Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ခေတ်ကို ပြောင်းဖို့ ဘက်ပေါင်းစုံက ကြိုးစားဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ် တိုက်တွန်း (ရုပ်/သံ)

$
0
0



ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်သည် ဒီကနေ့ နေ့လည် ၃နာရီခန့်တွင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည် ။
Burma vj media network

ထွန်းနေအောင်(ရွှေမြစ်မခ)

ဇန်န၀ါ၇ီလ ၁၄၊ ရန်ကုန်မြို့။
ဇန်န၀ါရီလ ၁၂ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာသော ကိုဋ္ဌေးကြွယ်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်အချိန်ခန့်တွင် သူ၏ နေအိမ်၌ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ထောင်ကျခဲ့ရတာနဲ့ ထောင်ထဲမှာ ကြုံခဲ့ရတဲ့ အနေအထားလေး ပြောပြပေးပါ။

ဖြေ။ ။ ထောင်ထဲကကြုံခဲ့ရတဲ့ အခြေအနေတွေကတော့ အများကြီးပေါ့ (၂၀၀၇) ရွှေဝါရောင်သံဃာ့အရေးအခင်း လှုံ့ဆော်ခဲ့ မှု့တွေနဲ့ ပတ်သတ်ပြီးတော့ ထောင်ကျခဲ့ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ပေါ့၊ (၆၅)နှစ်နဲ့ (၆)လ ကျပါတယ်။ ပုဒ်မတွေကတော့ တပ်ချင်တာတွေတပ်နေတာပါပဲ၊(၆)လ ဆိုတာကတရားရုံးမှာ သူတို့ကို ပြန်လှန် မေးခွန်းထုတ်မှု့နဲ့ပါ၊ကိုမင်းကိုနိုင် အပါအ၀င် (၉)ယောက်ဟာ တရားရုံးကို မထေမဲ့မြင်မှု့ ဆိုပြီးတော့ (၆)လထပ်တိုးပါတယ်။

မေး။ ။ ခုလွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ်ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အခု လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသား အပါအ၀င် အဓိက ခေါင်းဆောင် တော်တော်များများပါလာ ပါတယ်။ ခုလိုလွှတ်ပေးခြင်း အပေါ် ၀မ်းသာတယ် ဆိုတာထက် ဒီလွှတ်ပေးမှု့ရဲ့ရလဒ်ကနေ ပေါ်ပေါက်လာမယ့် တိုင်းပြည်ရဲ့ကောင်းကျိုးတွေအတွက် ပိုပြီးတော့ ၀မ်းသာပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာရော ကောင်းတဲ့ ရလာဒ်ပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ပှုးပေါင်းဆောင် ရွက်သွားဖို့ရော အစီစဉ် ရှိ ပါသလား။

ဖြေ။ ။ (၈၈) ထဲက ပှုးပေါင်းဆောင်ရွက်ခဲ့တာပါပဲ၊ ခုမှမဟုတ်ပါဘူး၊ အခု ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်တယ်ဆိုတာကလည်း တိုင်းပြည်ကို လွှတ်တော်ထဲကနေ ညင်သာတဲ့ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားနေတဲ့ ကြိုးစားချက်ဖြစ်ပါတယ်

မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတဲ့ အတွက် ဖြစ်လာနိုင်သော နိုင်ငံရေး အပြောင်းအလဲ။

ဖြေ။ ။ စပါပြီ၊ ပြောင်းလဲမှု့တွေ စပြီလို့တော့ ပြောလို့ရတယ်။

မေး။ ။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေနွေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

တွေ့ဆုံဆွေနွေး၊ အဖြေရှာခြင်းဟာ ကောင်းတဲ့အလုပ်ပါ။ အဲဒီကနေပြီးတော့ ခုလို ရလဒ်တွေ ဆက်တိုက်ထွက်လာတယ်။ ကွာခြားတာက အုပ်ချုပ်ပုံ စနစ်ပြောင်းပြီဆိုတဲ့ဟာကို သတိထားဖို့လိုပါတယ်။ ဟိုတုန်းက စစ်အစိုးရပေါ့။ စစ်အစိုးရရဲ့ဝန်ကြီးချုပ် ဦးသိန်းစိန်၊ အခု ပြည်သူကိုတာဝန်ခံရတဲ့ ဦးသိန်းစိန် နဲ့ အနှစ်သာရခြင်းလည်း မတူပါဘူး။ အသွင်သဏ္ဍာန်ခြင်းလည်းမတူပါဘူး။

မေး။ ။ ဒီမိုကရေစီ နိုင်ငံစစ်စစ်ဖြစ်ဖို့အတွက် ဘယ်အပိုင်းတွေကို အရင်ဆုံး ပြုပြင်သင့်ပါသလဲ။

