
Photo..aung thu ya
ယခင်နိုင်ငံရေးအစိုးရခေတ် က ဖ.ဆ.ပ.လ ပါတီနှင့် ပ.ထ.စ ပါတီတို့သည် ပါတီ တစ်ခုနှင့်တစ်ခု မိတ်ဆွေကဲ့သို့ သဘောမထားဘဲ ရန်သူကဲ့သို့ သဘောထားခဲ့ခြင်းကြောင့် တိုင်း ပြည်ဖွံ့ဖြိုးမှုနောက်ကျခဲ့ကြောင်း သူရဦးရွှေမန်းကပြောသည်။ ယခု ခေတ်တွင်လည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ မိတ်ဆွေကဲ့သို့ မဆက်ဆံဘဲ ရန်သူကဲ့သို့ ဆက်ဆံနေမည်ဆိုပါ က တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေ မန်းက နေပြည်တော်တွင်သတင်း ထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသည်။
““ပါတီတစ်ခုနဲ့တစ်ခုရန်သူလို သဘောထားဆက်ဆံနေမယ်ဆို ရင်ပြီးခဲ့တဲ့အတိတ်ကာလအတိုင်း ပဲ နောက်ကြောင်းပြန်လှည့်သွား ဖို့ရှိပါတယ်။ အရင်တုန်းက သာဓကရှိခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ အကြီးဆုံးပါတီ ဖြစ် တဲ့ ဖ.ဆ.ပ.လ ပါတီနဲ့ ပ.ထ.စ ဆိုတဲ့ ပါတီနှစ်ခုဟာ မိတ်ဆွေလိုမဆက်ဆံဘဲ ရန်သူလို ဆက်ဆံခဲ့တဲ့အတွက် တိုင်းပြည် နောက်ကျခဲ့တာတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော် ထဲကို ၀င်တဲ့အခါမှာ ဒီလိုပုဂ္ဂိုလ် မျိုးကို ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ မိတ်ဆွေလိုဆက်ဆံမှာ လား၊ ရန်သူလိုဆက်ဆံမှာလား။ ရန်သူလိုဆက်ဆံနေဦးမယ်ဆိုရင် တိုင်းပြည်ဟာ အရင်တုန်းက အ တိုင်း မကောင်းတဲ့လမ်းကြောင်း ပေါ်ကို နောက်ကြောင်းပြန်လှည့် သွားမှာပါ။ ဒါကြောင့် မိတ်ဆွေ လိုဆက်ဆံတာပါ”” ဟု သူရဦးရွှေ မန်းကပြောသည်။
ယခင်က ဒေါ်အောင်ဆန်း စုကြည်သဘောထားကို မသိရှိ ခဲ့သည့်အတွက် လက်တွဲလုပ်ကိုင် မှု အားနည်းခဲ့သော်လည်း သူမ၏ သဘောထားအား နားလည် သိ ရှိသည့်အခါတွင် ယခင်ကထက် ပိုမိုလက်တွဲဖြစ်ကြောင်း သူရ ဦးရွှေမန်းက ထပ်လောင်းပြော ကြားသည်။
မြန်မာနိုင်ငံတွင် အင်အား အကြီးဆုံးပါတီနှစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးနှင့်NLDတို့သည် လွှတ်တော်ထဲတွင် ကိုယ်စားလှယ် ၀င်ရောက်နိုင်မှုအများဆုံးဖြင့် ရပ်တည်လျက်ရှိသည်။
ဖြိုးအောင်
The hot news weekly