Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေးမြို့ရဲ့၈၈အရေးတော်ပုံနိဒါန်းအစမှ ငြိမ်းချမ်းရေးဆရာတော်

$
0
0
ဆရာတော်ကဝိန္ဒဟာမန္တလေးမြို့ရဲ့ ၈၈ အရေးတော်ပုံ နိဒါန်းအစမှာ ငြိမ်းချမ်းရေးစစ်ကြောင်းကို ဦးဆောင်ပြီးတပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီရှိရေး အတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့တဲ့ သံဃာတော်တပါးပါ အဲဒီကာလက ဆရာတော်ရဲ့ သက်တော်ဟာ သုံးဆယ်ကျော်ကျော်ပဲ ရှိပါသေးတယ် စာပေကဗျာအလင်္ကာနဲ့ပျော်မွေ့တဲ့ဆရာတော်ဟာ ကိုယ်
တိုင်လည်းရေးဖွဲ့သီကုံးတတ်ပါတယ်..

ဒီတော့ ၈၈ အရေးပုံကာလရဲ့ နိုင်ငံရေးစင်မြင့်တွေမှာ ဆရာတော်ရဲ့ကဗျာလင်္ကာတွေက လူထုနှလုံးသားကို ဖမ်းစားနိုင်ပြီး လူထုတရပ်လုံး ပါဝင်လာနိုင်အောင် စည်းရုံးနိုင်
ခဲ့တယ်.. ဘုရားကြီးအနောက်၄၅ တာကွင်းကြီးရဲ့ တရားဟောစင်မြင့်ပေါ်မှာမဟာမုနိ တုမရှိသည့်မုနိထွဋ်ထား ရှင်တော်ဘုရားဆိုပြီး မဟာမြတ်မုနိဘုရားကြီး
ကို တိုင်တည်ပြီး ဒီမိုကရေစီတောင်းဆိုမှု တရားတွေ ဟောခဲ့တယ် ...

မန္တလေးတက္ကသိုလ်က ကျောင်သားတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြစစ်ကြောင်းကလူထုကြားထွက်လာတဲ့အခါအစဉ်အလာကောင်းတဲ့မန်းတက္ကသိုလ်
မင်္ဂလာအပေါင်းနဲ့ကမ်းလက်ကြိုဆိုပြီးကြိုဆိုဂုဏ်ပြုခဲ့တယ်..

ရှစ်လေးလုံးအရေးပုံကြီးကိုလည်း ခုလိုဂုဏ်ပြုဖွဲ့ဆိုခဲ့တယ်

သမိုင်းညစ်ကို တိုက်ဖျက်ပစ်
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ကို ဒို့ဖွင့်လှစ်
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်။

သပိတ်အရှိန်အဟုန်မြင့်မားလာပြီးနောက်မှာတော့ အထက်မြန်မာနိုင်ငံ သပိတ်ကော်မတီများရဲ့တပ်ပေါင်းစုဥက္ကဋ္ဌဖြစ်လာပါတယ် ...မန္တလေးနိုင်ငံရေး
အသိုင်းအဝိုင်းမှာ ငယ်ရွယ်ပေမယ့် သြဇာကြီးတဲ့သံဃာတပါးပါ ...

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်အာဏာရှင်တွေက ဆရာတော်ကိုဖမ်းဆီးပြီး ထောင်ချခဲ့တယ်..ကျနော်ဟာ ဆရာတော်နဲ့ အပြင်မှာရင်နီးခင်မင်ခဲ့သလို
ထောင်ထဲမှာလည်း တလျောက်လုံး အတူနေခဲ့ရတယ်။။ဆရာတော်ကအိနြေ္ဒ အင်မတန်ကြီးသလို ဝိနည်းသိက္ခင်္ာကိုလည်းအသက်လောက်တန်ဖိုးထားသူဖြစ်တယ်..

ရန်သူကတောင် လေးစားကြည်ညိုရတဲ့သံဃာတပါးပါ ထောင်ထဲမှာကျန်မာရေးမကောင်းလို့ခဏခဏ ဆေးရုံတက်ရတယ်..
ထောင်လွတ်ပြီး၂၀၀၂ခုနှစ်မှာတော့ ဆရာတော်ဟာပျံလွန်တော်မူခဲ့ပါတယ် ..ခုရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ငွေရတုတိုင်ခဲ့ပါပြီ
ဒီမိုကရေစီရဲ့အရိပ်အရောင်လေးတောင်မှ မြင်တွေ့ခွင့်ရမသွားရှာတဲ့ ဆရာတော်အတွက်ကြေကွဲဝမ်းနည်းမိတယ်ဒါပေမယ့် ကျနော်တို့ရဲ့ရင်ထဲ
မှာ ဆရာတော်ဟာ အမြံရှိနေပါတယ် ..

Cartoon Win Aung

Viewing all articles
Browse latest Browse all 32865

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>