Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်အမှန်တကယ်ဆန္ဒရှိပါကရက်၃၀သာလိုကြောင်း ဒီမိုခေါင်းဆောင်ပြော

$
0
0

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြည်ထောင်စုအစိုးရအနေဖြင့် ပြင်ဆင်ရန် အမှန်တကယ် ဆန္ဒရှိပါကရက်၃၀ နှင့်ပြီးစီးနိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၁ ရက်နေ့တွင် နေပြည်တော်၌ မီဒီယာများနှင့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

“သက်ဆိုင်ရာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းချင်တယ်ဆိုရင် လပေါင်း ၃၀ မဟုတ်ဘူး။ ရက်ပေါင်း ၃၀ နဲ့တင်ပြီးတယ်။ ဆုံးဖြတ်ချက်ချဖို့သာလိုတာ” ဟု၎င်းက ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော အချို့ပုဒ်မများမှာ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိ ခြင်း၊ ရှေ့နောက် ညီညွှတ်ခြင်းမရှိခြင်း စသည်တို့ကြောင့်ပြင်ဆင်ရန်လိုအပ်နေပြီး ပြင်ဆင်သည့်အခါတွင်လည်း လက်တွေ့ကျစွာဖြင့် ချဉ်းကပ်ဖို့လိုအပ်ကြောင်းနှင့် ပြင်ဆင်လိုသည့် အချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြကာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ချဉ်းကပ်ရာတွင် ပြတ်သားရဲဝင့်ပွင့်လင်းစွာ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်သူလူထုအများစုမှာ ဖွဲ့စည်းပုံအခြေခံတွင် ပါရှိသော အချက်များကို အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုကို ရှင်းလင်းချက်များပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်အတွက် သုံးသပ်ရေးကော်မတီတွင် သူရဦးရွှေမန်း နှင့် မိမိတို့ မပါဝင်သော်လည်း အဆိုပါလေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ပြင်ဆင်ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာ ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်ပြောကြားသည်။

“ဒီကော်မတီထဲမှာ ဦးရွှေမန်းကော ကျွန်မကောမပါဘူး။ ကျွန်မကတော့ ဒီကော်မတီဝင်တွေကို မှန်မှန်ကန်ကန် နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းစံထားနဲ့ မညီရင်ပြောင်း လဲသင့်တယ်ဆိုတာကို ရဲရဲဝံ့ဝံ့ပြောနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုထပ်လောင်းပြောသည်။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးကြီးဆုံးကဏ္ဍတွင်ပါဝင်နေပြီး ယခုအခါတွင် ပိုမို ပြည့်စုံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးမှာ ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အပေါ်တွင် မူတည်နေသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ကို လိုအပ်သလို ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် အဖွဲ့ဝင် ၁၀၉ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကိုဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင်လ ၂၅ ရက်နေ့က အတည်ပြုသဘောတူ ခဲ့သည်။ ထိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကမှ လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က တာဝန်ယူ မည်ဖြစ်သည်။ ကျန်ကော်မတီဝင်များကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလများ ဖြင့် အချိုးကျဖွဲ့စည်းခဲ့သည်။

Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>