Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထိုင်ဝမ်စစ်တပ်ကစစ်သားလေးသေဆုံးမှုအတွက်ပြည်သူကိုတောင်းပန်၊တပ်သားလေးရဲ့မိဘတွေကိုသွားတောင်းပန်တဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ်

$
0
0
လွန်ခဲ့တဲ့ ၁၂ ရက်ကနေ အခုထိ ပြဿနာမပြီးနိင်သေးတဲ့ အမှုတခု ထိုင်ဝမ်မှာ ဖြစ်သွားခဲ့တယ်။ စဖြစ်ကာစကနေ တောက်လောင်လာလိုက်တဲ့ ပြဿနာက အခုချိန်မှာတော့ တော်တော်လေး အရှိန်ရလာပြီ။

အမြှုဖစ်ပုံက စစ်တပ်က တပ်သားတယောက်ကို အပြစ်ပေးရာက စတာပါ။

တပ်သားကို တိုက်ပိတ် တဲ့ အပြစ်ဒဏ်ပေးရာကနေ အဲ့ဒီတပ်သားက သေသွားတယ်။
နဂို အားနည်းနေတဲ့သူက နွေနေပူပူရဲ့ ဒဏ်ကြောင့် အားပြတ်ပြီး သေသွားခဲ့တယ်။
စစ်ဆေးတဲ့အခါမှာ တပ်သားလုပ်မိတဲ့ အပြစ်ဒဏ်နဲ့ ပေးတဲ့ ပြစ်ဒဏ်က မမျှဘူးဆိုတာ ပေါ်လာတယ်။
လူတယောက်လုံး သေသွားတာဆိုတော့ ဒီမိုကရေစီနိင်ငံမှာ ပြဿနာ အကြီးကြီးဖြစ်တော့တာပေါ့။

အဲ့ဒီတပ်က ပေါင်းပြီးအပြစ်ဒဏ်ပေးကြတဲ့ တပ်ကြပ် ၅ ယောက်ကို ချက်ချင်းဖမ်းဆီး စစ်ဆေးတယ်။

တပ်သားလေးရဲ့ အသုဘမှာ ဒူးထောက်တောင်းပန်ပေးကြတယ်။

သမ္မတက ပြည်သူကို တောင်းပန်တယ်။ တပ်သားလေးရဲ့ မိဘတွေကို သွားတောင်းပန်တယ်။

ထိုင်ဝမ် စစ်တပ်ရဲ့ အကြီးဆုံး ရာထူးရှိက ပြည်သူလူထုကို ထွက်တောင်းပန်တယ်။

အမှုဖြစ်ပြီး ၉ ရက်အတွင်းမှာ ပြည်သူလူထုကို ၇ ခါတိတိ ထွက်တောင်းပန်ပြီးပြီ။

သူ အလုပ်က နှုတ်ထွက်ပါ့မယ်လို့ တာဝန်ယူတယ်။

ဒါကိုလည်း ပြည်သူတွေက မကျေနပ်နိင်သေးဘူး။
အခုဆန္ဒပြပွဲတွေ ဖြစ်နေတယ်။

တီဗီအစီအစဉ်မှာ စစ်တပ်က ရာထူးကြီးသမားတွေကို ဖိတ်ပြီး ဆွေးနွေးပွဲလုပ်တယ်။

စစ်တပ်ရဲ့လေ့ကျင့်ပုံတွေ နေထိုင်စားသောက်ရပုံတွေအစ သတင်းသမားတွေကို သတင်းလွှင့်ပေးတယ်။

တပ်ကြပ်တယောက်က လိမ်လည်ပြီး အအေးထွက်ဝယ်ပေးနေလို့ မသိလိုက်တာပါဆိုတဲ့ ထွက်ဆိုမှုကိုလည်း အအေးဆိုင် လမ်းတလျှောက်က CCTV တွေ ပြန်စစ်တယ်။

အခုထိတော့ ပြဿနာက အရှိန်တက်နေဆဲပါပဲ။ ဘယ်သတင်းလိုင်းကို ဖွင့်ဖွင့် အဲ့ဒီ သတင်းက ကြီးစိုးထားတယ်။

........................

ပြောချင်တာက....
ဘယ်နိင်ငံ ဘယ်နေရာမှာမဆို မတရားမှုကတော့ ပျောက်သွားဖို့ မရှိပါဘူး။ ဖြစ်နေအုံးမှာပါပဲ။
ဒါပေမယ့် မတရားမှုတခုဖြစ်ပြီးတဲ့အခါ ခံလိုက်ရတဲ့ ကာယကံရှင်တွေအတွက်
ပြန်လည်ပေးဆပ်မှုက နိင်ငံရဲ့ကျင့်သုံးနေတဲ့ စနစ်အပေါ် မူတည်ပြီး ကွဲပြားသွားကြတယ်။

ကျနော်အခါခါ ပြောဖူးတဲ့ လူ့အခွင့်အရေးဆိုတာ အဲ့ဒါပါပဲ။
လူတယောက်ချင်းစီရဲ့ စိတ်ကို မထိန်းချုပ်နိင်တဲ့အတွက် အမှုအခင်းတွေက ရှိနေမှာပါ။ မတရားခံလိုက်ရသူအတွက် ထိုက်တန်တဲ့ လျှော်ကြေး ၊ ဂုဏ်သိက္ခာမြင့်တင်ပေးမှု ၊ ကျန်ရစ်ခဲ့သူတွေအတွက် နွေးထွေးနှစ်သိမ့်မှု တွေကို တာဝန်ရှိသူတွေက ပြန်ပေးကြရမှာပါ။

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ပြည့်ဝတဲ့ လူ့အခွင့်အရေးဆိုတာ နိင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်။
အဲ့ဒီထဲမှာ ကျနော့်အတွက်လည်းပါတယ်။ မိတ်ဆွေ အတွက်လည်းပါတယ်။ စစ်သားတွေအတွက်လည်း ပါတယ်။

ဘာကြောင့်ဆိုတော့ အားလုံးက လူသားတွေ ဖြစ်နေလို့ပါပဲ။

ညီမျှချေအပေါ်မှာ မတ်မတ်ရပ်နိင်မှ ငြိမ်းချမ်းရေး အသီးအပွင့်ကို လက်လှမ်းနိင်မှာပါ။

....................................

မြစ်ကျိုးအင်း

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>