Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားဥပဒေစိုးမိုးမှုလျင်မြန်စေဖို့.....

$
0
0
အခုလက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတဲ့ ဥပဒေ ချိုးဖောက်မှုတွေမှာ အာဏာပိုင်တွေ အရေးယူဖို့ ခက်ခဲနေတဲ့ ကိစ္စတွေကတော့ ငါက ဘယ်သူ့သား၊ ဘယ်သူ့သမီး၊ ဘယ်ဌာနက၊ ဘယ်ဗိုလ်ချုပ်နဲ့ ဘယ်လိုတော်စပ်တာ၊ ဘယ်ပါတီကြီးက (အတိုက်အခံ နာမည်ကြီး ပါတီ) အစရှိသဖြင့် အရှိန်အဝါတွေနဲ့ ကိုင်ပေါက်ကြတာ များပါတယ်....... ဒီအတွက် အစိုးရတစ်ရပ်ရဲ့ ဥပဒေအာဏာကို ဖော်ဆောင်တဲ့ အောက်ခြေ လက်အောက်ငယ်သားတွေခမြာ အခက်အခဲ ကြုံရတာကတော့ အခန့်မသင့်ရင် အလုပ်ပြုတ်မယ့် ကိန်းအထိ ရှိပါတယ်.......

လွှတ်ပေးလိုက်ပြန်ရင်လည်း တရားဥပဒေ စိုးမိုးမှုက ကင်းမဲ့သွားမှာ ဖြစ်နေပါတယ်...... ဒါဖြင့် ဘယ်သူ့ ဘယ်ဝါနဲ့ ပါတ်သက် ပါတ်သက် အကုန်ဖမ်းရမှာ ဥပဒေဘက်တော်သား တာဝန်လေလို့ မေးလာရင်ကော..... ဟုတ်ပါတယ် ဥပဒေဘက်တော်သား တစ်ယောက်ရဲ့ တာဝန်ဟာ ဥပဒေ ဖော်ဆောင်ဖို့ပါပဲ..... ဒါပေမယ့် ပြဿနာက အခန့်မသင့်လို့ အလုပ်ပြုတ်သွားရင် ဘယ်သူက အဲ့ဒိ ဥပဒေဘက်တော်သားအတွက် ရပ်တည်မလဲ ဆိုတဲ့ ကိစ္စပါပဲ....... ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ မလောက်ငှတာလည်း အားလုံး အသိပဲ ဖြစ်ပါတယ်...... ဒီလိုပဲ ဝန်ထမ်းတစ်ယောက်ရဲ့ ရှေ့ရေးဟာ အလုပ်က ပြုတ်သွားတာနဲ့ တည်မြဲမှု မရှိတော့တာကိုလည်း သတိပြုမိဖို့ လိုပါတယ်........

နောက်တစ်ခုက လစ်ရင် သူကြွယ်တောင် ခိုးတယ်ဆိုတဲ့ မြန်မာစကားပုံလည်း ရှိပါတယ်...... လူပြတ်လတ်တဲ့ နေရာတွေမှာ ရာဇဝတ်မှုတွေ ဖြစ်နေတာတွေဟာ ငါလုပ်တာကို လူမသိဘူး၊ သက်သေမရှိနိုင်ဘူးလို့ ယူဆပီးတော့ လုပ်လာတဲ့အတွက်ကြောင့်လည်း အများကြီး ပါဝင်ပါတယ်...... လူတွေက မျက်စိနဲ့ ဒေါက်ထောက် ကြည့်နေတယ်ဆိုရင် ရာဇဝတ်မှု ကျူးလွန်မယ့်သူဟာ တန့်သွားမှာ ဖြစ်သလို၊ ရာဇဝတ်မှု ကျူးလွန်သူကိုလည်း ချက်ခြင်း ခြေရာခံလိုက်နိုင်မှာ ဖြစ်ပါတယ်..... အထူးသဖြင့် မြန်မာနိုင်ငံရဲ့ မြို့ကြီး ပြကြီးတွေမှာ ရာဇဝတ်မှု နည်းနိုင်သမျှ နည်းစေဖို့က ဥပဒေစိုးမိုးမှု ကွန်ယက်ကို ဖြန့်ကျက်နိုင်ဖို့ လိုပါတယ်......

့မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု ကွန်ယက် ဖြန့်ကျက်ရာမှာ အထောက်အကူ အပြုဆုံးကတော့ CCTV လို့ခေါ်တဲ့ လုံခြုံရေး ကင်မရာများပဲ ဖြစ်ပါတယ်..... တစ်နိုင်ငံလုံး မဖြန့်ကျက်နိုင်ရင်တောင် အဓိက နေရာတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားခြင်းအားဖြင့် ရာဇဝတ်မှုတွေကို အထိုက်အလျောက် ကာကွယ်လာနိုင်မှာ ဖြစ်သလို၊ ပြစ်မှုတစ်ခု ဖြစ်လာခဲ့ရင်လည်း တရားခံကို ခြေရာခံဖို့ အလွန် လွယ်ကူလာမှာပါ....... အခုနောက်ပိုင်း အဓိက မြို့ကြီးတွေမှာ ရာဇဝတ်မှုတိုင်း တရားခံကို လျင်လျင်မြန်မြန် ခြေရာခံနိုင်တာ၊ ဖမ်းမိတာတွေဟာ CCTV အကူအညီတွေကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး.....

