Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံအပေါ်စိုးရိမ်စရာများ မကုန်နိုင်သေး

$
0
0

( UPI မှ 29 July 2013 ရက်စွဲပါ “Concerns Linger for Myanmar” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံသည် ယုံကြည်မှုကြောင့် အကျဉ်းကျသူနိုင်ငံရေးအကျဉ်းသားများကို ယခုနှစ်မကုန်မှီ အားလုံးလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ချီးကျူးကြိုဆို ခံနေရသော်ငြားလည်း ပြဿနာရှိနေသေးကြောင်း ကုလသမဂ္ဂအထူး ကိုယ်စားလှယ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၇၃ဦးကို ပြီးခဲ့သောအပတ်ကလွှတ်ပေးခဲ့သည်။ ၂၀၁၀ရွေးကောက်ပွဲ အပြီး စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ်အနေဖြင့် ပြီးခဲ့သောနှစ်ကလည်း နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး၊ ချီးကျူးကြိုဆိုရမည်ဟု မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားက ပြောကြားလိုက်သည်။

“ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှုတွေနဲ့ပတ်သတ်လို့ အများကြီးစိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆက်နွယ်တဲ့ ဖမ်းဆီးမှု၊ အပြစ်ပေးမှုတွေရှိနေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မစ္စတာကင်တာနားက ဆိုပါသည်။

မစ္စတာကင်တာနားက သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်တွင် မြေသိမ်းယူမှုနှင့် ရခိုင်လူ့အခွင့်အရေး အနေအထားဖေါ် ထုတ်သူများ ဖမ်းဆီးခံရမှုကိစ္စများကို တင်ပြဆွေးနွေးသွားမည်ဟု ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည်ဟု သံသယရှိသော နစက နယ်စပ်လုံခြုံရေး ကော်မတီကို ဖျက်သိမ်းရန် မြန်မာအစိုးရက မကြာသေးမီက ဆုံးဖြတ်ခဲ့ခြင်းကို မစ္စတာကင်တာနားက ကြိုဆိုလိုက်ပါသည်။

၎င်းနစကအဖွဲ့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု ပြည်ပအဖွဲ့အစည်းများက ထောက်ပြဝေဖန် ထားပြီး၊ အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုများ ကျူးလွန်သည်ဟု ပြည်တွင်းသတင်းရပ်ကွက်က ဆိုပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း စစ်မှန်သောဒီမိုကရေစီနှင့် အဝေးကြီး လိုသေးသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောထားသော်လည်း၊ အနောက်အုပ်စုအစိုးရများက မြန်မာတို့၏ အပြောင်းအလဲကို အသိအမှတ်ပြုသည့်အနေဖြင့် ယခင်အရေးယူပိတ်ဆို့မှု sanctions များကို ဖြေလျော့ရုတ်သိမ်း နေကြပြီဖြစ်သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>