ဖြေ။ ။ တခွန်းတည်းပြောပြရရင်တော့ တရားမျှတရေးပေါ့။ ဒီကြားထဲမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှု့ရေးတွေမှာ တရားမျှတမှု မရှိဘူး ဆိုရင် ဒီလိုနိုင်ငံကို ဒီမိုကရေစီ ပေးလို့ကိုရမှာမဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာ ပေးပါပေးပါ ဆိုပြီးတောင်းနေရတဲ့ ကိစ္စမဟုတ်ပါဘူး။ကျွန်တော်တို့ နိုင်ငံသားတွေ လက်တွေ့ကျင့်သုံးဖို့လိုပါတယ်။နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးဘာလဲဆိုတာ သိနေရမယ်။ဒီအခွင့်အရေးကို ရယူပြီးတော့ ထိန်းသိမ်းနိုင်စွမ်းလည်း ရှိရပါ့မယ်။ ကိုယ်ကအခွင့်အရေးတော့လိုချင်တယ်။ တာဝန်ယူပြီး မလုပ်ဘူးဆိုရင်လည်း မဖြစ်ပါဘူး။ တာဝန်ခံပြီး၊ တာဝန်ယူပြီး တွဲသွားရမယ်။ အဓိကအားဖြင့် တရားမျှတရေး ရှိမှ ဖြစ်မှာပါ။

မေး။ ။ ပါတီနိုင်ငံရေးမလုပ်ဘဲနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေကို အကြုံပြုစကားလေး ပြောပေးပါ။

ဖြေ။ ။ နိုင်ငံရေးဆိုတာ ပါတီဖွဲ့ပြီးမှ လုပ်ဆောင်ရတဲ့ နိုင်ငံရေးလည်းရှိတယ်။ ဒါကတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊စီမံခန့်ခွဲမှု့ အပိုင်းထိကို သွားဖို့ပေါ့လေ။ လွှတ်တော်ရဲ့ပြင်ပကနေ လူထုကို အခြေခံတဲ့ အဖွဲ့အစည်းတွေ အလုပ်တွေ လုပ်ဖို့ကလည်း အင်မတန်ကို လိုအပ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေ ပြုရေးဆိုတဲ့ (၃) ရပ်နဲ့တင် မလုံလောက်တော့ပါဘူး။ သတင်းမီဒီယာတွေလည်း လိုအပ်ပါတယ်။

မေး။ ။ လက်ရှိ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကို ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေက နိုင်ငံရေးနဲ့ ပတ်သတ်ရင်တော့ အရမ်းနိုးကြားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံ အားလုံး မှာ မြန်မာ ပြည်သူတွေလောက် မတရားမှု့ကိုကျင့်သုံးနေတဲ့ အစိုးရတွေကို စိန်ခေါ်ခဲ့တဲ့ နိုင်ငံ တနိုင်ငံမှ မရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်လို့ ရခြင်ရမယ်၊ ဒါပေမယ့်လို့ ဒီပြည်သူတွေရင်ထဲက အမှန်တရားကို ချစ်တဲ့စိတ်၊ လွတ်လပ်ချင်တဲ့စိတ်၊ လွတ်လပ်မှု့ကို မြတ်နိုးတဲ့စိတ် ဒါတွေကိုတော့ ဖိနှိပ်လို့ မရပါဘူး။ ဒါကို သူရယ် ကိုယ်ရယ်လို့ စဉ်းစားမနေပဲနဲ့ အစိုးရကလည်း အစိုးရအဖွဲ့အစည်းတွေရော အခု နိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ အင်အားစုအားလုံး အသီးသီးဟာ တသားတည်း ခံစားပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အားလုံးစုပေါင်းပြီးတော့ ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။

မေး။ ။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဘာတွေလုပ်ပေးဖို့ ရှိနေပါသလဲ။