တစ်ချိန်တုန်းကတော့ အထင်ကရ မြို့ကြီးတွေမှာ CCTV တပ်ဖို့ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်နေမှာပါပဲ...... ဘာလို့လည်းဆိုတော့ တပ်ထားတဲ့ CCTV ကို ဖြတ်ခိုးသွားမှာ စိုးရိမ်နေရတဲ့ အခြေအနေ...... အခုလို ဆင်းကဒ်တွေ ဈေးသက်သက်နဲ့ ချပေးနေတဲ့အချိန်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပီး CCTV တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ Central Control ကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်အောင် လုပ်လို့ ရနေပါပီ.... လက်ရှိ မြန်မာနိုင်ငံ အင်တာနက်ဟာ Backbone ရဲ့ Bottle Neck ကြောင့် နှေးကွေးနေပေမယ့် Inland Intranet ကတော့ မြန်နှုန်းက မြင့်ပီးသား ဖြစ်တဲ့အတွက် ဒါကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်...... တစ်ခုတော့ ရှိပါတယ်.... တစ်ချိန်က မှန်အမည်း တပ်တဲ့ ကားတွေကို သက်ဆိုင်ရာ ယဉ်ထိမ်းရဲတွေက အရေးယူပေမယ့် ၅၁ လမ်းရုံးမှာ တာဝန်ကျ ကွန်ပျူတာ စာရေးကို တစ်လ ငါးသောင်းပေးထားရင် အမှုတက်လာတာနဲ့ အဲ့ဒိ ကားနံပါတ်ကို ဖျက်ပစ်တဲ့ အလေ့အကျင့်မျိုး မဖြစ်အောင်တော့ ကြပ်မတ်ရမှာ ဖြစ်ပါတယ်.....

လျှပ်စစ်မီး မရလို့ CCTV တွေ အလုပ်မလုပ်မှာကိုလည်း စိုးရိမ်ဖို့ အထူးမရှိပါဘူး.... Solar Panel တွေနဲ့ ချိတ်ဆက်ပီး CCTV တွေကို တပ်ဆင်ထားလို့ ရပါတယ်.... ဒီလိုပဲ အရေးကြီး ပွဲတွေမှာ Solar Panel ပါတဲ့ Mobile CCTV တွေကို တပ်ဆင်ထားမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးအတွက် အတော်လေး တာသွားမယ်လို့ မြင်မိပါတယ်..... စင်္ကာပူမှာ လူတွေ ဥပဒေ လိုက်နာတယ်ဆိုတာ CCTV တွေကနေ အရာရာကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့အတွက် ရာဇဝတ်မှု ပြုလုပ်သူတိုင်း ပြေးမလွတ်တာကြောင့် ဆိုရင်လည်း မမှားပါဘူး.....

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေမှာ CCTV တပ်ဆင်ပီး မှုခင်းကျဆင်းရေးကို ဖော်ဆောင်သင့်နေပီလို့ မြင်ပါတယ်..... တစ်နိုင်တစ်ပိုင်အရ မလုပ်နိုင်ဘူး ဆိုရင်တောင် လက်ရှိ ဆန်ရှင်ဖွင့်လာတဲ့နောက်ပိုင်း US, UK တို့ကိုယ်တိုင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို လိုလိုလားလား ရှိနေချိန်မှာ ဒါတွေကို အကောင်အထည်ဖော်ဖို့ အကူအညီတောင်းသင့်တယ်လို့ မြင်မိပါတယ်..... ဒါမှသာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေမှာ မျက်ကွယ်ကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုတွေ လျော့ကျလာမှာ ဖြစ်သလို ပြစ်မှု ကျူးလွန်သူ တရားခံတွေကို လျင်မြန်စွာ ဖော်ထုတ် အရေးယူနိုင်ပါလိမ့်မယ်....... ရာဇဝတ်မှုတွေ ကင်းဝေစေဖို့ ရဲတပ်ဖွဲ့ကိုပဲ ဖိအားပေးနေလို့ မရပါဘူး..... သူတို့အတွက် လုံလောက်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာ ပံ့ပိုးပေးနိုင်ဖို့ လိုတယ်ဆိုတာလေး အသိပေးလိုက်ပါရစေ......

Photo Copied from Internet
Voice of James Mint

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>