Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သူရဦးရွှေမန်းပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်း တာဝန်ယူ

$
0
0
ဇူလိုင်လ ၃၁ ရက်နေ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဆီကနေ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်း တာဝန်ယူပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရပြီး လက်ကျန် သက်တမ်း ၂ နှစ်ခွဲကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အတိတ်က မြန်မာနိုင်ငံ အောက်ကျနောက်ကျ ဖြစ်ခဲ့တာတွေကို အပြစ်တင်မယ့်အစား သင်ခန်းစာယူတာ လုပ်ဖို့၊ အရေးတွေ အပြောတွေ ဆောင်ပုဒ်တွေထက် ပြည်ထောင်စုစနစ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီဖြစ်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် နာယက အသစ် သူရဦးရွှေမန်းက ပြောဆိုသွားပါတယ်။

သမ္မတ၊ ဒုသမ္မတတွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ပါ တက်ရောက်တဲ့ လွှတ်တော်နာယက တာဝန်ပြောင်းလဲရယူတဲ့ မိန့်ခွန်းမှာ သူရ ဦးရွှေမန်းက ခုလို ပြောလိုက်တာပါ။

သူက ဆက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အကောင်အထည် ပေါ်လာအောင် တကယ်လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်၊ ပါတီစုံစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို တကယ် ယုံကြည်ကြဖို့ တက်ရောက်လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး ကြေငြာချက်ကို နာယက သူရဦးရွှေမန်းက ဖတ်ပြပြီး လွှတ်တော်ကလည်း ထောက်ခံကြောင်း သဘောထား ပေးခဲ့ပါတယ်။ အဲ့ဒီ့ကြေငြာချက်မှာ သမ္မတ ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို အားပေး ထောက်ခံတဲ့အကြောင်း၊ အပစ်ရပ်ပြီးနောက် ဆက်ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြည်သူတွေ ပါဝင်ဖို့လိုတဲ့အကြောင်း၊ ပြီးခဲ့တဲ့အချိန်က ရခိုင်၊ မိတ္တီလာ၊ ပဲခူးအနောက်ခြမ်းနဲ့ လားရှိုးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ ထပ်ပြီး မဖြစ်ပွားစေရေးအတွက် နိုင်ငံသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေရန်၊ တရားဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်းကြောင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။

DVB TV News

Viewing all articles
Browse latest Browse all 32865

Trending Articles