာ ဖြေကြား သွားပါတယ်။

ဘီဘီစီ


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>