ဖြေ။ ။ နိုင်ငံရေး အရအကျဉ်းကျခံခြင်းဆိုတာက နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးပြစ်မှု့ ဆိုပြီးတော့ အကျဉ်းကျခံခြင်းဟာ တိုင်းပြည်မှာ မမျှတတဲ့ စနစ်တွေ ဖြစ်လာတဲ့ အခါမျိုးမှာ စနစ်ရဲ့ သားကောင်တွေ ဖြစ်လာတယ်။ အခု ဗိုလ်ချုပ်ခင်ညွှန့် တချိန်တုန်းက မဟုတ်တဲ့ စနစ်ကို သူတို့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲ့စနစ်က အသားထဲ အသက်လည်း ၀င်သွားတဲ့ အခါမှာ အဲ့ဒီ စနစ်ရဲ့ သားကောင်အဖြစ် ပြန်ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အုပ်ချုပ်ခံရသူတွေပဲ သက်ရောက်တာမဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူတွေ အပေါ်မှာလည်း သက်ရောက်ပါတယ်။ အဲ့လိုမျိုး အခြေအနေတွေပေါ့လေ၊ ဟိုတုန်းကတော့ အာဏာပိုင်စနစ်၊ အဲ့ဒီ အခြေနေတွေကနေခု စနစ်တစ်ခုလုံးပြောင်းနေပြီ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ နိုင်ငံရေး ပုံစံ ပြောင်းနေပြီ၊ ပြောင်းနေပြီ ဆိုတဲ့ အချိန်မှာ နိုင်ငံရေးကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေ မရှိသင့်တော့ဘူး။ စနစ်သစ်ကို လုပ်မယ်ဆိုရင်လည်း တကယ့် အသစ်ပဲဖြစ်စေချင်တယ်။ အဟောင်းကို ပုံစံပြင်တာမျိုး မဖြစ်စေချင်ပါဘူး။ ခုထောင်ထဲမှာ ကျန်နေသေးတယ်။ မလိုအပ်တော့ပါဘူး။ အစိုးရကို ပြောချင်တာက လွှတ်ပေးလိုက်ပါတော့။ မျှတတဲ့နိုင်ငံကို အားလုံး ၀ိုင်းဝန်းပြီးတော့တည်ဆောက်ကြမယ် လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ ခုလက်ရှိ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် တကယ်ဖွံ့ဖြိုးသွားတဲ့ နိုင်ငံတွေရဲ့ထူထောင်ရေးတွေကို ပြန် ကြည့်ကြည့်၊ဘယ်နိုင်ငံမှာ မဆို မီဒီယာ လွတ်လပ်ခွင့်ဆိုတာရှိတယ်။ ဖွံ့ဖြိုးမှု့နဲ့ မီဒီယာဆက်စပ်မှု့ဟာ တသားတည်းလို့တောင် ပြောလို့ရတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ စစ်ရောကြေးတွေ တပုံတပင်နဲ့ တိုင်းပြည်ကို ပြာပုံထဲကနေ ပြန်ပြီးတော့ ရုန်းရတယ်။ အဲ့ဒီ နိုင်ငံဟာကမ္ဘာပေါ်မှာ တခုတည်းသော အနုမြူးဗုံးချခြင်းခံရတဲ့ နိုင်ငံ၊ တိုင်းပြည်က စစ်ရောကြေးတွေနဲ့ ပိနေတယ်။ နေ့တိုင်း ဆန္ဒပြပွဲတွေ ဖြစ်နေတယ်။ နိုင်ငံရေးပါတီ ရာကျော်ရှိနေတယ်။ အဲဒီအချိန်မှာ အာဏာရထားတဲ့ (LPP) ပါတီကလည်းရှိနေတယ်။ မီဒီယာတွေဟာ အစိုးရရဲ့ အခက်အခဲတွေကို ဖော်ပြတယ်၊ စစ်ရောကြေးဘယ်လောက်ရှိနေပြီ၊ ဘယ်လောက်ကြပ်တည်းမှု့ရှိနေပြီ၊ ဒါတွေတိုင်းပြည်ကို သိအောင်ပြောသလို၊ လူထုရဲ့အခက်အခဲတွေ အလုပ်လက်မဲ့နှုန်းတွေ ဘယ်လောက်ရှိနေပြီ၊ ငတ်ပြတ်နေတယ်၊ ဆင်းရဲနေတယ်ဆိုတဲ့ အခြေအနေတွေ ကိုလည်း အစိုးရသိအောင် ပြန်ပြောတယ်၊ မတရားမှု့တွေကိုလည်း ဒီအစိုးရသိမှဖြစ်မယ်၊ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ လူထုရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် မောင်းထိုးပေးရတဲ့ ကိစ္စပါ မီဒီယာလွတ်လပ်ခွင့်ဟာ ခုထက်ပိုပြီးတော့ လွတ်လပ်ဖို့လိုပါတယ်၊ မီဒီယာ လွတ်လပ်ခွင့်ကြောင့် တိုင်းပြည်ဟာကောင်းဖို့ပဲရှိတယ်၊ ဆိုးဖို့မရှိဘူးဆိုတာ ခုအုပ်ချုပ်ရေး အပိုင်းမှာရှိနေတဲ့ သူတွေ ပိုပြီးတော့ သိဖို့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

မေး။ ။ ပြည်သူတွေကို ပြောချင်တဲ့ စကားလက်ဆောင်လေး ရှိရင်လည်းပြောပေးပါဦး။

ဖြေ။ ။ တိုင်းပြည်က အပြောင်းအလဲတွေကို တကယ်သွားနေပါပြီ။ လူထုကလည်း ၀ိုင်းဝန်းပြီးတော့ ပူပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်။

“ဟုတ်ကဲ့ ကိုဌေးကြွယ်ကိုလည်း ကျွန်တော်တို့ ရွှေမြစ်မခက ကျေးဇူးတင်ပါတယ်။”(Shwe Myitmakha Media Group )



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>